iMyanmarHouse.com - Best Property Website for Myanmar
×










ဘီယာကြိုက်သူဆိုရင် ကျန်းမာရေး အကျိုးကျေးဇူးကို သင် အမှန်တကယ် ခံစားရရှိနိုင်ပါလိမ့်မယ်။ ဘီယာသောက်ခြင်း အကျိုးကျေးဇူးနဲ့ ပတ်သက်ပြီး ကောင်းတဲ့ အတွေးအမြင်လေးတွေ ထားရှိကြရအောင်။

ကျောက်ကပ်ကျန်းမာခြင်း
သည်းခြေအိတ် သို့မဟုတ် ကျောက်ကပ် ဆက်ကြောင်းတွေမှာ တွေ့ရတဲ့ ဆားဓာတ်ကြောင့် ဖြစ်လာတဲ့ သေးငယ်ပြီး မာတင်းတဲ့ အစိုင်အခဲတွေကို ကျောက်ကပ်ကျောက်သယ်ခြင်းလို့ ခေါ်ပါတယ်။ အဲဒါတွေဟာ ရေဓာတ်မရှိမှုကြောင့် မကြာခဏဖြစ်ပေါ်တတ်ပါတယ်။
သို့ပေမယ့် ဘီယာကို စနစ်တကျ သို့မဟုတ်အကန့်အသတ်နဲ့ သောက်မယ်ဆိုပါက ၄င်းပြသနာတွေ ဖြေရှင်းရာမှာ အရမ်းထိရောက်ပါတယ်။ မသောက်ခင် မိမိဆရာဝန်ကို တိုင်ပင်တာ အရေးကြီးတယ်။

ဦးနှောက်ကျန်းမာခြင်း
အသက်ကြီးလာတာနဲ့ အမျှ ဦးနှောက် အလုပ်လုပ်မှု ပိုမိုနှေးကွေးလာတာ ကျွန်ုပ်အားလုံး အသိဖြစ်ပါတယ်။ ဘီယာကို အကန့်အသတ်ပမာဏနဲ့ သောက်ခြင်းဖြင့် ဦးနှောက် ဥာဏ်ရည်ကျဆင်းခြင်း နဲ့ အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေ လျော့ကျစေပါတယ်။

နှလုံးကောင်းမွန်ကျန်းမာစေခြင်း
ဘီယာပုံမှန်သောက်ခြင်းဖြင့် နှလုံးရောဂါဖြစ်နိုင်ခြေ ၃၀% လျော့ချပေးပါတယ်။ သွေးကြောတွေ သန့်ရှင်းစေ၊ ပွင့်စေ၊ ကျန်းမာစေပြီး သွေးခဲခြင်းမှ ကာကွယ်ပေးပါတယ်။

အရိုးသန်မာစေခြင်း
ဆီလီကွန် (silicon) ပေါများစွာ ပါဝင်ခြင်းကြောင့် ဘီယာကို စနစ်တကျ၊ အကန့်အသတ်နဲ့ သောက်ခြင်းဖြင့် အရိုးကျန်းမာမှု ဖြစ်စေနိုင်တယ်။ ဆီလီကွန်ဟာ အရိုးဖြစ်တည်စေတဲ့ ဆဲလ်တွေ လှုံ့ဆော်ပေးခြင်းအတွက် အသုံးတည့်ပါတယ်။ နောက်ပြီး အယ်လ်ကိုဟောရဲ့ အက်စ်ထရိုဂျင်းနစ်ဓာတ်ကြောင့် အရိုးသန်မာမှု ဖြစ်စေပါတယ်။

ဆီးချိုရောဂါအန္တရာယ်လျော့နည်းစေခြင်း
ဘီယာက ဆီးချိုရောဂါအန္တရာယ်ကို လျော့နည်းစေတာ တွေ့ရပါတယ်။ အကောင်းဆုံး အကျိုးရလဒ် ရရှိဖို့အတွက် သင့်တော်တဲ့ ပမာဏကို အသေအချာ သိဖို့သာ လိုအပ်ပါတယ်။

Credit: Nandar (Today Bago)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top