လက်ဖက်ရည်ကြမ်းနဲ့ ကျန်းမားရေး
ဒီလိုမျိုး သာမန် လက်ဖက်ခြောက်လေး ခတ်ထားပြီး သောက်လေ့ ရှိကြတဲ့ လက်ဖက်ရည်ကြမ်းက သင့်ကို ရောဂါ အတော် များများကနေ ကာကွယ် ပေးနိုင်တယ်ဆိုရင် အံ့သြမိမှာပါ။ သိပ္ပံပညာရှင်တွေကတော့ လက်ဖက်ရွက်မှာ တခြား အသီးအရွက်တွေနဲ့ မတူတဲ့ ထူးခြားတဲ့ ဓာတ်တွေ ပါဝင်နေတယ်လို့ ယူဆကြပါတယ်။
လက်ဖက်ရည်ကြမ်းမှာ Vitamin B နဲ့ Vitamin C ပါတဲ့ အပြင် လက်ဖက်ရည်ထက် ကဖင်းဓာတ်လည်း ပိုနည်းပါတယ်။ ဒါ့အပြင် လက်ဖက်ရည်ကြမ်းက အဆီကျ လှပစေနိုင်ပါတယ်။
သာမန် ဖျားနာခြင်းကို ကုသ ပေးနိုင်ပါတယ်
လက်ဖက်ရည်ကြမ်းက အစာ အဆိပ်သင့်ခြင်း၊ ၀မ်းလျှောခြင်းနဲ့ ဖျားနာခြင်းတွေကို တိုက်ဖျက် ပေးနိုင်ပါတယ်။ ဒါ့အပြင် လက်ဖက်ရည်ကြမ်း မှန်မှန် သောက်ပေးရင် သွားပိုးစားစေတဲ့ ပိုးတွေကိုလည်း တားဆီး ပေးနိုင်ပါတယ်။
ခံတွင်း ကင်ဆာ ဖြစ်နိုင်ချေကို လျော့ကျစေပါတယ်
လက်ဖက်ရည်ကြမ်းကို ဖြည်းဖြည်းချင်း သောက်တာပဲ ဖြစ်ဖြစ် ပါးစပ်ထဲမှာ ခဏလောက် ငုံထားတာပဲ ဖြစ်ဖြစ် ထိုနည်းအတိုင်း လုပ်ဆောင်ပေးခြင်းက ခံတွင်းနဲ့ လည်မျိုတွင်းက ခုခံအားတွေကို ကောင်းစေပါတယ်။ ဒါကြောင့် ရေနွေးကြမ်း သောက်တဲ့သူတွေမှာ ခံတွင်းပိုင်းဆိုင်ရာ ကင်ဆာတွေ ဖြစ်ပွားမှု နည်းရတာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက သုံးသပ်ကြပါတယ်။
ရင်သား ကင်ဆာကို တိုက်ဖျက်ပေးပါတယ်
ဒါကတော့ လက်ဖက်ရည်ကြမ်း ပုံမှန်သောက်တတ်တဲ့ အမျိုးသမီးတွေ အတွက် သတင်းကောင်းပဲ ဖြစ်ပါတယ်။ တစ်နေ့ကို လက်ဖက်ရည်ကြမ်း ငါးခွက်နဲ့ အထက် သောက်ပေးတာက ရင်သားကင်ဆာ ဖြစ်ပွားခြင်းကနေ သက်သာ စေပါတယ်။ တကယ်လို့ ရင်သားကင်ဆာ အစပိုင်း အဆင့်လောက်ကို စမ်းသပ် တွေ့ရှိလျှင် တစ်နေ့ကို လက်ဖက်ရည်ကြမ်း ရှစ်ခွက်နဲ့ အထက် သောက်ပေးသင့်ပါတယ်။
နှလုံးရောဂါနဲ့ ဦးနှောက် သွေးကြောပြတ်ခြင်းကို ကာကွယ် ပေးပါတယ်
လက်ဖက်ရည်ကြမ်းက သွေးဖိအားနဲ့ ကိုလက်စထရောကို ကျစေပါတယ်။ ဆိုလိုတာက နှလုံးရောဂါကို တားဆီး ပေးနိုင်ပါတယ်။ သင်ဟာ ကော်ဖီ အရမ်းသောက်တဲ့ သူဆိုရင် လက်ဖက်ရည်ကြမ်းကိုလည်း ပြောင်းသောက်ကြည့်ပါဦး။ ဟားဗတ် ဆေးကျောင်းရဲ့ လေ့လာ တွေ့ရှိချက်အရ လက်ဖက်ရည်ကြမ်း သောက်တဲ့ သူတွေက ကော်ဖီသောက်တဲ့ သူတွေထက် နှလုံးရောဂါ ဖြစ်နိုင်ချေ နည်းပါးပါတယ်။
အသည်းကိုလည်း ကောင်းစေပါတယ်
လက်ဖက်ရည်ကြမ်း သောက်ခြင်းဖြင့် အသည်းရဲ့ ဆဲလ်တွေကို ပျက်စီးစေတဲ့ အဆိပ် အတောက်တွေကို ဖယ်ရှား ပေးပါတယ်။ တစ်နေ့ကို လက်ဖက်ရည်ကြမ်း (၁၀) ခွက်နဲ့ အထက် သောက်ပေးလျှင် အသည်းရောဂါကို ကာကွယ် ပေးနိုင်ပါတယ်။ အဲဒီ့ ပမာဏလောက် သောက်တာက ကဖင်းဓာတ်များစေနိုင်တဲ့ အတွက် ကဖင်းဓာတ် ထုတ်ထားတဲ့ လက်ဖက်ခြောက်ကို ရွေးချယ် သောက်သုံး နိုင်ပါတယ်။
အရိုးကြွပ်ဆတ်တဲ့ ရောဂါကို ကာကွယ် ပေးနိုင်ပါတယ်
အင်္ဂလန်နိုင်ငံမှာ စမ်းသပ်ချက်အရ လက်ဖက်ရည်သောက်တဲ့ အမျိုးသမီးတွေက မသောက်တဲ့ အမျိုးသမီးတွေထက် ပိုပြီး အရိုးသိပ်သည်းဆ ကောင်းတယ် ဆိုတာပါပဲ။ အရိုးသိပ်သည်း အားကောင်းစေတဲ့ ဓာတ်က လက်ဖက်ရည်ကြမ်းရော လက်ဖက်ရည်မှာရောပါ ပါဝင်ပါတယ်။
ခန္ဓာကိုယ် သွယ်လျစေပါတယ်
လက်ဖက်ရည်ကြမ်းက အထက်ပါ ရောဂါကြီးတွေကို ကာကွယ် ပေးနိုင်ရုံ သာမက အဆီကျ လှပစေနိုင်ပါတယ်။ အစာစားစဉ် လက်ဖက်ရည်ကြမ်း သောက်ပေးတာက အစာချေဖျက်မှုကို တိုးတက် ကောင်းမွန်စေပါတယ်။ ၀ိတ်လျှော့ နေသူတွေ အတွက် သတင်းကောင်း ကတော့ လက်ဖက်ရည်ကြမ်းက အဆီကို လောင်ကျွမ်းစေနိုင်တယ် ဆိုတာပါပဲ။
ဒါကြောင့် သွယ်လျ လှပချင်ရင် လက်ဖက်ရည်ကြမ်းသာ မှန်မှန် သောက်ပေးလိုက်ပါ။
Credit : The Messenger
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...