iMyanmarHouse.com - Best Property Website for Myanmar
×











မိမိရွေးချယ်လိုက်တဲ့ အ၀တ်အစားနဲ့မိတ်ကပ်တွေဟာ မိမိကို ငယ်စေ၊နုစေ၊ ဖက်ရှင်ကျစေနိုင်သလို ဆန့်ကျင်ဘက်အမြင်တွေကိုလည်း ထွက်စေနိုင်ပါတယ်။ နုစေချင်လို့ ၀တ်ခါမှ ပိုပြီး အိုမင်းရင့်ရော်စေတယ်ဆိုရင် အဲဒီစတိုင်မျိုးကို ရှောင်ကြဉ်သင့်တာပေါ့။ ကျွန်မတို့အမျိုးသမီးတွေ သတိထားသင့်တဲ့ အိုမင်းရင့်ရော်စေတဲ့မိတ်ကပ်နဲ့ ဖက်ရှင်တွေကို ကျွမ်းကျင်ပညာရှင်တွေက သတိပေးထားပါတယ်။ အဲဒါတွေကတော့….

၁။ ခေတ်ဆန်လွန်းတဲ့အ၀တ်များ ၀တ်ခြင်း
ကိုယ့်မှာ အကန့်အသတ်မဲ့ဘတ်ဂျက် မထားနိုင်ဘူးဆိုရင် ခေတ်ပေါ်ဒီဇိုင်းဆိုတာတွေကို တအားကြီး မ၀ယ်သင့်ပါဘူး။ ဒီဇိုင်းဆန်းဆိုတာ ခဏသာခံပြီး မကြာခင် ပြန်ရိုးသွားမှာဖြစ်တဲ့အတွက် သင့်မှာလည်း ဒီဇိုင်းရိုးကြီးသာ အဖတ်တင်ပါလိမ့်မယ်။ ဒီလိုပြောလို့ ပုံတုံးချည်းတွေကိုပဲ ၀တ်ရမယ်လို့ မဆိုလိုပါဘူး။ အမြဲသပ်ရပ်ကျော့မော့နေမယ့်၊ မရိုးမယ့် အ၀တ်အထည်ကောင်းကောင်းတွေကို ၀ယ်ဝတ်ခြင်းဖြင့် ကိုယ့်ကိုကိုယ် ဖက်ရှင်ကျတယ်လို့ ခံစားရစေပြီး အများအမြင်မှာလည်း အမြဲခေတ်မီနေပါလိမ့်မယ်။

၂။ အ၀တ်အထည်များကို အစွဲအလမ်းထားလွန်းခြင်း
“အမျိုးသမီးတွေရဲ့ ဗီရိုထဲမှာ သူတို့နဲ့မတော်တဲ့ ၀တ်စုံတွေအများကြီးတွေ့ရတယ်” လို့ ဖက်ရှင်ကျွမ်းကျင်သူ အယ်လင်က ပြောပြပါတယ်။ တချို့အင်္ကျိတွေက သိပ်ကြီးလွန်းနေပြီး တချို့ဟာတွေကျ သိပ်သေးလွန်းနေတယ်။ ဒါပေမယ့် သူတို့က အဲဒီအ၀တ်အစားတွေကို မပစ်ရက်ကြဘူး။ ဈေးကြီးပေးထားရတာ၊ တစ်ခုခုနဲ့သက်ဆိုင်နေတာ စသည်ဖြင့် အစွဲအလမ်းတွေရှိကြလို့ပဲလို့ သူက ပြောတယ်။ အဲဒါကြောင့် အပ်ချုပ်ဆိုင်မှာ ချုပ်တာက ကိုယ့်အတွက် ရယ်ဒီမိတ်တွေထက်ပိုပြီး ယုံကြည်မှုပိုစေသလို အခုလို ၀တ်မရတဲ့ပြသနာမျိုးလည်း မဖြစ်တော့ဘူးပေါ့။ တကယ်လို့ အ၀တ်ဗီရိုမှာ အဲဒီလိုအ၀တ်မျိုးတွေ များနေပြီဆိုရင် လှူပစ်၊ ဒါမှမဟုတ် အဟောင်းဈေးနဲ့ ရောင်းပစ်၊ တကယ်လို့ မရောင်းရက်တဲ့ဝတ်စုံမျိုးဆိုရင်လည်း ထုပ်ပိုးပြီး သေချာသိမ်းဆည်းထားလိုက်ပါ။ ဒါမှ ကိုယ့်ဗီရိုမှာ ဖက်ရှင်မကျတဲ့အင်္ကျိတွေကို ရှင်းထုတ်နိုင်မှာပါ လို့ သူက အကြံပေးပါတယ်။

