iMyanmarHouse.com - Best Property Website for Myanmar
×










ပြဿနာတွေများ၊ စိတ်တွေဖိစီးပြီး စိတ်မောလူမော ဖြစ်နေချိန်တွင် လက်ဖက်ရည် ပူပူလေး တစ်ခွက်လောက် သောက်လိုက် ပါက စိတ်အပန်းတွေပြေကာ လူပါ လန်းဆန်းလာသည်ကို ကြုံဖူးသူတိုင်း သိကြလိမ့်မည်။ လက်ဖက်ရည် မဟုတ်လျှင်လည်း ကော်ဖီကို သောက်ပါက အလားတူ အကျိုးခံစားရသည်။  ထိုသို့  ဘာကြောင့် သက်သာ ရကြောင်းကိုလည်း သိပ္ပံပညာရှင်များက လက်တွေ့ သက်သေပြ ထားကြသည်။

 ပေါ်တူဂီနိုင်ငံတွင် ကြွက်များဖြင့် စမ်းသပ်မှု၌ လက်ဖက်ရည်နှင့် ကော်ဖီတို့တွင် ပါသော ကဖိန်းဓာတ်က စိတ်ဖိစီးမှု ဟော်မုန်းများကို တိုက်ထုတ် ပေးနိုင်ကြောင်း တွေ့ခဲ့ရသည်။  ကြွက်များကို စိတ်ဖိစီးစေသော ဟော်မုန်းများ ထိုးသွင်းကြည့်သည်။ ထိုအခါ ကြွက်များသည် ဂနာမငြိမ် ဖြစ်လာကြသလို၊ မှတ်ဉဏ်လည်း အားနည်းကုန်  ကြကာ မောပန်းလာပြီး မြန်မြန်အိုမင်း သည့် လက္ခဏာများ ပြလာသည်ကို တွေ့ခဲ့ရသည်။

 နောက်တစ်ကြိမ်တွင် ကြွက်များ သောက်မည့် ရေထဲသို့ ကဖိန်းဓာတ်များ ထည့်ပေးထားလိုက်သည်။ ထိုရေကို ကြွက်များသောက်ပြီး ကဖိန်းဓာတ် ၀င်သွားပြီ ဆိုတော့မှ စိတ်ဖိစီးစေသော ဟော်မုန်းဓာတ်များ ထိုးသွင်းကြည့်သည်။ ထိုအခါ ကဖိန်းဓာတ်သည် စိတ်ဖိစီးမှု ဟော်မုန်းများကို တိုက်ဖျက်သဖြင့် တော်တော်များများသော စိတ်ဖိစီး လက္ခဏာများ ကြွက်များတွင် ပေါ်မလာ တော့ကြောင်း တွေ့ခဲ့ရသည်။

 ကော်ဖီကို တစ်နေ့လုံး တစ်ခွက်ပြီး တစ်ခွက် သောက်နေခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်ခြေရှိ သော်လည်း မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းမှာ တစ်ခွက် နှစ်ခွက်လောက် သောက်ခြင်းကမူ စိတ်ဖိစီးမှုကိုပါ ကျဆင်းစေနိုင်စွမ်း ရှိကြောင်း ပညာရှင်များ  က အကြံပြုသည်။ လေ့လာ တွေ့ရှိချက်များကို Proceedings of the National Academy of Sciencesဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။     

Credit : messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top