iMyanmarHouse.com - Best Property Website for Myanmar
×










တစ်နေ့ကို ခရမ်းချဉ်သီးဖျော်ရည် ဖန်ခွက်ဖြင့် တစ်ခွက်ခန့် သောက်သုံးပေးခြင်းဟာ အမျိုးသမီးတွေ အတွက် သွေးဆုံးချိန်မှာ ဖြစ်ပေါ်တဲ့ ရောဂါ လက္ခဏာ တွေကို သက်သာစေနိုင်တယ်လို့ တိုကျို ဆေးတက္ကသိုလ် မှာရှိတဲ့ သုတေသီ တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ထို သုတေသီ တွေရှာဖွေတွေ့ရှိခဲ့တာကတော့ တစ်နေ့ကို ခရမ်းချဉ်သီး ဖျော်ရည် ၂ ခွက်နှုန်းနဲ့ ၈ ပတ်ခန့် သောက်သုံးတဲ့အခါ မှာ ကိုလက်စထရော နဲ့ စိတ်ဖိစီးခြင်း တို့နဲ့ ဆိုင်တဲ့ ရောဂါ လက္ခဏာ တွေမှာ ထိရောက်တဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်စေနိုင်တယ်ဆိုတာပါပဲ။

လေ့လာမှု အရတော့ အမျိုးသမီး ၉၃ ယောက်ဟာ ခရမ်းချဉ်သီးဖျော်ရည်ကို တစ်နေ့ ၂ ခွက်နှုန်းနဲ့ ၈ ပတ်ခန့် သောက်ပြီးတဲ့နောက် သူတို့ရဲ့ နှလုံးခုန်နှုန်းနဲ့ အခြား ရောဂါလက္ခဏာ တွေကို စစ်ဆေးကြည့်ခဲ့ကြပါတယ်။

ထိုလေ့လာမှုရဲ့ အဆုံးမှာ ရလဒ်ကို Nutrition ဂျာနယ်မှာ ဖော်ပြခဲ့တာကတော့ သောက များခြင်း ၊ စိတ်ကယောင်ခြောက်ခြားဖြစ်ခြင်း နဲ့ ဒေါသထွက်ခြင်းတို့လို သွေးဆုံးချိန်တွေမှာ ဖြစ်တတ်တဲ့ ရောဂါလက္ခဏာ တွေကို ခရမ်းချဉ်သီးဖျော်ရည် သောက်သုံးခြင်းနဲ့ ထက်ဝက်ခန့် သက်သာသွားစေနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေအနေနဲ့ ခရမ်းချဉ်သီးဖျော်ရည် ပုံမှန်သောက်သုံးခြင်းအားဖြင့်လည်း ကယ်လိုရီ အမြောက်အများကို လောင်ကျွမ်း စေနိုင်တဲ့အပြင် သွေးဖြူဥ ပမာဏ တွေလည်းလျော့ကျစေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ လေ့လာမှု တစ်ခုအရ သိခဲ့ရတာကတော့ ခရမ်းချဉ်သီး ဖျော်ရည်အတွင်းမှာပါဝင်တဲ့ gamma-aminobutyric အက်ဆစ် ဟာ မျိုးပွားခြင်းဆိုင်ရာ ဟော်မုန်းတွေမှာလည်း အထက်ပါအတိုင်း တူညီ တဲ့ သက်ရောက်မှု တွေ ရှိစေနိုင်ပါတယ်။

Credit : ThitHtooLwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top