iMyanmarHouse.com - Best Property Website for Myanmar
×









လက်ရှိအချစ်ရေးက ချစ်သူသက်တမ်း ၃ နှစ်ကျော်နေပြီလို့ ပွင့်လင်းစွာ ဖွင့်ဟလာတဲ့ သန္တာဗိုက "အချစ်ရေးကတော့ အေးအေးဆေးဆေး ပါပဲ။ ညီမက စကားနည်းတယ်။ သူကတော့ အရှည်ကြီး ပြောတတ်တယ်။ တခါတလေ ညီမနဲ့လဲ တိုင်ပတ်တယ်။ အခုတော့ ချစ်သူသက်တမ်း သုံးနှစ်ကျော်ပြီ" လို့ ဖွင့်ဟသွားပါတယ်။

လက်ရှိမှာ ရှိုးပွဲတွေလျှောက်ပေးဖို့ ရှိတဲ့အပြင်၊ နောက်လထဲမှာ Miss Universe ပုသိမ်အတွက် Trainer သွားလုပ်ပေးရမယ့် သန္တာဗိုက သူမရဲ့ထွက်ဖို့ကြာနေပြီဖြစ်တဲ့ နားလည်ပေးပါကို ဗီစီဒီအကြောင်းကိုတော့ "အခွေအတွက်က သုံးပုဒ်လောက်ပဲ ကျန်တော့တယ်။ ဒီကြားထဲမှာ ရိုက်ထားပြီးသားထဲက တစ်ပုဒ်ကို အွန်လိုင်းမှာတင်ဖြစ်မယ်။ ပရိသတ်တွေ အတွက်ပေါ့။ ပြေတီဦးနဲ့ မအူဝဲတို့သရုပ်ဆောင်ထားတဲ့ အိမ်ဆိုတဲ့ သီချင်းလေးကို တင်မှာပါ။ ဗီစီဒီထဲမှာ ပါဝင် သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေကတော့ အောင်ရဲလင်း၊ နေမင်း၊ ဇေရဲထက်၊ ထွန်းကိုကို ၊ တက်နေ၊ အလင်းရောင်၊ ကိုပြေတီဦး။ မအူဝဲ၊ မယ်လိုဒီပါတယ်။

 မော်လ်ဒယ်တွေထဲမှာ ဆိုရင် ခင်ရူပ၊ ခိုင်သဇင်ငုဝါ၊ အောင်လေးတို့ပါတယ်။ ညီမသီချင်းလေးတွေကအေးတဲ့အတွက် အရမ်းဆန်းဆန်းပြားပြားကြီး ရိုက်လို့မရဘူး။ အတတ်နိုင်ဆုံးကြိုးစားပြီးတော့ ဆန်းဆန်းလေးဖြစ်အောင်တော့ လုပ်ထားတယ်။ အခုအမ်တီဗီတွေဆိုရင်လဲ တစ်ရက်နဲ့မပြီးဘူး။ နှစ်ရက်၊ သုံးရက် ရိုက်ရတယ်။ ညီမအခွေဆိုရင်လဲ ကိုယ်ကိုတိုင် ထုတ်ရိုက်ရတာဖြစ်တဲ့အတွက် ပိုက်ဆံစုလိုက်၊ ရိုက်လိုက်နဲ့ နဲနဲကြာနေတာပါ။  ဒီအမ်တီဗီလေးနဲ့ပတ်သက်ပြီးကတော့ ဖေ့စ်ဘွတ်ခ်မှာလဲ မထွက်သေးဘူးလားလို့အရမ်းမေးကြတယ်။ ညီမကိုယ်တိုင်လဲ အမြန်ဆုံး ထွက်နိုင်အောင်ကြိုးစားနေပါတယ်။ စောင့်ပေးကြတဲ့ ပရိသတ်တွေကိုလဲ ကျေးဇူးအများကြီး တင်ပါတယ်။ အားလဲ နာပါတယ်။ အမြန်ဆုံးထွက်နိုင်အောင်လဲ ကြိုးစားနေပါတယ်"တဲ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top