မွေးရပ်မြေမှာ ကျူးလွန်ခဲ့တာတွေကို ဝန်ခံခဲ့တဲ့ ဂျပ်စတင်ဘီဘာ
အဆိုတော်ဂျပ်စတင် ဘီဘာက ၎င်း၏မွေးရပ်မြေ ကနေဒါနိုင်ငံ အွန်တာရီယိုဒေသ စထရက်ဖို့ဒ်မြို့၌ ကျူးလွန်ခဲ့သော ကိုယ်ထိလက်ရောက်တိုက်ခိုက်မှု နှင့် ရမ်းကားမောင်းနှင်မှု စွဲချက် များတွင် အပြစ်ရှိကြောင်း ဇွန်လ ၄ ရက်က ဝန်ခံခဲ့သည်။
ယင်းဖြစ်ရပ်မှာ ပြီးခဲ့သည့်နှစ် သြဂုတ် ၂၉ ရက်က ဂျပ်စတင် ဘီဘာ၏ မော်တော်ကားနှင့် ဓာတ်ပုံသတင်းထောက်တစ်ဦး၏ မော်တော်ကားတို့ တိုက်မိခဲ့ခြင်း ဖြစ်သည်။ ဂျပ်စတင်ဘီဘာနှင့် ဓာတ်ပုံသတင်းထောက်တို့မှာ စကားများရန်ဖြစ်ခဲ့ပြီး ယင်းရန်ပွဲကြောင့် ဂျပ်စတင်ဘီဘာဖမ်းဆီး ခံခဲ့ရသည်။
ဂျပ်စတင်ဘီဘာသည် ယခု အမှုကို ကနေဒါတရားရုံး၌ လူ ကိုယ်တိုင်လာရောက်စစ်ဆေးခံ ခြင်းမရှိဘဲ ၎င်း၏ရှေ့နေရုံးခန်း တွင်း Skype မှတစ်ဆင့် ကြားနာ စစ်ဆေးခံခဲ့သည်ဟု TMZ သတင်းကဖော်ပြသည်။ အပြစ်ရှိကြောင်း ဂျပ်စတင်ဘီဘာဝန်ခံထွက်ဆိုမှု ကို တရားရုံးကလက်ခံခဲ့ပြီး ၎င်း၏ လုပ်ရပ်များအတွက် ကနေဒါ ဒေါ်လာ ၇၅၀ ဒဏ်ရိုက်ခဲ့သည် ဟုသိရသည်။ ဂျပ်စတင်ဘီဘာ သည် ယင်းသို့ ဒဏ်ရိုက်ခံရခြင်းမှ လွဲ၍ ထောင်ဒဏ်နှင့်ခံဝန်ကာလ ပြစ်ဒဏ်နှစ်ခုစလုံးမှ လွတ် မြောက်ခဲ့သည်ဟုသိရသည်။
ဂျပ်စတင်ဘီဘာသည် ၂၀၁၂ နှင့် ၂၀၁၃ နှစ်များတွင် လည်း ရမ်းကားမောင်းနှင်မှု၊ လက်သရမ်းဖျက်ဆီးမှု စွဲချက်များ ဖြင့် ၂၀၁၃ နှစ်ကုန်တွင် နှစ်ကြိမ် ဖမ်းဆီးခံခဲ့ရသည်။ ၎င်းသည် ပြီးခဲ့သည့်နှစ် သြဂုတ်လက ကျူး လွန်ခဲ့သော အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၌ ရမ်းကား မောင်းနှင်မှုနှင့် တာဝန်ကျရဲအရာ ရှိတစ်ဦးကို အတိုက်အခံလုပ်မှုတို့ တွင်လည်း အပြစ်ရှိသည်ဟု ဝန်ခံ ခဲ့သည်။
Credit : 7day Daily
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...