iMyanmarHouse.com - Best Property Website for Myanmar
×










ေလ့က်င့္ခန္းလုပ္ျခင္းဟာ သင့္ရဲ႕ ၾကြက္သားေတြကို ႀကီးထြားလာေစႏိုင္တယ္ဆိုတာ အားလံုးသိၾကတဲ့ အတိုင္းပါပဲ။ အခုတစ္ေခါက္ ေလ့လာမႈတစ္ခုက ရွာေဖြေတြ႕ရွိခဲ့တာကေတာ့ ေလ့က်င့္ခန္းလုပ္ျခင္းဟာ ၾကြက္သားေတြတင္မကပဲ သင့္ရဲ႕ ဦးေႏွာက္ကိုပါ ႀကီးထြားေစႏိုင္တယ္ ဆို္တာပါပဲ။
ရုပ္ပိုင္းဆို္င္ရာ လႈပ္ရွားမႈေတြဟာ ဦးေႏွာက္ရဲ႕ ပင္မအာရံုေၾကာစနစ္မွာ အေရးအပါဆံုုး အစိတ္အပိုင္းျဖစ္တဲ့ Grey Matter ရဲ႕ ပမာဏကို ႀကီးထြားလာေစႏိုင္တယ္လို႔ Health Day News သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

အဲဒီလိုဦးေႏွာက္ထဲမွာ ေျပာင္းလဲမႈေတြ ျဖစ္ေပၚျခင္းဟာ မူးလဲတတ္ျခင္းကိုေလ်ာ့ခ်ေပးသကဲ့သို႔ ေရရွည္မွာ က်န္းမာေရးအတြက္ ေကာင္းက်ိဳးေတြလည္း ရရွိေစႏိုင္ပါတယ္။ အသက္ႀကီးလာတဲ့အခါမွာ ေလျဖတ္ ျခင္း မလႈပ္ရွားႏိုင္ျခင္းတို႔ အတြက္လည္း ျဖစ္ႏိုင္ေခ် ေလ်ာ့က်ေစႏိုင္ပါတယ္။

ဒါ့အျပင္ ႏွလံုးေရာဂါ ျဖစ္ပြားႏႈန္းနည္းေစျခင္း ၊ ပိုမိုေကာင္းမြန္ေသာမွတ္ဥာ
ဏ္ နဲ႔ အေတြးအေခၚရရွိေစႏိုင္ျခင္း ၊ ဆီးခ်ိဳေသြးခ်ိဳေရာဂါ မွာကာကြယ္ေပးႏိုင္ျခင္းစတဲ့ က်န္းမာေရး ေကာင္းက်ိ္ဳးေတြကိုလည္း ေလ့က်င့္ခန္း လုပ္ျခင္းက တစ္ဆင့္ ရရွိႏိုင္မွာ ျဖစ္ပါတယ္။
ဒါေပမယ့္လည္း ဒီေလ့လာမႈကို ဦးေဆာင္တဲ့ ဖင္လန္ႏိုင္ငံ Jyvaskyla တကၠသိုလ္ က ေဒါက္တာ အာဟိုကူဂ်ာလာနဲ႔ သူ႔ရဲ႕ အဖြဲ႔၀င္ေတြ က ျပဳလုပ္ခဲ့တာပဲျဖစ္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version
လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ရဲ့ ကြွက်သားတွေကို ကြီးထွားလာစေနိုင်တယ်ဆိုတာ အားလုံးသိကြတဲ့ အတိုင်းပါပဲ။ အခုတစ်ခေါက် လေ့လာမှုတစ်ခုက ရှာဖွေတွေ့ရှိခဲ့တာကတော့ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကြွက်သားတွေတင်မကပဲ သင့်ရဲ့ ဦးနှောက်ကိုပါ ကြီးထွားစေနိုင်တယ် ဆိုတာပါပဲ။
ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေဟာ ဦးနှောက်ရဲ့ ပင်မအာရုံကြောစနစ်မှာ အရေးအပါဆုံုး အစိတ်အပိုင်းဖြစ်တဲ့ Grey Matter ရဲ့ ပမာဏကို ကြီးထွားလာစေနိုင်တယ်လို့ Health Day News သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အဲဒီလိုဦးနှောက်ထဲမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်ခြင်းဟာ မူးလဲတတ်ခြင်းကိုလျော့ချပေးသကဲ့သို့ ရေရှည်မှာ ကျန်းမာရေးအတွက် ကောင်းကျိုးတွေလည်း ရရှိစေနိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါမှာ လေဖြတ် ခြင်း မလှုပ်ရှားနိုင်ခြင်းတို့ အတွက်လည်း ဖြစ်နိုင်ချေ လျော့ကျစေနိုင်ပါတယ်။

ဒါ့အပြင် နှလုံးရောဂါ ဖြစ်ပွားနှုန်းနည်းစေခြင်း ၊ ပိုမိုကောင်းမွန်သောမှတ်ဉာ
ဏ် နဲ့ အတွေးအခေါ်ရရှိစေနိုင်ခြင်း ၊ ဆီးချိုသွေးချိုရောဂါ မှာကာကွယ်ပေးနိုင်ခြင်းစတဲ့ ကျန်းမာရေး ကောင်းကျိုးတွေကိုလည်း လေ့ကျင့်ခန်း လုပ်ခြင်းက တစ်ဆင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒီလေ့လာမှုကို ဦးဆောင်တဲ့ ဖင်လန်နိုင်ငံ Jyvaskyla တက္ကသိုလ် က ဒေါက်တာ အာဟိုကူဂျာလာနဲ့ သူ့ရဲ့ အဖွဲ့ဝင်တွေ က ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top