iMyanmarHouse.com - Best Property Website for Myanmar
×










တစ္ေန႔တာ လုပ္ငန္းခြင္တြင္ အလုပ္တာဝန္ပိုမ်ားလာျခင္း၊ ႐ံုး၏မူ ဝါဒမ်ား၊ အရသာမရွိေသာ ကင္တင္းမွ စားစရာမ်ားႏွင့္ အျခားစိတ္ ဖိစီးစရာမ်ား ပါဝင္ေနပါက ယင္းကို တုိက္ဖ်က္ႏိုင္မည့္ နည္းလမ္း မ်ားအတုိင္း လိုက္နာႏိုင္ပါသည္။

အလုပ္မ်ားလာလွ်င္ ခဏမွ် အနားယူလိုက္ပါ။ တစ္စံုတစ္ ေယာက္ႏွင့္ စကားစျမည္ေျပာပါ။ ေတးသီခ်င္းနားေထာင္ပါ(သို႔မ ဟုတ္)တစ္ေမွးအိပ္လုိက္ပါ။
ျပႆနာမ်ားအားလံုးကို စိတ္ထဲမထားပါႏွင့္။ ယင္းသို႔ လုပ္ေဆာင္ပါက သင္ ရွင္းရွင္းလင္းလင္း စဥ္းစားႏုိင္ရန္ အႀကံဉာဏ္ေကာင္းမ်ား၊ အေတြးအျမင္သစ္မ်ားရရန္ အေထာက္အကူ ျပဳပါ လိမ့္မည္။

စိတ္ကို ေအးေအးေဆးေဆးထားၿပီး မတူညီေသာ အလုပ္တစ္ခုကို ေျပာင္းလုပ္ပစ္လုိက္ပါ။ ေသာက္ေရဘူးရွိရာသို႔ လမ္းေလွ်ာက္သြားျခင္း (သို႔မဟုတ္) ရယ္စရာဗီဒီယိုတစ္ခု ဖြင့္ၾကည့္ျခင္းမ်ား ျပဳလုပ္ပါ။
ခဏတာ အနားယူပါ။ သို႔ေသာ္ ေကာ္ဖီမေသာက္ပါႏွင့္။ ေကာ္ဖီေသာက္ပါက သင့္ကို သက္ေသာင့္သက္သာမရွိ ျဖစ္ေစပါလိမ့္ မည္။

ေဒါသထြက္ျခင္းႏွင့္ စိတ္ဖိစီးျခင္းတို႔တြင္ မူလရင္းျမစ္တစ္ခု ရွိၿပီး ေဒါသထြက္ စိတ္ဖိစီးရသည့္ အေၾကာင္းရင္းကို နားလည္ပါက အေကာင္းဆံုးျဖစ္သည္။
ရန္သူကို သိထားရမည္ဆိုေသာ စကားအတုိင္း ေဒါသထြက္ စိတ္ဖိစီးေစေသာ အေၾကာင္းရင္းကို သိထားပါက သက္သာေအာင္ ျပဳလုပ္ရန္ လြယ္ကူမည္ျဖစ္သည္။

စိတ္ဖိစီးေနပါက တရားထိုင္ပါ။ သင္၏အလုပ္စားပြဲမွ ထြက္ သြား၍ မရျဖစ္ေနပါက ခႏၶာကိုယ္သက္ေသာင့္သက္သာရွိေအာင္ လုပ္ေဆာင္ပါ။ ေယာဂေလ့က်င့္ခန္းမ်ားျဖင့္ စိတ္ေရာကိုယ္ပါ ေပ်ာ္ ရႊင္ေစရန္ ျပဳလုပ္ပါ။

အလုပ္ႏွင့္ပုဂၢိဳလ္ေရးကိစၥမ်ားကို သီးျခားစီထားပါ။ အလုပ္၏ ဖိစီးမႈက သင္၏ပုဂၢိဳလ္ေရးကိစၥမ်ားအေပၚ အက်ိဳးသက္ေရာက္ေစ ႏိုင္ၿပီး ပုဂၢိဳလ္ေရးဖိအားမ်ားကလည္း အလုပ္ကိစၥမ်ားအေပၚ အက်ိဳး သက္ေရာက္ႏုိင္သျဖင့္ ယင္းကိစၥႏွစ္ခုကို သီးျခားစီထားပါ။
အေကာင္းျမင္ေလ့မရွိေသာ လုပ္ေဖာ္ကိုင္ဖက္ႏွင့္ ေဝးေဝးေန ပါ။ သို႔ေသာ္ သင့္အနားတြင္ရွိေနပါက ၎တို႔ေျပာေသာ စကားကို နားေထာင္လုိက္ပါ။