၃။ဆံပင်ရှည်ထားလွန်းခြင်း
ဆံပင်ကောက်တာက လူငယ်တွေအလုပ်၊ ဆံပင်တိုက ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ထားတာလို့ အမျိုးသမီးတွေက ယူဆကြပါတယ်။ ဒါကြောင့်လည်း အသက်ရလာရင် ဆံပင်ရှည်မလို့ ယုဆကြတယ်။ ဒါပေမယ့် အသက်ကြီးလာပြီး မျက်နှာပေါ်က အဆီတွေ ခမ်းလာတဲ့အခါ ဆံပင်ရှည်ဖြောင့်ဖြောင့်နဲ့ဆိုရင် မျက်နှာပိုပြီး ရှည်တောက်တောက် ဖြစ်သွားပြီး အိုမင်းတဲ့ပုံပေါက်စေပါတယ် လို့ နယုးယောက်က အလှကုန်ပညာရှင် မယ်လင်နီ ဂလော့စမန်းက ပြောပါတယ်။

၎။အိုင်းလိုင်နာအနက်ကို ထူထူသုံးခြင်း
အမျိုးသမီးတွေ အသက်ရလာချိန်မှာ မျက်တောင်တွေ လျော့ပါးလာလို့ ဒါကိုဖုံးကွယ်ဖို့ အိုင်းလိုင်နာ အနက်ကို သုံးကြပါတယ်။ ဒါပေမယ့် ဒီလိုသုံးခြင်းကြောင့် မျက်လုံးဘေးက အရေးအကြောင်းတွေကို လူတွေ သတိထားမိစေပါတယ်။ တကယ်လို့ အိုင်းလိုင်နာသုံးမယ်ဆိုရင် အနက်အစား အညိုရင့်၊ မီးခိုး သုံးဖို့၊ နည်းလေ ကောင်းလေဆိုတာ သတိရဖို့ မိတ်ကပ်ပညာရှင် ပင်းက သတိပေးထားပါတယ်။

၅။ လက်နဲ့လည်ပင်းများကို လျစ်လျူရှုထားခြင်း
မျက်နှာကို နေလောင်ခံလိမ်းဆေး နေ့တိုင်းလိမ်းတယ်ဆိုရင်တောင် တခြားကိုယ်အစိတ်အပိုင်းတွေကို မေ့လျော့နေတတ်ကြပါတယ်။ လည်ပင်း၊ လက်တွေဟာ နေလောင်ဒဏ်ကို နေ့တိုင်းခံနေရပြီး အမျိုးသမီးတွေ ဂရုမစိုက်မိကြပါဘူး။ ဒီတော့ မျက်နှာလေးက နုပုံပေါက်နေရင်တောင် ဒီနေရာတွေက အိုမင်းမှုကို ထုတ်ပြနေမှာပါပဲ။ ပုံမှန် လိုးရှင်းလိမ်းတဲ့အပြင် အစိုဓါတ်ထိန်းကရင်လိမ်းခြင်းဖြင့် အသားအရေစိုလက်ချောမွေ့ပြီး နုပျိုစေပါလိမ့်မယ်။

၆။အ၀တ်အစား ချောင်လွန်း၊ ကျပ်လွန်းခြင်း
အလွန်အကျွံချောင်တဲ့၊ ကျပ်တဲ့အ၀တ်အစားတွေဟာ အကြည့်ရဆိုးစေပါတယ်။ တကယ်လို့ အဲဒါတွေဝတ်ပြီး နေရထိုင်ရကောင်းတယ်၊ ယုံကြည်စိတ်တိုးစေတယ်ဆိုရင် ၀တ်ပါ။ ဒါပေမယ့် ကိုယ့်ကိုကိုယ် ငယ်ပုံပေါက်အောင်လို့ ၀တ်မယ်ဆိုရင်တော့ တခြားလူတွေက ကိုယ်နဲ့အမြင်ချင်းတူမှာ မဟုတ်ဘူးဆိုတာ သတိရပါလို့ စိတ်ပညာရှင် ဂျနီဖာ ဘမ်ကာတာက အကြံပြုထားပါတယ်။

