iMyanmarHouse.com - Best Property Website for Myanmar
×











အမေရိကန် အဆိုတော် မာရီယာကာရေးသည် သြစတြေးလျဘီလျံနာ   သူဌေးကြီး  ဂျိမ်းစ်ပက်ကာနှင့် ချိန်းတွေ့နေသည်ဟု သတင်းများ ထွက်လျက်ရှိသည်။

အသက် (၄၅)နှစ်အရွယ် မာရီယာကာရေးနှင့် အသက် (၄၇)နှစ်အရွယ်ရှိ ဂျိမ်းစ်ပက်ကာတို့သည် ဇွန်လ ၁၉ ရက်တွင် အီ တလီနိုင်ငံ ကပ်ပရီကျွန်း၌ ရယ်မောပျော်ရွှင်စွာ လက်ချင်းတွဲ လျက် လမ်းလျှောက်လာကြောင်း မှတ်တမ်းတင်ထားသည့် ဓာတ်ပုံတစ်ပုံကို TMZ သတင်းဝက်ဘ် ဆိုက်ကဖော်ပြခဲ့သည်။ ၎င်းတို့သည် ပက်ကာ၏ ဇိမ်ခံရွက်လှေ ပေါ်တွင်နေထိုင်ကြပြီး ကပ်ပရီကျွန်းမှတစ်ဆင့် ပြင်သစ်နိုင်ငံ ကိန်းစ်မြို့နှင့် စိန့်ထရိုပက်ဇ်မြို့များသို့ သွားရောက်ရန်စီစဉ်ထားသည်။

မာရီယာကာရေး၏  မိတ်ဆွေဖြစ်သော ရုပ်ရှင်ထုတ်လုပ်ဘရက်ရက်နာ၏ မိတ်ဆက်ပေးမှုအရ ၎င်းတို့နှစ်ဦးနီးစပ်ခဲ့ကြောင်းနှင့် နှစ်ဦးစတင်ချိန်းတွ့သည့် အချိန်အတိအကျကိုမူမသိရသေးကြောင်း အမည်မဖော်လိုသော သတင်းရင်းမြစ်များက ပြောသည်ဟု TMZ သတင်းကဖော်ပြသည်။

ဂရမ်မီဆုများရှင် မာရီယာကာရေးသည် ခင်ပွန်းဖြစ်သူအဆိုတော်နစ်ကန်နွန်နှင့် ၂၀၁၄တွင် လမ်းခွဲခဲ့သည်။ မာရီယာကာရေးနှင့် နစ်ကန်နွန်တို့သည် မအောင်မြင်သောအိမ်ထောင်ရေး အဆုံးသတ်လိုက်သော်လည်း အမြွှာကလေးများအတွက် မကြာခဏ တွေ့ဆုံနေကြသည်။    

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top