iMyanmarHouse.com - Best Property Website for Myanmar
×

အမေရိကန် ပေါ့ပ်စတားတေလာဆွစ်ဖ်က ကမ္ဘာကျော်နည်းပညာကုမ္ပဏီ ကြီးတစ်ခုဖြစ်သော Apple ကုမ္ပ ဏီ၏ တေးဂီတဝန်ဆောင်မှုအစီ အစဉ်သစ်တွင် ၎င်း၏ 1989 တေးအယ်လ်ဘမ်ကို ထုတ်လွှင့်ခွင့်ပြု မည်မဟုတ်ဟု ဇွန်လ ၂၁ ရက် နံနက်တွင် ပြောကြားခဲ့သည်။ Apple ကုမ္ပဏီသည် Apple Music တေးဂီတဝန်ဆောင်မှုကို အခမဲ့မိတ်ဆက်သည့် သုံးလတာကာလအတွင်း ထုတ်လွင့်သော သီချင်းများအတွက် ငွေပေးချေမည်မဟုတ်၍ 1989 တေး အယ်လ်ဘမ်ကို ထုတ်လုပ်ခွင့် မပြုတော့ခြင်းဖြစ်သည်ဟု တေ လာဆွစ်ဖ်က Tumblr စာမျက်နှာ၌ ရှင်းလင်းပြောကြားခဲ့သည်။

Apple ကုမ္ပဏီ၏ ယင်းမူဝါဒသည် စိတ်ပျက်စရာကောင်းပြီး သမိုင်းကြောင်းအရ ရက်ရော စေတနာကောင်းခဲ့သော ကုမ္ပဏီ နှင့်မတူဖြစ်ပွားခဲ့သည်ဟု တေ လာဆွစ်ဖ်ကဝေဖန်ပြောကြား သည်။ ‘‘Apple ကုမ္ပဏီကနေ iPhone အလကားပေးဖို့ ကျွန်မ တို့မတောင်းဖူးပါဘူး။

 ဒါကြောင့် ကျွန်မတို့ရဲ့ တေးဂီတတွေကို ဘာအနုပညာကြေးမှမပေးဘဲ ရှင်တို့ပေးပါလို့ကျေးဇူးပြုပြီး မတောင်းဆိုပါနဲ့’’ဟု တေလာ ဆွစ်ဖ်က Apple ကုမ္ပဏီသူဌေး များသို့ အိတ်ဖွင့်ပေးစာတွင်ပြော ကြားသည်။ အနုပညာရှင်များ အားလုံးကိုယ်စား တောင်းဆို သည်ဟုဆိုထားသော တေလာ ဆွစ်ဖ်၏တောင်းဆိုမှုကို Apple ကုမ္ပဏီကလည်း လက်ခံကြောင်း ကုမ္ပဏီဒုဥက္ကဋ္ဌ အက်ဒီခယူးက ဇွန်လ ၂၁ ရက်ညတွင် တွစ်တာစာမျက်နှာမှတစ်ဆင့်ကြေညာ သည်။

အက်ဒီခယူးသည် AppleMusic ဝန်ဆောင်မှုမှ 1989 တေးအယ်လ်ဘမ်ကို ပြန်လည်ရုပ်သိမ်းမည်ဟု ခြိမ်းခြောက်ခဲ့ သော တေလာဆွစ်ဖ်ထံသို့ ကိုယ်တိုင်ဖုန်းဆက်ပြီးဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့သည်။ Apple Music ဝန်ဆောင်မှု သည် စမ်းသပ်ကာလအတွင်း ထုတ်လွှင့်တင်ဆက် သောတေးသီချင်းများ၏အဆိုရှင်များ အားလုံးကို အနုပညာကြေးများ ပေးသွားမည်ဟု အက်ဒီခယူးက ဇွန်လ ၂၁ ရက်ညတွင် တွစ်တာစာမျက်နှာမှတစ်ဆင့်ပြောကြားခဲ့သည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top