iMyanmarHouse.com - Best Property Website for Myanmar
×











မျက်မှန်အစား မျက်ကပ်မှန်များကို သုံးစွဲနေသူများသည် ဘက်တီးရီးယားပိုးပေါင်း ၅၀၀၀ ခန့်ကို မျက်လုံးအတွင်း မွေးထား သကဲ့သို့ဖြစ်နေပြီး မျက်လုံးဝေဒနာများ ပိုမိုခံစားနေရသည်ဟု သံသယဖြစ်မိကြောင်း Daily Mail သတင်းတွင် ဖော်ပြ ထားသည်။

NYU Langone အဖွဲ့၏ သုတေသနပြုချက်အရ မျက်ကပ်မှန်ကို တပ်ဆင်အသုံးပြုနေသူများ၏ မျက်လုံးထဲတွင် ဘက်တီး ရီးယားပိုးများကို မသုံးစွဲသူများ၏ မျက်လုံးထဲတွင်ရှိနေသည့် ပမာဏထက် များစွာတွေ့နေရကြောင်း၊ အထူးသဖြင့် မျက်ကြည်အဝန်းထဲတွင် ခိုအောင်းနေသည့် ဘက်တီးရီးယားများသည် သာမန်ထက် သုံးဆပိုများနေကြောင်း ယင်းသတင်းက ဆိုသည်။

မျက်ကပ်မှန်တပ်ဆင်သူများတွင် ယင်းဘက်တီးရီးယားများကြောင့် မျက်လုံးများရောင်ရမ်းခြင်း၊ မျက်စိနာခြင်းစသည့် ဝေဒနာများကို အခြားသူများထက်ပိုပြီး ခံစားရဖွယ်ရှိကြောင်း NYU အဖွဲ့မှ ဒေါက်တာ ဂျက် ဒေါဒစ်ကပြောကြားသည်။

Credit : Maukkha

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top