iMyanmarHouse.com - Best Property Website for Myanmar
×










ကေလးေတြကို ခ်ီးမြမ္းေျမာက္ပင့္ေျပာဆုိတာဟာ သူတို႔ကို ကုိယ့္ကုိယ္ကုိ ယုံၾကည္မႈရရိွေစတယ္လုိ႔ ကြ်ႏု္ပ္တုိ႔ ယုံဆေကာင္း ယုံဆႏုိင္တယ္။ သုိ႔ေသာ္ တခါတေလ ခ်ီးမြမ္းေျပာဆုိမႈနဲ႔တင္ မလုံေလာက္ပါဘူး။ မၾကာခဏဆုိသလုိ မိမိကေလးငယ္ေတြ ေပ်ာ္ရႊင္ေစဖုိ႔ လုပ္ေဆာင္ေပးေနသည့္တုိင္  သိမ္ငယ္သြားတတ္ၾကပါတယ္။ မိဘမ်ားအေနျဖင့္ သူတုိ႔ရဲ႕မိမိကုိယ္ကုိယ္ကုိယုံၾကည္မႈကင္းမဲ့ျခင္းကို အေျဖရွာ ေဖာ္ထုတ္ဖုိ႔နဲ႔ ျပန္လည္ထူေထာင္မႈလုပ္ေပးဖုိ႔ မိမိတို႔တာဝန္ျဖစ္ပါတယ္။

(၁) တုံ႔ျပန္မႈကို လက္မခံႏုိင္ျခင္း
အျပဳသေဘာေဆာင္ေသာ ေျပာဆုိေဝဖန္မႈ မေျပာၾကလုိ႔ အဒီအေပၚ သူတုိ႔ မခ်ိမဆံ့ ခံစားေလ့ရိွၾကပါတယ္။ သိမ္ငယ္စိတ္ရိွတဲ့ ကေလးေတြ ေျမာက္ပင့္ခ်ီးမြမ္းျခင္းကို လက္မခံႏုိင္ၾကပါဘူး။ ဘာေၾကာင့္လဲဆုိရင္ အဲဒါကို အမွန္လုိ႔ သူတုိ ႔မယုံၾကည္ၾကလုိ႔ပဲျဖစ္တယ္။ သူတုိ႔ကို သြားခ်ီးမြမ္းရင္ ေခါင္းခါ၊ မ်က္စိ ကလည္ကလည္လုပ္ျပီး သေဘာမတူေၾကာင္း တုံ႔ျပန္ေလ့ရိွပါတယ္။

(၂) ဘဝစိန္ေခၚမႈေတြ ေဝးေဝးေရွာင္ျခင္း
သင့္ကေလးက အလုပ္ေတြကို လုပ္ေတာင္မလုပ္ၾကည့္ေသးဘဲ ေရွာင္ဖယ္တတ္သလား။ ဒါမွမဟုတ္ စိတ္ပ်က္စရာစျဖစ္ရုံေလးနဲ႔ အရႈံးေပးတတ္သလား။ ဒါဟာ သိမ္ငယ္မႈကေန ျမစ္ျဖားခံတဲ့ ရႈံးနိမ့္မႈကို ေၾကာက္ရြံ႕တဲ့ လကၡဏာျဖစ္ပါတယ္။

