iMyanmarHouse.com - Best Property Website for Myanmar
×














တစ်ချိန်လုံး ဗိုက်တွေ ဆာနေသလား။ သင့် ရေသောက်တဲ့ အကျင့်၊ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှု အတိုင်းအတာ ပမာဏနဲ့ အခြားနေထိုင် စားသောက်မှုပုံစံတွေဟာ အပြစ်တင်စရာ ဖြစ်နိုင်ပါတယ်။ အဲဒီတော့ ဒီလို ဗိုက်အမြဲ ဆာနေရခြင်းရဲ့ အကြောင်းရင်းက ဘာတွေလဲ။ သင် ဟာ အလေးမပြီး Gym တစ်ခုခုမှာ ပင်ပင်ပန်းပန်း မနားတမ်း ကစားနေရင် သို့မဟုတ် ကိုယ်ဝန်ဆောင်ရင်တောင် လူတစ်ယောက်ရဲ့အစာစားလိုစိတ် ပိုဖြစ်စေတဲ့ သတိထားမိတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ အခုပြသနာဟာ အကြောင်းရင်း ရေရေရာရာမရှိ အာသာမပြေနိုင် ခံစားရပါက တစ်စုံတစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။ ဗိုက်ဆာတယ်ဆိုတာ လူတစ်ယောက်ရဲ့ ခန္ဓကိုယ်ဟာ ကယ်လိုရီး၊ ဆားနဲ့ ရေဓာတ် လိုအပ်နေကြောင်း သရုပ်သကန်ဖော်ပြနေတာလို့ ဆိုပါတယ်။

ဒါဟာ သင့်ဟော်မုန်းဓာတ်၊ နေ့စဉ် ပုံမှန်စားသုံးတဲ့ အစားအစာနဲ့ စိတ်ပူပန်မှု၊ စိတ်ဖိစီးမှု စတဲ့ အခြားအကြောင်းအရာတွေ အပါအဝင် အမျိုးမျိုးပေါင်းစပ်ခြင်းကြောင့် ဖြစ်လာတာဖြစ်တယ်။ အတောမသတ် ဆာလောင်မှုက ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာပြသနာ တစ်စုံတစ်ခုဖြစ်စေနိုင်တာကြောင့် ဘာကြောင့် တချိန်လုံး မနားတမ်း အစာစားချင်နေလဲဆိုတာ လေ့လာသိရှိဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ မကြာခဏ အစာစားလိုစိတ် အာသာပြင်းပြမှုကို လက်လျော့ အရှုံးပေးခြင်းဟာ သင့် BMI ချိန်ခွင် မညီမမျှဖြစ်စေပြီး စိတ်ကျန်းမာရေ ဆုတ်ယုတ်မှုဖြစ်စေနိုင်ပါတယ်။ ဘာကြောင့် အမြဲ ဗိုက်ဆာနေရလဲဆိုတာ ရှင်းရှင်းလင်းလင်းသိစေမယ့် အချက်တွေကတော့

(၁) ရေဓာတ်ဆုံးရှုံးခြင်း

(၂) အိပ်ချိန်၊ အနားယူမှု မလုံလောက်ခြင်း

(၃) ကစီဓာတ် ကဲတဲ့ ကာဗွန်ဟိုက်ဒရိုက် အမြောက်အမြားစားသုံးခြင်း

(၄) စိတ်ဖိစီးမှု ခံစားရခြင်း

(၅) အရက်သေစာ အလွန်အကျွံသောက်စားခြင်း တို့ပဲ ဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top