iMyanmarHouse.com - Best Property Website for Myanmar
×









အနုပညာ သက်တမ်း သုံးနှစ်အတွင်းမှာ အောင်မြင်မှုနှုန်းမြင့်ခဲ့တဲ့ ဆယ်ကျော်သက် မင်းသမီး ရွှေမှုံရတီက နားလည်မှု အပြည့်အ၀ရှိတဲ့ ချစ်သူကိုသာ လက်တွဲချင်ကြောင်း ပြောပြပါတယ်။““ညီမ အနေနဲ့ အခုအချိန်မှာတော့ ကိုယ့်ရဲ့အချစ်ရေးဆိုတာ သိပ်ပြီးတော့ မလိုက်ဖက်သေးဘူးလို့ ထင်ပါတယ်။

 နောက်ပြီး ဒီအချစ်ဆိုတဲ့အရာထက် အခုချိန်မှာကိုယ့်ရဲ့ ပရိသတ်ရယ်၊ အနုပညာ အလုပ်တွေရယ် ကိုပဲ အဓိက စိတ်ထဲမှာထားတယ်။ ဒါပေမဲ့ ညီမအနေနဲ့ ချစ်သူထားတော့မယ် ဆိုရင် ညီမချစ်သူက ညီမရဲ့အလုပ်ကိုလည်း နားလည်ပေးရမယ်။ နောက်ပြီး ညီမရဲ့ စိတ်ကိုလည်း နားလည်ပေးနိုင်မယ့် သူပဲ ညီမရဲ့ ချစ်သူဖြစ်မှာပါ””လို့ သူမရဲ့ စိတ်ခံစားချက် အချို့ကို ပြောပြသွားပါတယ်။

 လက်ရှိမှာတော့ “ရက်ရက်စက်စက် မိုး” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင် သရုပ်ဆောင်နေပြီး ၂၀၁၅ ခုနှစ်ဟာ သူ့အတွက် ပျော်ရွှင်မှုတွေကို ပေးနိုင်တဲ့နှစ်ပါလို့ ပြောသွားပါသေးတယ်။

Credit : messemger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top