iMyanmarHouse.com - Best Property Website for Myanmar
×









ဖရဲသီးတစ်လုံး ဝယ်တော့မယ်ဆိုရင် သတိထားရှာဖွေကြည့်ရှုရမယ့် အချက်တချို့ရှိပါတယ်။ ဒီအချက်လေးတွေအတိုင်း လိုက်နာသွားမယ် ဆိုရင်တော့ ချိုမြ၊ ရင့်မှည့်ပြီး အရည်ရွမ်းတဲ့ ဖရဲသီးတစ်လုံး ရရှိလာပါလိမ့်မယ်။

၁။ အဝါရောင် အကွက်အကွင်းလိုက်ရှာပါ
အဝါရောင်အကွက်အကွင်းလေးက ပင်စည်မှ အချိုဓာတ် အပြည့်ရရှိခဲ့ပြီး ရင့်မှည့်နေပြီဆိုတဲ့ သဘောဖြစ်ပြီး ခူးစွက်ဖို့ အကောင်းဆုံး အချိန်ဖြစ်ပါတယ်။ အဝါကွက်မပါရင် မယူပါနဲ့။

၂။ အလေးချိန်ပိုစီး
အလေးဆုံး ဖရဲသီးကို ရွေးယူပါ။ အဲဒါ အရည်ရွန်းတဲ့ သဘောဖြစ်ပါတယ်။

၃။ အဖြူကွက် အနာအဆာနဲ့ အစက်ပျောက် (သို့) အစင်းအကြောင်း ရှိမရှိသေချာကြည့်ပါ
အဖြူကွက် အနာအဆာနဲ့ အစက်ပျောက် (သို့) အစင်းအကြောင်း တစ်ခုခုတွေ့ပါက အဲဒါဟာ ၄င်းဖရဲသီး အရမ်းချိုပြီး အရသာပြည့်စုံလို့ အင်းဆက်ပိုးတွေလည်း စားဖို့ကြံစည်ကြိုးစားခဲ့တဲ့ အဓိပ္ပါယ်ပဲဖြစ်တယ်။ ဒါ့ကြောင့် အဲဒီဖရဲသီးဟာ ရင့်မှည့်ပြီး ချိုမယ်ဆိုတာ သဘောပေါက်ရပါမယ်။

၎။ အရောင်မွဲတဲ့ ဖရဲသီးရှာပါ
ဝင်းပတဲ့ ဖရဲသီးက မမှည့်သေးတဲ့ အလုံးဖြစ်ပါတယ်။ အရောင်မွဲတဲ့အလုံးက ချိုပြီး ရင့်မှည့်တာပါ။

၅။ ညိုမည်းဆုံးအရောင်ရှိ အလုံး ရွေးပါ
ညိုမည်းတဲ့ အခွံက အရသာ ပိုမိုချိုမြတဲ့ ဖရဲသီးဖြစ်ကြောင်း ဖော်ပြတာဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top