iMyanmarHouse.com - Best Property Website for Myanmar
×














 ၁။ ယောကျာ်းတွေက စိတ်တန်ခိုးမရှိပါဘူး ဒါကြောင့်မိန်းမတွေရဲ့စိတ်ထဲဘာတွေဖြစ်နေလဲဆိုတာမ
သိနိုင်ပါ။

၂။ အမှားလုပ်ပြီး ငိုပြခြင်းသည် ယောကျာ်းများကို အနိုင်ကျင့်ခြင်းဖြစ်သည်

၃။ ဖြစ်ချင်တာလိုချင်တာကို ပွင့်ပွင့်လင်းလင်းပြောပြပါ ။ ရှင်းရှင်းပြောရရင်မသိမသာပြောလို့လဲ ကျွန်တော်တို့က မသိဘူးအရိပ်ပြရင်လဲ ကျွန်တော်တို့က ယောင်ဝါးဝါး
ဒီတော့ အရှင်းဆုံးက ပြောချလိုက်ပါ။

၎။ Yes ဒါမှမဟုတ် No ဆိုတာ ကျွန်တော်တို့အတွက် မေးခွန်းတိုင်းကိုဖြေဖို့ Perfect အဖြစ်ဆုံး
အဖြေပဲ

၅။ ပြဿနာတစ်ခုကိုပြောပြမယ်ဆိုရင် ကျွန်တော်တို့ကို ဖြေရှင်းစေချင်တယ်ဆိုမှပြောပြပါ မပတ်သတ်စေချင်ရင်
အစထဲက ပြောကိုပြောပြမနေနဲ့

၆။ ကျွန်တော်တို့ပြန်ဖြေလိုက်တဲ့အဖြေက ခင်ဗျားအတွက် ခံစားချက် ၂မျိုး ရစေတယ်

အဲ့ဒီထဲက တစ်မျိုးက ၀မ်းနည်းပြီး ဒေါသထွက်စေတယ်ဆိုရင် ကျွန်တော်တို့ဆိုလိုတဲ့အဖြေက အဲ့လို
မခံစားစေလိုတဲ့နောက်တစ်ခုပဲ

၇။ကျွန်တော်တို့ကိုတစ်ခုခုလုပ်စေချင်ရင် တောင်းဆိုနိုင်တယ်ဒါမှမဟုတ်ကျွန်တော်တို့ဘာသာ
ဘယ်လိုလုပ်လိုက်လို့လဲ ပြောနိုင်တယ်ခင်ဗျား တောင်းဆိုချင်သလိုပုံစံရော ကျွန်တော်တို့ကိုယ့်
ဟာကိုယ် လုပ်လိုက်မဲ့ပုံစံကော နှစ်ခုလုံးတော့မရဘူး။

၈။ ဖြစ်နိုင်ရင် TV ကြည့်နေတုန်း စကားပြောချင်တယ်ဆို ကြော်ညာလာနေတဲ့အချိန်မှာပြောပါ။

၉။ CHRISTOPHER COLUMBUS က ညွှန်ကြားချက်နဲ့သွားတဲ့လူမဟုတ်ဘူး ကျွန်တော်တို့လဲတူတူပဲ။

၁၀။ ကျွန်တော်တို့ယောကျာ်းတွေက အရောင် ၁၆ မျိုးလောက်ပဲသိတယ် Window မှာဆို Default Setting လိုပေါ့။မရမ်းဖျော့ရောင်တို့ ဖက်ဖူးစိမ်းရောင်တို့ ရှုပ်ထွေးတဲ့အရောင်တွေကိုမသိလို့ စိတ်မတိုပါနဲ့။

၁၁။ ဘာဖြစ်နေလဲဟင် လို့ကျွန်တော်တို့မေးတဲ့အခါ ဘာမှမဖြစ်ဘူးလို့ ခင်ဗျားပြန်ဖြေတယ်ဆိုရင်
ဟုတ်ပြီ ဘာမှမဖြစ်ဘူးလို့ပဲ သတ်မှတ်လိုက်တယ် . တစ်ကယ်တော့ ခင်ဗျားတစ်ခုခုဖြစ်နေတယ်ဆိုတာ
ကျွန်တော်တို့သိတယ် .. ဒါပေမဲ့ အဲ့တာကို မရမချင်း မေးဖို့ စိတ်မရှည်ဘူးဗျ။


၁၂။ ခင်ဗျားကိုယ်တိုင်မဖြေချင်တဲ့ မေးခွန်းမျိုး ကျွန်တော်တို့ကိုမေးတဲ့အခါ ကျွန်တော်တို့ဖြေမဲ့အဖြေကလဲ
ခင်ဗျားကြားချင်တဲ့ အဖြေမျိုးမဖြစ်နိုင်ဘူးဆိုတာကြိုသိထားပါ။

၁၃။ ခင်ဗျားမှာ အ၀တ်စားတွေအများကြီး ။ ဖိနပ်တွေအများကြီး ရှိပါတယ် မရှိဘူးလို့ မငြီးနဲ့ ဟုတ်တယ်မလား။ဒီစာကို ယောကျာ်းတွေဖတ်ရအောင်ဝေမျှလိုက်ပါ – သူတို့ရယ်ကြလိမ့်မယ်
ဒီစာကို မိန်းမတွေဖတ်ရအောင်ဝေမျှလိုက်ပါ – တချို့တွေ စိတ်ဆိုးကြလိမ့်မယ် ဒါပေမဲ့ တစ်ချို့ကတော့ ယောကျာ်းတွေထက်တောင်ပိုရယ်ကြလိမ့်မယ်
ဘာလို့လဲဆိုတော့ အကုန်လုံးအမှန်တွေကြီးပဲကိုးဗျ။

Credit : Jay Ki

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top