iMyanmarHouse.com - Best Property Website for Myanmar
×












 ခင္ဗ်ားတုိ႔ဟာ ေခါက္ဆြဲေျခာက္ကို မၾကာခဏ စားသုံးေလ့ရိွၾကတဲ့သူေတြလား။ စိတ္မေကာင္းစြာနဲ႔ပဲ အဲဒီအက်င့္ဟာ က်န္းမားေရး အက်ဳိးဆက္တခ်ဳိ႕ကို ျပင္းထန္စြာ ခံစားရေစႏိုင္ပါတယ္။ အခ်ိန္တိုအတြင္းျပန္လည္ ျပင္ဆင္စားသုံးႏိုင္တဲ့ ေခါက္ဆြဲေျခာက္ေတြ စားသုံးျခင္းဟာ (Cardiometabolic syndrome) လို႔ ေခၚတဲ့ နလုံးေရာဂါ၊ ဆီးလြန္ေရာဂါ (သို႔) ရုတ္တရက္ ေလျဖတ္ျခင္းေဝဒနာေတြ ျဖစ္ႏိုင္ေခ် ပိုမ်ားပါတယ္။

အာရွလူဦးေရဟာ ေခါက္ဆြဲေျခာက္ကို အမ်ားဆုံး စားသုံးသူေတြျဖစ္ေနတာေၾကာင့္ Baylor University က သုေတသနပညာရွင္ေတြက ကိုရီးယားႏုိင္ငံရဲ့ ၂၀၀၇-၂၀၀၉ ခုႏွစ္က National Health and Nutrition Examination Survey IV ကို ၾကည့္ရႈစစ္ေဆးရာမွာေတာ့ ရိုးရာအစဥ္အလာအရ စားသုံးမႈပုံစံနဲ႔ အသားနဲ႔ တြဲဖက္အစာေျပ စားသုံးမႈပံုစံဆုိျပီး အဓိကအားျဖင့္ စားသုံးမႈ ပုံစံႏွစ္မ်ဳိးကို ေတြ႔ရိွခဲ့ရပါတယ္။

အထူးသျဖင့္ အျမန္ျပင္ဆင္ ခ်က္ျပဳတ္စားသုံးႏိုင္တဲ့ ေခါက္ဆြဲေျခာက္ ပမာဏေျမာက္မ်ားစြာ စားသုံးျခင္းရဲ့ အက်ဳိးဆက္ကို စစ္ေဆးေလ့လာၾကည့္တဲ့အခါမွာ တစ္ပတ္ အနည္းဆုံးႏွစ္ၾကိမ္စားသုံးျခင္းေၾကာင့္ အမ်ိဳးသမီးေတြၾကား ႏွလံုးေရာဂါျဖစ္ပြားမႈနဲ႔ အျခားဆက္စပ္ေရာဂါ ျဖစ္ပြားမႈဟာ သာမန္လူေတြထက္ (၆၈) ရာခိုင္ႏႈန္း ပိုမ်ားျပီး တစ္ပတ္တစ္ခါစားသုံးျခင္းဟာ ၎ေရာဂါျဖစ္ပြားမႈ (၂၆) ရာခိုင္ႏႈန္းပိုမ်ားတယ္လို႔ ဆိုပါတယ္။

