iMyanmarHouse.com - Best Property Website for Myanmar
×










ကိုယ့်ကို ဘယ်သူကမှ ချစ်ခွင့်မပန်ကြဘူးလား။ တစ်ခါတစ်လေ ချစ်သူရည်းစားထားချင်ပေမယ့်၊ ကိုယ်စိတ်ဝင်စားနေတဲ့သူကလည်း ကိုယ့်ကိုစိတ်ဝင်စားသလို ရှိပေမယ့် တကယ်တမ်းကိုယ့်ကို အတူ ဒိတ်လုပ်ဖို့ ဖွင့်မပြောတဲ့အခါ ဒါဘာ့ကြောင့်များလဲရယ်လို့ တွေးကြည့်ဖူးတယ်မလား။ တစ်ခါတစ်လေ ကိုယ့်ရဲ့အပြုအမူ အပြောအဆိုတွေက ကိုယ့်ကို စိတ်ဝင်စားနေတဲ့သူကိုတောင် ရှေ့မတိုးရဲအောင် လုပ်မိသွားတဲ့ အမှားတွေလို ဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ရဲ့ အနေအထိုင် အပြောအဆိုတွေကို ပြန်ဆန်းစစ်လေ့လာကြည့်ရင်း ခုလိုမျိုးတွေ လုပ်မိနေသလား စဉ်းစားကြည့်လိုက်ပါ။

၁။စိတ်မ၀င်စားသလို ပြုမူမိတယ်။
တစ်ခါတစ်လေ ကိုယ်သဘောကျတဲ့သူ၊ စိတ်ဝင်စားတဲ့သူရှိရင်တောင် အရူးလုပ်ခံရမှာစိုးလို့ပဲဖြစ်ဖြစ်၊ ကြောက်ပြီးရှေ့ဆက်မတိုးရဲတာပဲဖြစ်ဖြစ် သူ့ရှေ့ရောက်တဲ့အခါ ဘာကိုမှ စိတ်မ၀င်စားသလို၊ အချစ်ရေးကို စိတ်မ၀င်စားသလို နေပြလိုက်တာမျိုးတွေက ကိုယ့်ဒုက္ခကိုယ်ရှာနေတာနဲ့ အတူတူပါပဲ။ သင်တကယ်စိတ်ဝင်စားနေတဲ့သူ ရှိရင် ဒီလိုလုပ်မယ့်အစား မျက်လုံးချင်းဆုံအောင် ကြည့်တာမျိုး၊ ဒါမှမဟုတ်လည်း သူနဲ့နှစ်ယောက်တည်း စကားပြောခွင့်ရအောင် ကြိုးစားကြည့်လိုက်ပါ။

၂။ဘ၀မှာ အားလုံးပြည့်စုံနေသလိုမျိုး ဟန်ဆောင်မိတယ်။
သင့်ဘ၀မှာ သူငယ်ချင်း၊ မိသားစု၊ အလုပ်အကိုင်ကောင်း၊ အိမ်ကောင်းကောင်းရှိနေပါပြီ၊ ဒါပေမယ့် သင့်စိတ်ထဲမှာ ချစ်သူဆိုတဲ့ နေရာတစ်နေရာတော့ လစ်ဟာနေဆဲပါ။ ဒါကို မျက်လုံးစုံမှိတ်ပြီး ငါအဆင်ပြေတယ်။ အေးဆေးပဲ ဆိုပြီး ကိုယ့်ကိုယ်ကို ညာနေရင်တော့ အခွင့်အရေးတွေ အားလုံးလက်လွှတ်လိုက်ရပါလိမ့်မယ်။

၃။တစ်ယောက်တည်း သီးသန့် ဘယ်သူ့ကိုမှ မရောပဲ နေမိတယ်။
သင့်ပုံစံကိုက တစ်ခုခုဆို အလေးထား အရေးတကြီးဆောင်ရွက်တတ်သူ ဖြစ်တယ်။ ဒါ့အပြင် ရယ်မောဖို့တောင်မေ့နေတတ်တဲ့အထိ အလုပ်ကိုလည်း အာရုံစိုက်တတ်တယ်။ ညဘက်တွေ လျှောက်လည်ပတ်တာမျိုးတွေ၊ သူငယ်ချင်းတွေနဲ့ ထွက်သောက်တာမျိုးတွေ လုံးဝမလုပ်တတ်သလို အလုပ်ကိုသာ အာရုံစိုက် တစ်ယောက်တည်း နေတတ်တဲ့သူဆိုရင်လည်း ဒါဟာ ပြင်ဆင်ရမယ့် အချက်ပါပဲ။

၎။အရမ်းအလှုပ်ရှုပ်တဲ့အကြောင်း အမြဲပြောတယ်။
အလုပ်ကတစ်ဖက်၊ ကိုယ်ဝါသနာပါတဲ့အရာတွေကတစ်ဖက် အချိန်ကို မျှတအောင်သုံးနေရတာကြောင့် သင့်ကိုကြည့်လိုက် အချိန်တိုင်းနီးပါး အလုပ်ရှုပ်နေတတ်တယ်။ ဒီတော့ သင့်ကိုစိတ်ဝင်စားနေတဲ့သူ ရှိရင်တောင် သင်အလုပ်ရှုပ်တယ်လို့ သင့်ဘာသာသင်တစ်ခါပြောတိုင်း တစ်ဖက်လူက "ငါကတော့ သူ့ဘ၀မှာ အရေးမကြီးလောက်ဘူး။ ငါ့အတွက် အချိန်တောင် သူ့မှာရှိရဲ့လားမသိဘူး။ ငါ့ကိုလည်း စိတ်ဝင်စားမှာ မဟုတ်ပါဘူး"ဆိုပြီး သင့်နားကို ကပ်လာမှာ မဟုတ်တော့ပါဘူး။

၅။ယောင်္ကျားလေးတွေကို ယောင်္ကျားလေးပေါင်းသာ ပေါင်းတတ်တယ်။ ယောင်္ကျားလေးဆန်ဆန်နေတယ်။
အမျိုးသားတွေကတော့ သူတို့နဲ့ ဆန့်ကျင်ဘက် မိန်းကလေးဆန်ဆန်နေတတ်တဲ့သူတွေကို သဘောကျကြမှာပါပဲ။ ကိုယ်နဲ့တစ်ချိန်လုံးအတူရှိနေပြီး ကိုယ့်လိုပဲ ပြောဆိုနေထိုင်နေတဲ့သူ၊ မိန်းကလေးဆိုပေမယ့် ယောင်္ကျားလေးတစ်ယော်ကလို နေထိုင်ပြောဆိုနေတဲ့သူကို သိပ်သဘောမကျတတ်ကြပါဘူး။ ဒါ့ကြောင့် တစ်ခါတစ်လေ မိန်းကလေးတွေဟာ မိန်ကလေးဆန်ဆန်နေပြဖို့လည်း လိုပါသေးတယ်။ ဒီအရာတွေကသာ ယောင်္ကျားလေးတွေကို ပိုဆွဲဆောင်လွှမ်းမိုးနိုင်တယ်ဆိုတာ သိထားရမှာပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top