(၃) အေပါင္းသင္းမရွာ တစ္ကုိယ္တည္းေနထုိင္ျခင္း
ကေလးတုိင္း အေပါင္းအသင္း မမက္ၾကပါ။ တခါတေလ အရွက္အေၾကာက္ၾကီးတာ လကၡဏာ တစ္ရပ္ျဖစ္တတ္ပါတယ္။ လူမႈအေပါင္းသင္းနဲ႔ ကင္းကင္းရွင္းရွင္းေနထုိင္တဲ့ ကေလးတစ္ေယာက္ တျခားသူေတြ ေျပာဆုိလုပ္ကုိင္လာမယ့္ အရာေပၚ စိုးရိမ္တာေၾကာင့္ သိမ္ငယ္စိတ္ျဖစ္ႏုိင္ပါတယ္။ အဲဒီဥာဥ္က စိတ္မရႊင္၊ ညဳိးငယ္မႈကေန သိႏုိင္တယ္။ ဒါ့ေၾကာင့္ သင့္ကေလး အရင္က ႏွစ္ျခဳိက္သေဘာက်တဲ့ သူငယ္ခ်င္း သုိ႔မဟုတ္ လႈပ္ရွားမႈေတြကေန စျပီး အဆက္ျပတ္သလား အာရုံစုိက္ေပးရပါမယ္။

(၄) မိမိကုိယ္ကိုယ္ ေဝဖန္ေျပာဆုိျခင္း     
ငယ္ရြယ္ခ်ိန္နဲ႔ ဆယ္ေက်ာ္သက္အရြယ္မွာ အပ်က္သေဘာက  ပုိမိုထင္သာျမင္သာရိွေပမယ့္ ငယ္ရြယ္တဲ့ကေလးေတြ စိတ္ထိခုိက္လြယ္ၾကပါတယ္။ သင့္ကေလးက မိမိရုပ္ရည္၊ ဦးေႏွာက္ဥာဏ္ရည္ သို႔မဟုတ္ ကုိယ့္ပင္ကုိယ္အရည္အေသြးနဲ႔ပတ္သက္ျပီး တစ္ခ်ိန္လုံး အျပစ္ဆုိေနပါက ေျမာက္ပင့္ေျပာဆုိေပးဖုိ႔ လုိအပ္ေနျပီျဖစ္ပါတယ္။

(၅) မိမိရြယ္တူေတြအေပၚ အႏုိင္က်င့္ဗုိလ္က်ျခင္း
အႏုိင္က်င့္ဗုိလ္က်တာ မိမိကုိယ္ ယုံၾကည္မႈရိွျခင္းလုိ႔ ကြ်ႏု္ပ္တုိ႔ ယူဆေလ့ရိွပါတယ္။ တကယ္ေတာ့ မ်ားေသာအားျဖင့္ သူတို႔ရဲ႕ မိမိကုိယ္ကုိယ္ ယုံၾကည္မႈနည္းေနမႈေၾကာင့္ ေဒါသတၾကီး ရမ္းကားေနျခင္းသာျဖစ္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကလေးတွေကို ချီးမွမ်းမြောက်ပင့်ပြောဆိုတာဟာ သူတို့ကို ကိုယ့်ကိုယ်ကို ယုံကြည်မှုရရှိစေတယ်လို့ ကျွနု်ပ်တို့ ယုံဆကောင်း ယုံဆနိုင်တယ်။ သို့သော် တခါတလေ ချီးမွမ်းပြောဆိုမှုနဲ့တင် မလုံလောက်ပါဘူး။ မကြာခဏဆိုသလို မိမိကလေးငယ်တွေ ပျော်ရွှင်စေဖို့ လုပ်ဆောင်ပေးနေသည့်တိုင်  သိမ်ငယ်သွားတတ်ကြပါတယ်။ မိဘများအနေဖြင့် သူတို့ရဲ့မိမိကိုယ်ကိုယ်ကိုယုံကြည်မှုကင်းမဲ့ခြင်းကို အဖြေရှာ ဖော်ထုတ်ဖို့နဲ့ ပြန်လည်ထူထောင်မှုလုပ်ပေးဖို့ မိမိတို့တာဝန်ဖြစ်ပါတယ်။

