iMyanmarHouse.com - Best Property Website for Myanmar
×













ကြွက်တက်ခြင်းကြောင့် သေဆုံး နိုင်သည်ဟု ထင်မြင်ယူဆမှုများမှာ မှားယွင်းကြောင်း မကွေးဆေးတက္ကသိုလ် ဆေးပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာဦးသိန်းအောင်က ပြောကြား သည်။

“ကြွက်တက်ခြင်းကြောင့်တော့ အသက်သေဆုံးခြင်းကို မဖြစ်စေနိုင် ပါဘူး။ ကျောက်ကပ်ရောဂါ၊ အသည်း ရောဂါ အခံရှိတဲ့သူတွေမှာ ပိုတက်စီယမ် အရမ်းနည်းသွားတာ (သို့) အရမ်းများသွားတာတို့ ဆိုရင်လည်းအခန့်မသင့်ရင် သေဆုံးနိုင်ပါတယ်။ပြီး တော့ ရေကူးနေရင်းလည်း ကြွက်တက်ရင်လည်း
 ရေမွန်းပြီးသေဆုံးနိုင် ပါတယ်။ ကြွက်တက်ခြင်းကြောင့်တော့ သေဆုံးနိုင်ခြေမရှိပါဘူး” ဟု ယင်းက ဆက်လက်ပြောသည်။

ခန္ဓာကိုယ်အတွင်းရှိအသားဓာတ်များမညီမျှသောအခါ ကြွက်သားများကျုံ့ဝင်သွားပြီး ကြွက်တက်ခြင်းကို
 ဖြစ်ပေါ်စေကြောင်း သိရသည်။“ကြွက်တက်ရခြင်း အကြောင်း အရင်းကတော့ ကိုယ်တွင်းမှာရှိတဲ့ ပိုတက်စီယမ်၊မဂ္ဂနီစီယမ်၊ကယ်လစီယမ်နည်းရင်ဖြစ်စေ၊များရင်ဖြစ်စေ ကြွက်တက်ခြင်းကို ဖြစ်ပေါ်စေတယ်။
 ကြွက်သားတွေ ကျုံ့ဝင်သွားတဲ့ အချိန်မှာလည်း ကြွက်တက်နိုင်ပါတယ်။ ကြွက်တက်ရောဂါဆိုပြီး သီးသန့်ကြီး အကြောင်းရင်းရှာဖို့ ခက်တယ်။ အခြားသော ကြွက်တက်ခြင်းနဲ့လည်း နည်းနည်းဆင်တူ တတ်တယ်။ အသက်ရှူတွေ အရမ်းမြန်လာမယ်။

ကယ်လစီယမ်တွေ နည်းလာတဲ့အချိန်မှာ ခြေချောင်း၊ လက်ချောင်းလေးတွေ ကပ်လာတာကိုလည်း ကြွက်တက်တယ်လို့ ပြောကြတယ်။ ပြီးတော့ လူတစ် ယောက်က လုပ်နေကျအလုပ်တစ်ခုထက် ပိုပြီးလုပ်တဲ့အခါမျိုးမှာ ကြွက် တတ်ခြင်းကို ဖြစ်ပေါ်စေနိုင်တယ်။ ဥပမာ- ယခင်ကထက် လမ်းပိုလျှောက် တာ၊ တောင်တက်တာ၊ ရေကူးတာ တို့ဆိုရင်လည်း ဖြစ်တတ်ပါတယ်” ဟု ပြောသည်။ကြွက်တက်သည့်အခါတွင် အ ချိန်အတိအကျမရှိကြောင်း ဒေါက်တာ သိန်းအောင်၏ ပြောပြချက်အရ သိရသည်။

“ကြွက်တက်ခြင်းကို တိုင်းတာဖို့ အချိန် အတိအကျတော့ မရှိပါဘူး။ ကြွက်တစ်ခါတက်ရင် စက္ကန့်ပိုင်းကနေ မိနစ်ပိုင်းလောက်တော့ ကြာတတ်ပါ တယ်။ တိုင်းတာဖို့ အချိန်အတိအကျတော့ မရှိပါဘူး” ဟုဆိုသည်။
အဆိုပါ ကြွက်တက်ခြင်း မဖြစ်အောင် ပုံမှန်လုပ်နေကျ အလုပ်များထက် ပိုလုပ်ကိုင်ခြင်း (သို့) လမ်းပိုလျှောက်ခြင်း (သို့) ရေကူးခြင်းကို ပုံမှန်ထက် ပိုလုပ်ကိုင်ခြင်းများတွင် အဖြစ်များလေ့ ရှိကြောင်း သိရသည်။

“ပုံမှန် ပင်ပင်ပန်းပန်းလုပ်လေ့မရှိ တဲ့ သူတစ်ယောက်က ယခင်ကထက် ပိုလုပ်ကိုင်လိုက်တဲ့အခါမှာ ကြွက်သားတွေက ကျုံ့လိုက်ဆန့်လိုက် မလုပ် တော့ဘဲ ကြွက်သားတွေ ကျုံ့ဝင်သွား တဲ့အခါ ကြွက်တက်ခြင်းကို ဖြစ်ပေါ်စေတယ်။အဲဒီလိုဖြစ်လာပြီဆိုရင် ကြွက် တက်တဲ့နေရာလေးကို အသာအယာ နှိပ်နယ်ပေးလိုက်ပါ။ ခဏတာလေး အတွင်းမှာ ကြွက်တက်တာ ပျောက် သွားပါလိမ့်မယ်။ ကြွက်တက်ခြင်း မဖြစ် အောင် ပုံမှန်လုပ်နေကျ အလုပ်ထက် ပိုလုပ်ကိုင်ခြင်းကို ရှောင်ကြဉ်သင့်ပါ တယ်” ဟု ဆက်လက်ပြောကြားခဲ့ သည်။

Credit : The Ladies News Journal

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top