iMyanmarHouse.com - Best Property Website for Myanmar
×









ေခ်ာကလက္ကို ၁၀၀ ဂရမ္ ပမာဏအထိ ေန႕စဥ္ စားသံုးေပးျခင္းျဖင့္ ႏွလံုးေရာဂါႏွင့္ ေလျဖတ္ျခင္း အႏၱရာယ္ကို ေလ်ာ့က်ေစႏိုင္ပါတယ္။

Aberdeen တကၠသိုလ္မွ ေခ်ာကလက္မစားသူမ်ားနဲ႕ ေခ်ာကလက္စားသူမ်ားကို ႏႈိင္းယွဥ္ သုေတသနျပဳခ်က္အရ ေခ်ာကလက္စားသူမ်ားက ႏွလံုးေရာဂါ ျဖစ္ႏိုင္ေျခအႏၱရာယ္ ၁၁ ရာခိုင္ႏႈန္းနည္းပါးေၾကာင္း ေတြ႔ရွိရပါတယ္။

ဒါအျပင့္ ေခ်ာကလက္စားသူမ်ားဟာ ႏွလံုးနဲ႕ ဆက္စပ္တဲ့ ေရာဂါ လကၡဏာမ်ားနဲ႕ေသဆံုးႏိုင္ေျခ ဟာ ၂၅ ရာခိုင္ႏႈန္း နည္းပါးေၾကာင္းေတြ႕ရျပီး ေလျဖတ္ႏိုင္တဲ့ အႏၱရာယ္ဟာ ၂၃ ရာခိုင္ႏႈန္းနည္းပါးေၾကာင္းေတြ႕ရပါတယ္။

ထိုသို႕ ေခ်ာကလက္စားသံုးရာမွာလည္း ေခ်ာကလက္ အမည္းစားသံုးျခင္းဟာ ႏို႕ေခ်ာကလက္စားသံုးျခင္းထက္ ပိုျပီး အက်ိဳးမ်ားေၾကာင္း သိရပါတယ္။

သိပၸံပညာရွင္မ်ားဟာ လူေပါင္း ၁၅၈၀၀၀အား ႏွလံုးေရာဂါနဲ႕ ေခ်ာကလက္တို႕ရဲ႕ ဆက္စပ္မႈမ်ားကို အဖန္ဖန္ သံုးသပ္ခဲ့ၾကျပီးျဖစ္ပါတယ္။

သို႕ေသာ ္မစ္စတာ လန္ဒန္ရဲ႔ ေျပာၾကားခ်က္အရ ေခ်ာကလက္မွာ သၾကားဓာတ္ျမင့္မားစြာပါ၀င္ေနတဲ့အတြက္ အဆီမ်ားစုလာႏိုင္ျပီး ႏွလံုးက်န္းမာေရးအတြက္ အေထာက္အကူမျဖစ္ႏိုင္ေၾကာင္းဆိုပါတယ္။

ႏွလံုးက်န္းမာေရး ေဖာင္ေဒးရွင္းအဖြဲ႔က အၾကံေပးခ်က္အရ ႏွလံုးေရာဂါျဖစ္ပြားမႈေလ်ာ့က်ေရးအတြက္ အေကာင္းဆံုးနည္းလမ္းကေတာ့ သင့္တင္မွ်တျပီး က်န္းမာေရးအတြက္ေကာင္းမြန္တဲ့ အစားအစာမ်ားစားျခင္း ၊ေန႕စဥ္ ကိုယ္လက္ေလ့က်င့္ခန္းလုပ္ေဆာင္ျခင္း၊ အထိုင္မ်ားျခင္းေရွာင္ရွားျခင္း၊ ေဆးလိပ္ေရွာင္ျခင္းနဲ႕ ကိုယ္အေလးခ်ိန္ထိန္းသိမ္းျခင္းမ်ားျဖစ္ေၾကာင္း ၄င္းက ေျပာၾကားခဲ့ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ချောကလက်ကို ၁၀၀ ဂရမ် ပမာဏအထိ နေ့စဉ် စားသုံးပေးခြင်းဖြင့် နှလုံးရောဂါနှင့် လေဖြတ်ခြင်း အန္တရာယ်ကို လျော့ကျစေနိုင်ပါတယ်။

Aberdeen တက္ကသိုလ်မှ ချောကလက်မစားသူများနဲ့ ချောကလက်စားသူများကို နှိုင်းယှဉ် သုတေသနပြုချက်အရ ချောကလက်စားသူများက နှလုံးရောဂါ ဖြစ်နိုင်ခြေအန္တရာယ် ၁၁ ရာခိုင်နှုန်းနည်းပါးကြောင်း တွေ့ရှိရပါတယ်။

ဒါအပြင့် ချောကလက်စားသူများဟာ နှလုံးနဲ့ ဆက်စပ်တဲ့ ရောဂါ လက္ခဏာများနဲ့သေဆုံးနိုင်ခြေ ဟာ ၂၅ ရာခိုင်နှုန်း နည်းပါးကြောင်းတွေ့ရပြီး လေဖြတ်နိုင်တဲ့ အန္တရာယ်ဟာ ၂၃ ရာခိုင်နှုန်းနည်းပါးကြောင်းတွေ့ရပါတယ်။

ထိုသို့ ချောကလက်စားသုံးရာမှာလည်း ချောကလက် အမည်းစားသုံးခြင်းဟာ နို့ချောကလက်စားသုံးခြင်းထက် ပိုပြီး အကျိုးများကြောင်း သိရပါတယ်။

သိပ္ပံပညာရှင်များဟာ လူပေါင်း ၁၅၈၀၀၀အား နှလုံးရောဂါနဲ့ ချောကလက်တို့ရဲ့ ဆက်စပ်မှုများကို အဖန်ဖန် သုံးသပ်ခဲ့ကြပြီးဖြစ်ပါတယ်။

သို့သော ်မစ်စတာ လန်ဒန်ရဲ့ ပြောကြားချက်အရ ချောကလက်မှာ သကြားဓာတ်မြင့်မားစွာပါဝင်နေတဲ့အတွက် အဆီများစုလာနိုင်ပြီး နှလုံးကျန်းမာရေးအတွက် အထောက်အကူမဖြစ်နိုင်ကြောင်းဆိုပါတယ်။

နှလုံးကျန်းမာရေး ဖောင်ဒေးရှင်းအဖွဲ့က အကြံပေးချက်အရ နှလုံးရောဂါဖြစ်ပွားမှုလျော့ကျရေးအတွက် အကောင်းဆုံးနည်းလမ်းကတော့ သင့်တင်မျှတပြီး ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အစားအစာများစားခြင်း ၊နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဆောင်ခြင်း၊ အထိုင်များခြင်းရှောင်ရှားခြင်း၊ ဆေးလိပ်ရှောင်ခြင်းနဲ့ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းများဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top