(၁) တုံ့ပြန်မှုကို လက်မခံနိုင်ခြင်း
အပြုသဘောဆောင်သော ပြောဆိုဝေဖန်မှု မပြောကြလို့ အဒီအပေါ် သူတို့ မချိမဆံ့ ခံစားလေ့ရှိကြပါတယ်။ သိမ်ငယ်စိတ်ရှိတဲ့ ကလေးတွေ မြောက်ပင့်ချီးမွမ်းခြင်းကို လက်မခံနိုင်ကြပါဘူး။ ဘာကြောင့်လဲဆိုရင် အဲဒါကို အမှန်လို့ သူတို့မယုံကြည်ကြလို့ပဲဖြစ်တယ်။ သူတို့ကို သွားချီးမွမ်းရင် ခေါင်းခါ၊ မျက်စိ ကလည်ကလည်လုပ်ပြီး သဘောမတူကြောင်း တုံ့ပြန်လေ့ရှိပါတယ်။

(၂) ဘဝစိန်ခေါ်မှုတွေ ဝေးဝေးရှောင်ခြင်း
သင့်ကလေးက အလုပ်တွေကို လုပ်တောင်မလုပ်ကြည့်သေးဘဲ ရှောင်ဖယ်တတ်သလား။ ဒါမှမဟုတ် စိတ်ပျက်စရာစဖြစ်ရုံလေးနဲ့ အရှုံးပေးတတ်သလား။ ဒါဟာ သိမ်ငယ်မှုကနေ မြစ်ဖြားခံတဲ့ ရှုံးနိမ့်မှုကို ကြောက်ရွံ့တဲ့ လက္ခဏာဖြစ်ပါတယ်။

(၃) အပေါင်းသင်းမရှာ တစ်ကိုယ်တည်းနေထိုင်ခြင်း
ကလေးတိုင်း အပေါင်းအသင်း မမက်ကြပါ။ တခါတလေ အရှက်အကြောက်ကြီးတာ လက္ခဏာ တစ်ရပ်ဖြစ်တတ်ပါတယ်။ လူမှုအပေါင်းသင်းနဲ့ ကင်းကင်းရှင်းရှင်းနေထိုင်တဲ့ ကလေးတစ်ယောက် တခြားသူတွေ ပြောဆိုလုပ်ကိုင်လာမယ့် အရာပေါ် စိုးရိမ်တာကြောင့် သိမ်ငယ်စိတ်ဖြစ်နိုင်ပါတယ်။ အဲဒီဉာဉ်က စိတ်မရွှင်၊ ညိုးငယ်မှုကနေ သိနိုင်တယ်။ ဒါ့ကြောင့် သင့်ကလေး အရင်က နှစ်ခြိုက်သဘောကျတဲ့ သူငယ်ချင်း သို့မဟုတ် လှုပ်ရှားမှုတွေကနေ စပြီး အဆက်ပြတ်သလား အာရုံစိုက်ပေးရပါမယ်။

(၄) မိမိကိုယ်ကိုယ် ဝေဖန်ပြောဆိုခြင်း    
ငယ်ရွယ်ချိန်နဲ့ ဆယ်ကျော်သက်အရွယ်မှာ အပျက်သဘောက  ပိုမိုထင်သာမြင်သာရှိပေမယ့် ငယ်ရွယ်တဲ့ကလေးတွေ စိတ်ထိခိုက်လွယ်ကြပါတယ်။ သင့်ကလေးက မိမိရုပ်ရည်၊ ဦးနှောက်ဉာဏ်ရည် သို့မဟုတ် ကိုယ့်ပင်ကိုယ်အရည်အသွေးနဲ့ပတ်သက်ပြီး တစ်ချိန်လုံး အပြစ်ဆိုနေပါက မြောက်ပင့်ပြောဆိုပေးဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

(၅) မိမိရွယ်တူတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျခြင်း
အနိုင်ကျင့်ဗိုလ်ကျတာ မိမိကိုယ် ယုံကြည်မှုရှိခြင်းလို့ ကျွနု်ပ်တို့ ယူဆလေ့ရှိပါတယ်။ တကယ်တော့ များသောအားဖြင့် သူတို့ရဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုနည်းနေမှုကြောင့် ဒေါသတကြီး ရမ်းကားနေခြင်းသာဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top