iMyanmarHouse.com - Best Property Website for Myanmar
×














အသက် (၁၉)နှစ်အရွယ်ရှိ ဗြိတိန်သရုပ် ဆောင်မင်းသား တွမ်ဟော်လန်း သည် လာမည့် ၂၀၁၇ တွင် ရုံတင်ပြသမည့် Spider-Man ရုပ်ရှင်ဇာတ်ကားသစ်၌ ပီတာပါ ကာ(ခေါ်) ပင့်ကူလူသားအဖြစ် သရုပ်ဆောင်ရန်ရွေးချယ်ခံရ သည်ဟု Sony Picture ရုပ်ရှင် ကုမ္ပဏီနှင့် Marvel Studios ရုပ်ရှင်ကုမ္ပဏီတို့က ဇွန်လ ၂၃ ရက်တွင်ကြေညာသည်။

တွမ်ဟော်လန်းသည် The Impossible ရုပ်ရှင်ဇာတ်ကားနှင့် Wolf Hall ရုပ်သံဇာတ်လမ်းတွဲ ဖြင့် နာမည်ကျော်ကြားသူဖြစ် သည်။ Spider-Man ရုပ်ရှင် ဇာတ်ကားသစ်အတွက် အဓိက ဇာတ်ဆောင်ရွေးရန် စမ်းသပ် ရိုက်ကူးရာတွင် အခြားသူများ ထက် တွမ်ဟော်လန်း၏သရုပ် ဆောင်မှုက ထူးချွန်ပြောင်မြောက်ခဲ့သည်ဟု Sony Pictures ရုပ်ရှင် ထုတ်လုပ်ရေးကုမ္ပဏီဥက္ကဋ္ဌတွမ်ရော့သ်မန်းကပြောသည်။

၂၀၁၇ ဇူလိုင် ၂၈ ရက်တွင် ရုံတင်ပြသရန်စီစဉ်ထားသော Spider-Man ဇာတ်ကားသစ် ကို Cop Car ဒါရိုက်တာ ဂျွန် ဝက်ထ်က  စီစဉ်ရိုက်ကူးမည်ဟု တွမ်ရော့သ်မန်းကပြောသည်။

ပြီးခဲ့သည့် Spider-Man ရုပ်ရှင်ဇာတ်ကားနှစ်ကားတွင် အန်ဒရူးဂါဖီးက ပင့်ကူလူသား အဖြစ် သရုပ်ဆောင်ခဲ့သည်။ တွမ်ဟော်လန်းသည် Spider- Man  ဇာတ်ကားသစ်  မတိုင်မီ ၂၀၁၆ တွင် ရုံတင်ပြသမည့် Ca−ptain America:Civil War ဇာတ်ကား၌ ပီတာပါကာ (ခေါ်) ပင့်ကူလူသားဇာတ်ရုပ်ဖြင့် ပါဝင်သရုပ် ဆောင်မည်ဖြစ်သည်။

Credit : 7day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top