မိုးတွင်းမှာ ကျန်းမာစွာ နေထိုင်နိုင်ဖို့ ဒီအချက်လေးတွေကိုဆောင်
လမ်းဘေးစာတွေနဲ့ အသင့်ချက်ပြီးသား အစားအစာကို လုံးဝမစားရင် အကောင်းဆုံးဆိုပေမယ့်
မိုးတွင်းပိုင်းမှာတော့ တတ်နိုင်သလောက် ရှောင်စားသင့်ပါတယ်။ အကြောင်းကတော့
ရောဂါကူးစက်မှုဟာ တခြားရာသီတွေထက် မိုးတွင်းမှာ ပိုအဖြစ်များလို့ပါပဲ။
မိုးတွင်းကာလမှာ လေထဲမှာပျံ့နှံ့နေတဲ့ ဘက်တီးရီးယားတွေဟာ ပိုပြီးတော့ အားကောင်း
နေတတ်တာကြောင့် သင် အစာစားနေတဲ့အချိန်မှာ ခန္ဓာကိုယ်ထဲကို အလွယ်တကူ
ဝင်ရောက်သွားနိုင်ပါတယ်။
အဲဒီအခါ ခန္ဓာကိုယ်က အစာချေ ဖျက်ပေးတဲ့စွမ်းအင်တွေ လျော့နည်းသွားပြီး အလွယ်တကူ
အစာမကျေတဲ့ ပြဿနာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။
ဒီတော့ စားချင်တဲ့ အစားအသောက်ကို အိမ်မှာလုပ်စားတာ အကောင်းဆုံးပါပဲ။
၂။ အသီးအနှံများများ စားပါ
ခန္ဓာကိုယ်တွင်းမှာ စွမ်းအင်တွေ ဖြည့်တင်းပေးတာမို့ မိုးတွင်းကာလမှာ အသီးအနှံတွေ
ခပ်များများစားပေးသင့်ပါတယ်။
ဒါပေမဲ့ အသီးတိုင်းတော့လည်း မဟုတ်ဖူးပေါ့နော်။ သစ်တော်သီး၊ သရက်သီးနဲ့ ပန်းသီးတို့ကို
စားပါ။ တချို့အသီးတွေက ၀က်ခြံတွေဖြစ်လာစေဖို့ အားပေးစေလို့ပါ။ ဖရဲသီးနဲ့ သခွားမွှေးတို့လို
အသီးမျိုးတွေက ၀က်ခြံထွက်စေပါတယ်။
ပြီးတော့ သရက်သီးစားနိုင်တယ် ဆိုပေမယ့် အလွန်အကျွံစားတယ်ဆိုရင်လည်း ၀က်ခြံဖုတွေ
ပေါက်လာနိုင်တယ်နော်။
၃။ ကိုယ်ခံအားကို မြှင့်တင်ပါ
လူတော်တော်များများ မိုးတွင်းမှာ ကြုံရတဲ့ ကျန်းမာရေးပြဿနာကတော့ ကိုယ်ခံအား
ကျဆင်းလာတာပါပဲ။
ဒါပေမဲ့ အိမ်မှာပဲ အလွယ်တကူ ကုသလို့ရတဲ့နည်းလေးတွေ ရှိပါတယ်။ စွပ်ပြုတ်ချက်တိုင်း
ကြက်သွန်ဖြူတစ်မြွှာလောက် ထောင်းထည့်ပြီး ချက်လိုက်ရုံပါပဲ။
ကြက်သွန်ဖြူက ကိုယ်ခံအားကို တိုးမြှင့်ပေးပါတယ်။
၎။ မသန့်ရှင်းတဲ့ရေကို ရှောင်ပါ
မိုးတွင်းကာလမှာ ရောဂါတော်တော် များများဟာ ရေကြောင့် အဖြစ်များတာမို့ မသန့်စင်ထားတဲ့
ရေကို လုံးဝ မသောက်သုံးပါနဲ့။
ရေစစ်နဲ့ သေသေချာချာစစ်ထားတယ်ဆိုတောင်မှ ကျိုချက်ပြီးမှ သောက်သုံးတာ အကောင်းဆုံးပါပဲ။
၅။ အခါးဓာတ်ရှိတဲ့ အသီးအနှံတွေစားသုံး ပေးပါ
တမာရွက်လိုမျိုး၊ ကြက်ဟင်းခါးသီးလိုမျိုး အသီးအရွက်တွေကို စားပေးခြင်းဟာ မိုးတွင်းမှာ
ဖြစ်တတ်တဲ့ အရေပြားပိုးဝင်ခြင်းနဲ့ ယားယံခြင်းတို့ကို ကာကွယ်ပေးပါတယ်။
ဒီအတိုင်း ပြုတ်စားလို့ ခါးလွန်းတယ်ဆိုရင် ကြော်ချက်ပြီးတော့လည်း စားသုံးနိုင်ပါတယ်။
Credit : Myanmar.mmtimes
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...