iMyanmarHouse.com - Best Property Website for Myanmar
×










ဖိနပ်မြင့်များချည်း သုံးနှစ်ကြာ ၀တ်ဆင်ခြင်းကြောင့် ခြေချင်းဝတ်များ တစ်သက်တာ ပျက်စီးသွားသည့် အမျိုးသမီး ကဲ့သို့သော သတင်း များကြောင့် ဖိနပ်မြင့် များကို ရှောင်လာသည့် အမျိုးသမီးများ များသထက်များလာ ခဲ့သည်။ သို့သော် သက်သောင့်သက်သာ ဖြစ်အောင် ရွေးချယ်မှု ကလည်း ရေရှည်တွင် ဆိုးဝါးသည့် ထိခိုက်မှုများ ဖြစ်စေနိုင်ကြောင်း သိရသည်။ ဖိနပ်ပါး များသည် အဆိုးဝါး ဆုံးသော ရွေးချယ်မှု ဖြစ်ကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုသည်။

ပွင့်ပွင့်လင်းလင်းပြောရရင် ဖိနပ်ပါး တွေက အန္တရာယ်ကြီး ပါတယ် ဟု လန်ဒန် မြို့မယ်ရီဂိုးလ် ဆေးခန်းမှ ခြေဖ၀ါးနာ အထူးကု ဆရာဝန် တာရတ်ခန်က ပြောကြား ခဲ့သည်။ အပြေး အားကစားကို နှစ်သက်သည့် စင်ဒီ ဆိုသည့် အမျိုးသမီးသည် ၂၀၁၁ ခုနှစ်မှ စတင်ကာ ခြေထောက်နာကျင်မှု ဒဏ်ကို ခံစားခဲ့ရပြီး ခြေဖ၀ါးနာ အထူးက နှင့် သွားတွေ့ချိန်တွင် သူစီးသည့် ဖိနပ်ကြောင့် ဖြစ်ရသည်ဟု ယူဆမိခြင်း မရှိခဲ့သေးပေ။ ထို့နောက် နည်း အမျိုးမျိုး နှင့် ရောဂါ ရှာဖွေခဲ့ပြီး အဖြေရှာမရဖြစ်နေချိန်တွင်မှ တစ်နေ့ ဆရာဝန်သွားအပြတွင်သူ သိပ်နှစ်သက်သည့် ဖိနပ်ပါးလေးကို စီးနင်းသွားကာမှ တကယ့် တရားခံစစ်စစ်ကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာခန်၏ အဆိုအရ စင်ဒီ၏ အခြေအနေမှာ ရှူးဖိနပ်ပါး စီးတတ်သူများတွင် တွေ့ရတတ်သည့် လက္ခဏာမျိုး ဖြစ်ပြီး ဖိနပ်ပါးများမှာ အဆိုးဆုံး ဖြစ်သည်ဟု သိရ သည်။ ခြေညှပ် ဖိနပ်ပါးလေး များမှာ ခြေ ချောင်း များအကြား ညှပ်စီးရ သောကြောင့် ခြေချောင်းများနှင့် ခြေဖ၀ါးခုံးကို ဖိအား အလွန်အကျွံ ဖြစ်စေကြောင်း ဒေါက်တာခန်းက ပြောကြားခဲ့သည်။ လူတိုင်း တစ်လက်မခွဲ သာသာ ဖိနပ် လောက်တော့ စီးသင့်ကြောင်း ဒေါက်ပါရှိခြင်း သည် ခြေဖ၀ါးကို ၀န်နှင့်အားမမျှ ဖြစ်စေပြီး ဖနောင့်ကျောမှ ခြေချောင်းလေး များအထိ ချိတ်ဆက် ထားသော အရွတ်ကို ရောင်ရမ်းစေ နိုင်ကြောင်း သိရသည်။

Credit : messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top