သို႔ေသာ္ အဆင္ေျပေအာင္ အလုိက္သင့္တုံ႔ျပန္ျခင္းမ်ိဳး မလုပ္ပါႏွင့္။ အျခားလူမ်ားကို ယဥ္ယဥ္ေက်းေက်း ေလးေလးစားစား ဆက္ဆံေျပာဆိုပါ။ သို႔ေသာ္ သေဘာလြယ္သူတစ္ေယာက္ မျဖစ္ပါေစႏွင့္။ 

Credit : 7 Day Daily

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တစ်နေ့တာ လုပ်ငန်းခွင်တွင် အလုပ်တာဝန်ပိုများလာခြင်း၊ ရုံး၏မူ ဝါဒများ၊ အရသာမရှိသော ကင်တင်းမှ စားစရာများနှင့် အခြားစိတ် ဖိစီးစရာများ ပါဝင်နေပါက ယင်းကို တိုက်ဖျက်နိုင်မည့် နည်းလမ်း များအတိုင်း လိုက်နာနိုင်ပါသည်။

အလုပ်များလာလျှင် ခဏမျှ အနားယူလိုက်ပါ။ တစ်စုံတစ် ယောက်နှင့် စကားစမြည်ပြောပါ။ တေးသီချင်းနားထောင်ပါ(သို့မ ဟုတ်)တစ်မှေးအိပ်လိုက်ပါ။
ပြဿနာများအားလုံးကို စိတ်ထဲမထားပါနှင့်။ ယင်းသို့ လုပ်ဆောင်ပါက သင် ရှင်းရှင်းလင်းလင်း စဉ်းစားနိုင်ရန် အကြံဉာဏ်ကောင်းများ၊ အတွေးအမြင်သစ်များရရန် အထောက်အကူ ပြုပါ လိမ့်မည်။

စိတ်ကို အေးအေးဆေးဆေးထားပြီး မတူညီသော အလုပ်တစ်ခုကို ပြောင်းလုပ်ပစ်လိုက်ပါ။ သောက်ရေဘူးရှိရာသို့ လမ်းလျှောက်သွားခြင်း (သို့မဟုတ်) ရယ်စရာဗီဒီယိုတစ်ခု ဖွင့်ကြည့်ခြင်းများ ပြုလုပ်ပါ။
ခဏတာ အနားယူပါ။ သို့သော် ကော်ဖီမသောက်ပါနှင့်။ ကော်ဖီသောက်ပါက သင့်ကို သက်သောင့်သက်သာမရှိ ဖြစ်စေပါလိမ့် မည်။

ဒေါသထွက်ခြင်းနှင့် စိတ်ဖိစီးခြင်းတို့တွင် မူလရင်းမြစ်တစ်ခု ရှိပြီး ဒေါသထွက် စိတ်ဖိစီးရသည့် အကြောင်းရင်းကို နားလည်ပါက အကောင်းဆုံးဖြစ်သည်။
ရန်သူကို သိထားရမည်ဆိုသော စကားအတိုင်း ဒေါသထွက် စိတ်ဖိစီးစေသော အကြောင်းရင်းကို သိထားပါက သက်သာအောင် ပြုလုပ်ရန် လွယ်ကူမည်ဖြစ်သည်။

စိတ်ဖိစီးနေပါက တရားထိုင်ပါ။ သင်၏အလုပ်စားပွဲမှ ထွက် သွား၍ မရဖြစ်နေပါက ခန္ဓာကိုယ်သက်သောင့်သက်သာရှိအောင် လုပ်ဆောင်ပါ။ ယောဂလေ့ကျင့်ခန်းများဖြင့် စိတ်ရောကိုယ်ပါ ပျော် ရွှင်စေရန် ပြုလုပ်ပါ။

အလုပ်နှင့်ပုဂ္ဂိုလ်ရေးကိစ္စများကို သီးခြားစီထားပါ။ အလုပ်၏ ဖိစီးမှုက သင်၏ပုဂ္ဂိုလ်ရေးကိစ္စများအပေါ် အကျိုးသက်ရောက်စေ နိုင်ပြီး ပုဂ္ဂိုလ်ရေးဖိအားများကလည်း အလုပ်ကိစ္စများအပေါ် အကျိုး သက်ရောက်နိုင်သဖြင့် ယင်းကိစ္စနှစ်ခုကို သီးခြားစီထားပါ။
အကောင်းမြင်လေ့မရှိသော လုပ်ဖော်ကိုင်ဖက်နှင့် ဝေးဝေးနေ ပါ။ သို့သော် သင့်အနားတွင်ရှိနေပါက ၎င်းတို့ပြောသော စကားကို နားထောင်လိုက်ပါ။

သို့သော် အဆင်ပြေအောင် အလိုက်သင့်တုံ့ပြန်ခြင်းမျိုး မလုပ်ပါနှင့်။ အခြားလူများကို ယဉ်ယဉ်ကျေးကျေး လေးလေးစားစား ဆက်ဆံပြောဆိုပါ။ သို့သော် သဘောလွယ်သူတစ်ယောက် မဖြစ်ပါစေနှင့်။ 

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top