iMyanmarHouse.com - Best Property Website for Myanmar
×









အကယ္၍မ်ား သင္ဟာ စိတ္ကူးစိတ္သန္းေကာင္းတဲ႔ ကေလးတစ္ေယာက္ရဲ႕ မိဘဆိုရင္၊ သူဟာ လွည္႔ဖ်ားဖို႔အတြက္ အေျပာေကာင္းေလးေတြ ေျပာဆိုတတ္တာကို သင္ သတိျပဳမိမွာပါ။ ဒီအခ်က္ဟာ သင္စိုးရိမ္ရေလာက္တဲ့အထိ မေကာင္းတဲ႔ အလားအလာေတာ႔လည္း မဟုတ္ျပန္ပါဘူး။

အလိမ္အညာေကာင္းတဲ႔ ကေလးေတြရဲ႕ မွတ္ဉာဏ္ေတြဟာ ေကာင္းေကာင္း အလုပ္လုပ္ၾကေၾကာင္း နဲ႔ အလိမ္အညာ သိပ္မေကာင္းတဲ႔ ကေလးေတြရဲ႕ မွတ္ဉာဏ္ဟာေတာ႔ သူတို႔ေလာက္ မေကာင္းေၾကာင္းကို Experimental Child Psychology ဂ်ာနယ္မွာပါတဲ႔ ေလ႔လာမႈ တစ္ရပ္အရ သိရပါတယ္။ မွတ္ဉာဏ္ပိုေကာင္းတဲ႔ ကေလးေတြဟာ သူတို႔ရဲ႕ လိမ္ညာမႈေတြကို ဂရုတစိုက္နဲ႔ ကြ်မ္းကြ်မ္းက်င္က်င္ လုပ္သြားႏိုင္တာေၾကာင္႔ပဲ ျဖစ္ပါတယ္။

၆ ႏွစ္မွ ၇ႏွစ္အရြယ္ ကေလးေတြကို ဓာတ္ခြဲခန္းထဲမွာ သုေတသီအဖြဲ႔က ပံုႏွိပ္ထားတဲ႔ အညႊန္းကပ္ျပားေတြေပၚမွာ ေမးခြန္းသံုးခုပါတဲ႔ ေပါ႔ေပါ႔ပါးပါး ဉာဏ္စမ္းေတြကို ေျဖခိုင္းၿပီး ေလ႔လာမႈျပဳခဲ႔တာပါ။ အေျဖေတြက ကပ္ရဲ႕ေနာက္ေက်ာဘက္မွာ ရွိပါတယ္။ ေမးခြန္းေမးသူ အခန္းအျပင္ဘက္ ထြက္သြားၿပီး ေစာင္႔ၾကည္႔ကင္မရာက တဆင္႔ကေလးေတြကို ေတြ႔ျမင္ေနရပါတယ္။

 ျပန္၀င္လာၿပီး ေမးျမန္းတဲ႔အခါ အလိမ္အညာေကာင္းတဲ႔ ကေလးက ေမးခြန္းအားလံုးရဲ႕ အေျဖအေသးစိတ္ကို လိမ္ညာေျဖဆိုႏုိင္ၿပီး အလိမ္အညာ ညံ႔သူေတြကေတာ႔ တစ္ခုေလာက္ကိုသာ လိမ္ညာေျဖဆိုႏုိင္ခဲ႔တာကို ေတြ႔ရပါတယ္။ အဲ႔ေတာ႔ အလိမ္အညာေကာင္းတဲ႔ ကေလးေတြက မွတ္ဉာဏ္စမ္းသပ္ ရမွတ္မွာ ပိုေကာင္းေနတာကို စိတ္၀င္တစား ေတြ႔ရွိရပါတယ္။