၇။ နှုတ်ခမ်းနီရင့်ရင့်ဆိုးခြင်း
တောက်ပတဲ့ နှုတ်ခမ်းတစ်စုံဟာ ကိုယ့်၇ဲ့အလှအပကို လှစ်ဟပြ၇ာေ၇ာက်ပေမယ့် တောက်လွန်း၊ ရင့်လွန်းတဲ့ နှုတ်ခမ်းနီက နှုတ်ခမ်းဘေးက အရေးအကြောင်းတွေကို လူသိစေပါတယ်။ Gloss လို့ခေါ်တဲ့ နှုတ်ခမ်းနီအဆီကို ဆိုးခြင်းဖြင့် အသက်ကြီးလို့ နှုတ်ခမ်းသေးငယ်သွားတာကို ဖုံးကွယ်ပြီး ပြည့်တင်းတဲ့နှုတ်ခမ်းသားလို့ အထင်ရောက်စေပါတယ်။

၈။ အောက်ခံမိတ်ကပ်များလွန်းခြင်း
အရေးအကြောင်းတွေကို ဖုံးကွယ်ဖို့ အောက်ခံမိတ်ကပ် ထူထူလိမ်းကြတဲ့အခါ အဲဒီအရေးအကြောင်းတွေက ပိုထင်းလာတတ်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့နေရာကိုသာ ကွက်ပြီး လိမ်းဖို့၊ ကွန်စီလာသုံးဖို့၊ ပါးပါးလိမ်းဖို့ ပင်းက အကြံပြုထားပါတယ်။

၉။ အိုင်းရှဲဒိုးအပြောင်အလက်များကို သုံးခြင်း
ကိုယ့်ရဲ့ရည်ရွယ်ချက်က နုပျိုပုံပေါက်စေဖို့စေရင် တောက်ပတဲ့အိုင်းရှဲဒိုးတွေကို ရှောင်ပါ။ အဲဒါတွေက မျက်လုံးအရေးအကြောင်းတွေကိုသိသာစေပါတယ်။ တကယ်လို့ ပြောင်ပြောင်လက်လက်တွေကို ကြိုက်သပဆိုရင် မျက်ခွံအတွင်းထောင့်မှာ နည်းနည်းထည့်နိုင်ပါတယ်။

၁၀။ လူငယ်ပုံ ၀တ်စားလွန်းခြင်း
ကိုယ့်သမီးအရွယ်လောက်ဝတ်တဲ့ အ၀တ်ကို ၀တ်စားနေပါသလား။ လူတွေကတော့ လှမ်းကြည့်လိမ့်မယ်။ ဒါပေမယ့် ကိုယ် အထင်ခံစေချင်တဲ့ အတွေးမျိုးနဲ့တော့ မဟုတ်ပါဘူး။

၁၁။အပေါ်နဲ့အောက် မလိုက်မဖက်ဝတ်ဆင်ခြင်း
အပေါ်နဲ့အောက်ကို မလိုက်မဖက် ၀တ်တာဟာ အသက်အရွယ်အားလုံးအတွက် ကြည့်မကောင်းသလို အသက်ကြီးသူတွေကို ပို ရင့်ရော်စေပါတယ်။ အပေါ်က အကျပ်၊ ကွက်တိအကျီဝတ်ထားမယ်ဆိုရင် အောက်က ပွပွချောင်ချောင်ဝတ်ဆင်ခြင်းဖြင့် မြင်ရတာ အဆင်ပြေသလို လူမမြင်စေချင်တဲ့ ဗိုက်လို၊ ခါးလို နေရာတွေကို ဖုံးကွယ်ပြီးသားလည်း ဖြစ်သွားပါလိမ့်မယ်။

Credit : စုပြည့်စုံ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top