iMyanmarHouse.com - Best Property Website for Myanmar
×










မ်က္သားခမ္းေျခာက္မႈေဝဒနာ ခံစားရတဲ့ အေၾကာင္းအရင္း မ်ားစြာရိွပါတယ္။ တစ္ေနကုန္ ကြန္ပ်ဴတာ စူးစုိက္ၾကည့္လုိ႔ အိမ္အျပန္ ကားစီးရင္း ေလစိမ္းနဲ႔ ထိေတြ႔ခံရာကေနလည္း မ်က္သားခမ္းေျခာက္မႈေတြျဖစ္လာႏုိင္ပါတယ္။ သို႔ေပမယ့္ ဒါကို ငါးၾကီးဆီနဲ႔ ေျဖရွင္းႏုိင္ေၾကာင္း အိႏိၵယက သုေတသနအသစ္တစ္ခုက အခုိင္အမာ ေျပာဆိုခဲ့ပါတယ္။

မ်က္သားေျခာက္ေသြ႔တဲ့ လူနာ ၄၇၈ ကို ၃ လၾကာ ေလ့လာစစ္ေဆးျပီး ရရိွခဲ့တ့ဲ အေျဖျဖစ္ပါတယ္။ သူတုိ႔ သီအုိရီကို စမ္းသပ္ၾကည့္ဖုိ႔ လူနာမ်ားကို omega-3 ေဆးလုံး သုိ႔မဟုတ္ အာနိသင္မရိွတဲ့ သံလြင္ဆီေဆး ႏွစ္လုံး  ေန႔စဥ္ ေသာက္ခုိင္းပါတယ္။

ငါးၾကီးဆီေသာက္သူေတြရဲ႕ ေရာဂါလကၡဏာေတြကေတာ့ ေတာ္ေတာ္ေလး ထူးျခားသက္သာမႈရိွေၾကာင္း ေလ့လာေတြ႔ရိွခ်က္ေတြမွာ ေဖာ္ျပထားပါတယ္။ မ်က္စိေခ်ာမြတ္ေစဖုိ႔ အဆီေတြ ထုတ္ေပးတဲ့ဆဲလ္ေတြဟာ ငါးၾကီးဆီေသာက္ေတြရဲ႕ မ်က္စိမွာ ပုိလို႕လည္း ပ်ံ႕ႏွံ႔ပါတယ္။

ေရာင္ရမ္းမႈ ေလ်ာ့က်ေစျပီး ေသြးလည္ပတ္မႈ ေကာင္းမႈေစကာ မ်က္စိက်န္းမာေစျခင္းနဲ႔ မ်က္ရည္ေတြ ထုတ္ေပးပါတယ္။Omega3ရရိွမယ့္အလြယ္ဆုံးနည္းတစ္ခုကငါးၾကီးဆီ ေသာက္ျခင္းပဲျဖစ္ပါတယ္။Omega-3 ကို သဘာ၀နည္းအေလ်ာက္ ရခ်င္လွ်င္ လတ္ဆတ္တဲ့ငါးေတြ စားေပးဖုိ႔ပါ။ ပင္လယ္ငါးၾကီး၊ လတ္ဆတ္တဲ့ တိုနာငါးနဲ႔ ဆာမြန္ငါးေတြ မီွဝဲ စားသုံးႏုိင္ပါတယ္။

သက္သတ္လြတ္ေတြ အေနနဲ႔ သစ္ၾကားသီး သုိ႔မဟုတ္ omega ၾကြယ္ဝစြာ ပါဝင္တဲ့ အသီးအႏွံေတြ စားေပးႏုိင္ပါတယ္။ ကုိက္လန္၊ တရုတ္နာနံၾကီး၊ ဟင္းႏုႏြယ္နဲ႔ ေဂၚဖီထုပ္ စတဲ့ ဟင္းသီးဟင္းရြက္စိမ္းေတြလည္း မီွဝဲ စားသုံးႏုိင္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မျက်သားခမ်းခြောက်မှုဝေဒနာ ခံစားရတဲ့ အကြောင်းအရင်း များစွာရှိပါတယ်။ တစ်နေကုန် ကွန်ပျူတာ စူးစိုက်ကြည့်လို့ အိမ်အပြန် ကားစီးရင်း လေစိမ်းနဲ့ ထိတွေ့ခံရာကနေလည်း မျက်သားခမ်းခြောက်မှုတွေဖြစ်လာနိုင်ပါတယ်။ သို့ပေမယ့် ဒါကို ငါးကြီးဆီနဲ့ ဖြေရှင်းနိုင်ကြောင်း အိန္ဒိယက သုတေသနအသစ်တစ်ခုက အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

မျက်သားခြောက်သွေ့တဲ့ လူနာ ၄၇၈ ကို ၃ လကြာ လေ့လာစစ်ဆေးပြီး ရရှိခဲ့တဲ့ အဖြေဖြစ်ပါတယ်။ သူတို့ သီအိုရီကို စမ်းသပ်ကြည့်ဖို့ လူနာများကို omega-3 ဆေးလုံး သို့မဟုတ် အာနိသင်မရှိတဲ့ သံလွင်ဆီဆေး နှစ်လုံး  နေ့စဉ် သောက်ခိုင်းပါတယ်။

ငါးကြီးဆီသောက်သူတွေရဲ့ ရောဂါလက္ခဏာတွေကတော့ တော်တော်လေး ထူးခြားသက်သာမှုရှိကြောင်း လေ့လာတွေ့ရှိချက်တွေမှာ ဖော်ပြထားပါတယ်။ မျက်စိချောမွတ်စေဖို့ အဆီတွေ ထုတ်ပေးတဲ့ဆဲလ်တွေဟာ ငါးကြီးဆီသောက်တွေရဲ့ မျက်စိမှာ ပိုလို့လည်း ပျံ့နှံ့ပါတယ်။

ရောင်ရမ်းမှု လျော့ကျစေပြီး သွေးလည်ပတ်မှု ကောင်းမှုစေကာ မျက်စိကျန်းမာစေခြင်းနဲ့ မျက်ရည်တွေ ထုတ်ပေးပါတယ်။Omega3ရရှိမယ့်အလွယ်ဆုံးနည်းတစ်ခုကငါးကြီးဆီ သောက်ခြင်းပဲဖြစ်ပါတယ်။Omega-3 ကို သဘာဝနည်းအလျောက် ရချင်လျှင် လတ်ဆတ်တဲ့ငါးတွေ စားပေးဖို့ပါ။ ပင်လယ်ငါးကြီး၊ လတ်ဆတ်တဲ့ တိုနာငါးနဲ့ ဆာမွန်ငါးတွေ မှီဝဲ စားသုံးနိုင်ပါတယ်။

သက်သတ်လွတ်တွေ အနေနဲ့ သစ်ကြားသီး သို့မဟုတ် omega ကြွယ်ဝစွာ ပါဝင်တဲ့ အသီးအနှံတွေ စားပေးနိုင်ပါတယ်။ ကိုက်လန်၊ တရုတ်နာနံကြီး၊ ဟင်းနုနွယ်နဲ့ ဂေါ်ဖီထုပ် စတဲ့ ဟင်းသီးဟင်းရွက်စိမ်းတွေလည်း မှီဝဲ စားသုံးနိုင်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top