ကေလးတခ်ိဳ႕က ဆင္ေျခေတြနဲ႔ အခ်က္အလက္က်က် လိမ္ညာတတ္တာဟာ စိုးရိမ္စရာေတာ႔ မဟုတ္ပါဘူး။ ဒါဟာ သူတို႔ရဲ႕ ဉာဏ္ရည္ဖြံ႔ၿဖိဳးမႈအတြက္ သူတို႔ကိုယ္တိုင္ ေလ႔က်င္႔ပ်ိဳးေထာင္ေနတာျဖစ္ပါတယ္။ အနည္းဆံုးေတာ႔ သူတို႔ေလးေတြဟာ ေတာ္တယ္၊ ထက္တယ္လို႔ ဆိုလိုတာပါပဲ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အကယ်၍များ သင်ဟာ စိတ်ကူးစိတ်သန်းကောင်းတဲ့ ကလေးတစ်ယောက်ရဲ့ မိဘဆိုရင်၊ သူဟာ လှည့်ဖျားဖို့အတွက် အပြောကောင်းလေးတွေ ပြောဆိုတတ်တာကို သင် သတိပြုမိမှာပါ။ ဒီအချက်ဟာ သင်စိုးရိမ်ရလောက်တဲ့အထိ မကောင်းတဲ့ အလားအလာတော့လည်း မဟုတ်ပြန်ပါဘူး။

အလိမ်အညာကောင်းတဲ့ ကလေးတွေရဲ့ မှတ်ဉာဏ်တွေဟာ ကောင်းကောင်း အလုပ်လုပ်ကြကြောင်း နဲ့ အလိမ်အညာ သိပ်မကောင်းတဲ့ ကလေးတွေရဲ့ မှတ်ဉာဏ်ဟာတော့ သူတို့လောက် မကောင်းကြောင်းကို Experimental Child Psychology ဂျာနယ်မှာပါတဲ့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ မှတ်ဉာဏ်ပိုကောင်းတဲ့ ကလေးတွေဟာ သူတို့ရဲ့ လိမ်ညာမှုတွေကို ဂရုတစိုက်နဲ့ ကျွမ်းကျွမ်းကျင်ကျင် လုပ်သွားနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

၆ နှစ်မှ ၇နှစ်အရွယ် ကလေးတွေကို ဓာတ်ခွဲခန်းထဲမှာ သုတေသီအဖွဲ့က ပုံနှိပ်ထားတဲ့ အညွှန်းကပ်ပြားတွေပေါ်မှာ မေးခွန်းသုံးခုပါတဲ့ ပေါ့ပေါ့ပါးပါး ဉာဏ်စမ်းတွေကို ဖြေခိုင်းပြီး လေ့လာမှုပြုခဲ့တာပါ။ အဖြေတွေက ကပ်ရဲ့နောက်ကျောဘက်မှာ ရှိပါတယ်။ မေးခွန်းမေးသူ အခန်းအပြင်ဘက် ထွက်သွားပြီး စောင့်ကြည့်ကင်မရာက တဆင့်ကလေးတွေကို တွေ့မြင်နေရပါတယ်။

 ပြန်ဝင်လာပြီး မေးမြန်းတဲ့အခါ အလိမ်အညာကောင်းတဲ့ ကလေးက မေးခွန်းအားလုံးရဲ့ အဖြေအသေးစိတ်ကို လိမ်ညာဖြေဆိုနိုင်ပြီး အလိမ်အညာ ညံ့သူတွေကတော့ တစ်ခုလောက်ကိုသာ လိမ်ညာဖြေဆိုနိုင်ခဲ့တာကို တွေ့ရပါတယ်။ အဲ့တော့ အလိမ်အညာကောင်းတဲ့ ကလေးတွေက မှတ်ဉာဏ်စမ်းသပ် ရမှတ်မှာ ပိုကောင်းနေတာကို စိတ်ဝင်တစား တွေ့ရှိရပါတယ်။

ကလေးတချို့က ဆင်ခြေတွေနဲ့ အချက်အလက်ကျကျ လိမ်ညာတတ်တာဟာ စိုးရိမ်စရာတော့ မဟုတ်ပါဘူး။ ဒါဟာ သူတို့ရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် သူတို့ကိုယ်တိုင် လေ့ကျင့်ပျိုးထောင်နေတာဖြစ်ပါတယ်။ အနည်းဆုံးတော့ သူတို့လေးတွေဟာ တော်တယ်၊ ထက်တယ်လို့ ဆိုလိုတာပါပဲ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top