iMyanmarHouse.com - Best Property Website for Myanmar
×











အသက်ကြီးသူ အမျိုးသားများတွင် ဇနီးမယားနှင့် အဆင်မပြေဖြစ် ပါက သွေးပေါင်ချိန် တက်လာကြောင်း အမေရိကန်နိုင်ငံ က ဆေးဘက် ဆိုင်ရာ လေ့လာမှု တစ်ခုကဆိုသည်။
ဆက်ဆံရေး အဆင်မပြေခြင်းသည် သွေးပေါင်တက်လာသည်နှင့် ဆက်စပ်နေသည်ကို ယခင်လေ့လာမှုများ အရ သိရှိသော်လည်း လင်မယားများတွင် တစ်ယောက်နှင့် တစ်ယောက် ဆက်ဆံရေးသည် ကျန်းမာရေးကို မည်သို့ထိခိုက်စေသည်ကိုမူ သိရှိမှု နည်းပါး ကြသည်။

လက်တလော လေ့လာချက်များတွင် သုတေသနပညာရှင်များက လင်မယားစုံတွဲ ၁၃၅၀ ကို ၂၀၀၆ ခုနှစ် တွင်တစ်ကြိမ်၊ ၂၀၁၀ တွင် တစ်ကြိမ် စမ်းသပ်မှုများ လုပ်ခဲ့ကြသည်။ ထို အတောအတွင်း ထိုသူတို့၏ ဆက်ဆံရေး အပြောင်းအလဲကြောင့် သွေးပေါင်ချိန် မည်သို့မြင့်တက် ခဲ့သည် ဆိုသည်ကို လေ့လာခဲ့သည်။

ထို့အပြင် ၁၉၅၃ ခုနှစ်က မွေးခဲ့သူ သက်ကြီးလင်မယား စုံတွဲ ၂၂၀၀၀ ကိုလည်း ထိုသူ တို့နှင့် မျက်နှာချင်းဆိုင် တွေ့ကာ ၎င်းတို့အချင်းချင်းကြားရှိ ဆက်ဆံရေးကို မေးမြန်းခဲ့သည်။

ထိုအုပ်စု ၂ ခုကို လေ့လာမှုအရ ငယ်ရွယ်သူစုံတွဲများအနေဖြင့် နာတာရှည်ရောဂါများ အဖြစ်နည်းသည်ကို တွေ့ရသည်။ ၂၀၀၆ ခုနှစ် လေ့လာစဉ်က အမျိုးသား သုံးပုံတစ်ပုံ တွင် သွေးတိုးရှိသည်ကို တွေ့ရပြီး အမျိုးသမီး ၂၆ ရာခိုင်နှုန်းတွင်သာ သွေးတိုး ရှိသည် ကို တွေ့ရသည်။ ၂၀၁၀ ခုနှစ် ပြန်လည် လေ့လာချိန်၌ အမျိုးသား ၃၇ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၃၀ ရာခိုင်နှုန်းတို့ တွင် သွေးတိုးရှိနေသည်ကို တွေ့ရသည်။

အဆိုပါလေ့လာမှုအရ အမျိုးသမီးများသည် ၎င်းတို့စိတ်ဖိစီးသည့်အခါ အမျိုးသားများ ကို သွေးပေါင်ချိန်တက် အောင် လုပ်ဆောင်ဖိအားပေးကြောင်း တွေ့ရှိရသည်။

Credit : The Ladies News Journal

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top