ဘယ်လို ချက်ပိုင်ရှင် ဖြစ်မလဲ?
ချက်ရဲ့ပုံလေးကိုကြည့်ပြီး ကိုယ်ကတော့ ဘယ်လိုချက်ပိုင်ရှင်ဖြစ်လိမ့်မလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။ မတ်မတ်ရပ်ပြီးမှ ကိုယ့်ချက်ကို ကိုယ်ကြည့်နော်။
ဝိုင်းသောချက်ပိုင်ရှင်
★ ရိုးသားပြီး ချစ်စရာကောင်းသောသူ၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး အသေးအဖွဲကိစ္စတွေဆိုရင် ခေါင်းထဲမှာ မထားပါ။
ဒေါင်လိုက်ရှည်သော ချက်ပိုင်ရှင်
★ သူများကို ကူညီချင်သောစိတ်ဓာတ်ပြင်းထန်သူ၊ ငွေရေးကြေးရေးနှင့်ပတ်သက်၍တော့ ကပ်စီးနဲသူဖြစ်ပါလိမ့်မယ်။
ချက်ဆူ ပိုင်ရှင်
★ သံယောဇဉ်ကြီးသောသူ၊ ခင်ပြီဆိုရင် သူငယ်ချင်းအဖြစ် တသက်လုံးလက်ခံထားသူ၊ ဒါပင်မဲ့ ပိုက်ဆံအသုံးကြမ်းသောသူ ဖြစ်လိမ့်မယ်။ နောက်ပြီး ပိုက်ဆံတို့၊ အာဏာကို မက်လိမ့်မယ်။
အပေါ်သို့ထောင်နေသောချက် ပိုင်ရှင်
★ ကြိုးစားပြီး ရိုးသားသောသူ၊ အလုပ်ကို လေးလေးစားစား ဝီရိယရှိသောသူ၊ အမှန်ကို အမှန်အတိုင်း ရိုးရိုးကြီးဖြစ်တဲ့အတွက် ယောင်္ကျားကောင်းရလိမ့်မယ်။
ဘေးသို့ရှည်သော ချက်ပိုင်ရှင်
★ ပျော်ပျော်နေတတ်ပင်မဲ့လည်း ကိုယ့်ရဲ့ရည်စား၊ ချစ်သူ အပေါ်မှာ မူတည်ပြီး စိတ်နေစိတ်ထားက ပြောင်းလဲသွားတတ်၏
အောက်သို့ စိုက်နေသော ချက်ပိုင်ရှင်
★ ကံကောင်းလိုက် မကောင်းလိုက်နဲ့ လောကဒဏ်ကို ကြံ့ကြံ့ခံနိုင်သူ၊ ပိုက်ဆံက လက်ထဲမှာ မရှိတတ်ပါ။ အသက်ကြီးရင် ဒုက္ခရောက်တတ်၏။
Y ပုံချက်ပိုင်ရှင်
★ ကလေးဆန်သောသူ၊ တစ်ခုခုကို လေ့လာမှတ်သားရတာကို စိတ်ဝင်စားသူ၊ အနုပညာကို နှစ်သက်သူ၊ သတင်းဗဟုသုတကို စုဆောင်းရတာကို နှစ်သက်ပါလိမ့်မယ်။
ရေလှိုင်းပုံ ချက်ပိုင်ရှင်
★ စိတ်ကြီးလို့ လူကောင်းလား လူဆိုးလား နှစ်ခုထဲက တစ်ခုဖြစ်ပါလိမ့်မယ်။ ဘာကိစ္စမဆို တော်ရုံနဲ့ မဆုံးဖြတ်နိုင်ပါ။
အတွင်းအထိ မြင်ရသော ချက်ပိုင်ရှင်
★ ဖြစ်သလိုနေတတ်သူ၊ အဆင်ပြေသလိုနေပြီး ဖြစ်သမျှအကြောင်း အကောင်းချည်းသာ ထင်ထားသူဖြစ်ပါလိမ့်မယ်။
Credit : Chelmo Tips
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...