iMyanmarHouse.com - Best Property Website for Myanmar
×










သီတင်းတစ်ပတ်လျှင် တစ်ကြိမ် ငါးပေါင်းစားခြင်းဖြင့် ဦးနှောက်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေသည်ဟု အမေရိကန် ပစ်ဘာ့ဂ်ဆေးတက္ကသိုလ်မှ သုတေသနပညာရှင်များက ပြောသည်။

‘‘ငါးကြော်မဟုတ်ဘဲ ငါးပေါင်းစားပေးတဲ့သူတွေဟာ မှတ်ဉာဏ်၊ သိရှိမှုပိုင်းနဲ့ ဆက်စပ်နေတဲ့ ဦးနှောက်ထုထည်ပိုကြီးကြတယ်ဆိုပြီး လေ့လာတွေ့ရှိထားပါတယ်’’ ဟု သုတေသနပညာရှင် ပါမောက္ခ ဂျိမ်းစ်တီဘက်ကာက ပြောသည်။

သီတင်းတစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ်ခန့် ငါးကင်စားသူများသည် ဦးနှောက်မှတ်ဉာဏ်နှင့် သိရှိမှုပိုင်းတို့တွင် ပို၍ကောင်းမွန်သည်ကို သုတေသနပညာရှင်များက လေ့လာတွေ့ရှိခဲ့သည်။
ငါးပုံမှန်မစားသူများထက် ပုံမှန်စားသူများက ပညာအဆင့်အတန်း ပိုသာဖွယ်ရှိသည်ဟုလည်း သုတေသနပညာရှင်များက ပြောသည်။ ငါးပုံမှန်စားသော အလေ့အကျင့်သည် ဦးနှောက်တွင်း ဖွဲ့စည်းတည်ဆောက်ပုံ ပြောင်းလဲမှုများ၏ အခြေခံအကြောင်းရင်းဖြစ်သည်။ ငါးစားပေးခြင်းဖြင့် ဦးနှောက်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပြီး ဦး နှောက်ကျန်းမာရေးကောင်းခြင်းသည် အသက်အရွယ်ရလာသည့်အခါ၌ ဖြစ်နိုင်ခြေရှိသော မှတ်ဉာဏ်ချွတ်ယွင်းမှု ပြဿနာများကို တားဆီးပေးခြင်း (သို့မဟုတ်) လျော့ပါးစေခြင်းများ ဖြစ်စေနိုင်သည်ဟု မစ္စတာဘက်ကာက ပြောသည်။

လာမည့် ၂၀၄၀ ပြည့်နှစ်အရောက်တွင် လူသန်း ၈၀ ကျော်သည် ဦးနှောက်မှတ်ဉာဏ်ချွတ်ယွင်းခြင်း ပြဿနာနှင့် ရင်ဆိုင်ရဖွယ်ရှိပြီး ယင်းကြောင့် မိသားစုဝင်များ ၀န်ထုပ်ဝန်ပိုးဖြစ်နိုင်ပြီး ကျန်းမာရေး ကုန်ကျစရိတ်များ မြင့်တက်နိုင်သည်ဟု သုတေသနပညာရှင်များက ခန့်မှန်းထားသည်။

ငါးများ၊ အစေ့များနှင့် အခွံမာသီးများတွင် ပမာဏများစွာပါဝင်သော အိုမီဂါ-၃ ဖက်တီးအက်စစ်များ၏ ဓာတ်တိုးဆန့်ကျင်ပစ္စည်း အကျိုးသက်ရောက်မှုသည် ဦးနှောက်ကျန်းမာရေးကောင်းမွန်မှုနှင့်လည်း ဆက်စပ်မှုရှိသည်ဟု သုတေသနပညာရှင်များက ပြောသည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top