ဒီလုိအႏၱရာယ္ မ်ားျပားျခင္းဟာ ေခါက္ဆြဲထဲမွာ ကယ္လိုရီ၊ ကာဗြန္ဟုိက္ဒရိုက္၊ ကစီဓာတ္နဲ႔ ဆိုဒီယမ္ ပမာဏ ပါဝင္မႈအလြန္မ်ားျပားေနျခင္းေၾကာင့္လို႔ သုေတသနပညာရွင္မ်ားက ယူဆထားပါတယ္။ အစာအာဟာရအျဖစ္ေျပာင္းလဲေပးတဲ့ ေပာာ္မုန္းဓာတ္ေတြေၾကာင့္ အထူးသျဖင့္ အမ်ဳိးသမီးေတြမွာ က်န္းမာေရးဆိုင္ရာ အက်ဳိးဆက္ဆိုးက်ိဳးေတြျဖစ္လာႏိုင္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ခင်ဗျားတို့ဟာ ခေါက်ဆွဲခြောက်ကို မကြာခဏ စားသုံးလေ့ရှိကြတဲ့သူတွေလား။ စိတ်မကောင်းစွာနဲ့ပဲ အဲဒီအကျင့်ဟာ ကျန်းမားရေး အကျိုးဆက်တချို့ကို ပြင်းထန်စွာ ခံစားရစေနိုင်ပါတယ်။ အချိန်တိုအတွင်းပြန်လည် ပြင်ဆင်စားသုံးနိုင်တဲ့ ခေါက်ဆွဲခြောက်တွေ စားသုံးခြင်းဟာ (Cardiometabolic syndrome) လို့ ခေါ်တဲ့ နလုံးရောဂါ၊ ဆီးလွန်ရောဂါ (သို့) ရုတ်တရက် လေဖြတ်ခြင်းဝေဒနာတွေ ဖြစ်နိုင်ချေ ပိုများပါတယ်။

အာရှလူဦးရေဟာ ခေါက်ဆွဲခြောက်ကို အများဆုံး စားသုံးသူတွေဖြစ်နေတာကြောင့် Baylor University က သုတေသနပညာရှင်တွေက ကိုရီးယားနိုင်ငံရဲ့ ၂၀၀၇-၂၀၀၉ ခုနှစ်က National Health and Nutrition Examination Survey IV ကို ကြည့်ရှုစစ်ဆေးရာမှာတော့ ရိုးရာအစဉ်အလာအရ စားသုံးမှုပုံစံနဲ့ အသားနဲ့ တွဲဖက်အစာပြေ စားသုံးမှုပုံစံဆိုပြီး အဓိကအားဖြင့် စားသုံးမှု ပုံစံနှစ်မျိုးကို တွေ့ရှိခဲ့ရပါတယ်။

အထူးသဖြင့် အမြန်ပြင်ဆင် ချက်ပြုတ်စားသုံးနိုင်တဲ့ ခေါက်ဆွဲခြောက် ပမာဏမြောက်များစွာ စားသုံးခြင်းရဲ့ အကျိုးဆက်ကို စစ်ဆေးလေ့လာကြည့်တဲ့အခါမှာ တစ်ပတ် အနည်းဆုံးနှစ်ကြိမ်စားသုံးခြင်းကြောင့် အမျိုးသမီးတွေကြား နှလုံးရောဂါဖြစ်ပွားမှုနဲ့ အခြားဆက်စပ်ရောဂါ ဖြစ်ပွားမှုဟာ သာမန်လူတွေထက် (၆၈) ရာခိုင်နှုန်း ပိုများပြီး တစ်ပတ်တစ်ခါစားသုံးခြင်းဟာ ၎င်းရောဂါဖြစ်ပွားမှု (၂၆) ရာခိုင်နှုန်းပိုများတယ်လို့ ဆိုပါတယ်။

ဒီလိုအန္တရာယ် များပြားခြင်းဟာ ခေါက်ဆွဲထဲမှာ ကယ်လိုရီ၊ ကာဗွန်ဟိုက်ဒရိုက်၊ ကစီဓာတ်နဲ့ ဆိုဒီယမ် ပမာဏ ပါဝင်မှုအလွန်များပြားနေခြင်းကြောင့်လို့ သုတေသနပညာရှင်များက ယူဆထားပါတယ်။ အစာအာဟာရအဖြစ်ပြောင်းလဲပေးတဲ့ ပောာ်မုန်းဓာတ်တွေကြောင့် အထူးသဖြင့် အမျိုးသမီးတွေမှာ ကျန်းမာရေးဆိုင်ရာ အကျိုးဆက်ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top