iMyanmarHouse.com - Best Property Website for Myanmar
×













နှလုံး ကျန်းမာ စေလိုပါက ရေဒီယို နား ထောင် လိုက်ပါဟု ပညာရှင်များက အကြံပြု ထားသည်။
ဂန္ထ၀င် သီချင်းသံက သွေးတိုးကို ကျစေ လောက်သည့် အစွမ်းရှိကြောင်း ဆရာဝန်များက တွေ့ရှိ ခဲ့ကြသည်။သို့သော် နောက်ဆုံးပေါ်ပေါ့ပ်သီချင်းများနှင့် ရက်ပ် သီချင်းများကမူ သွေးပေါင်ချိန်ကို တက်စေ သဖြင့် ရှောင်ရှား သင့်သည်။

ဂီတသံစဉ် အနိမ့်အမြင့်က သွေးခုန်နှုန်းနှင့် သွေးပေါင်ချိန်ကို သက်ရောက်မှု အမျိုးမျိုး ဖြစ်စေကြောင်း အောက်စ်ဖို့ဒ် တက္ကသိုလ်မှ သုတေသန ပြုလုပ်ချက်များ အရ သိရှိ ရသည်။
အော်ပရာဇာတ်များနှင့် ဂန္ထ၀င်ဂီတ တူရိယာများက ခန္ဓာကိုယ်၏ သဘာဝ စည်းချက်နှင့် သဟဇာတ ဖြစ်ကြောင်း ထို့ကြောင့် သွေးတိုးကို သိသိ သာသာ လျော့ကျ စေနိုင်ကြောင်း နှလုံးအထူးကုများက ရှာဖွေ တွေ့ရှိ ခဲ့ကြသည်။

သို့သော် မြန်လွန်းသော ရက်ပ်တီး လုံးများ၊ ပေါ့ပ်နှင့် နည်းပညာသုံး တီးလုံးများက ဆန့်ကျင်ဘက် ရလဒ်ကို ဖြစ်ပေါ် စေသည်။ လေ့လာမှုတွင် ပါဝင် ကူညီသူများကို ဂီတ ပုံစံ အမျိုးမျိုးကို ဖွင့်ပြကာ လူတစ်ဦးချင်းစီ၏ သွေးခုန်နှုန်း သွေးပေါင်ချိန် အပါ အ၀င် နှလုံးသွေးကြော ဆိုင်ရာ တုံ့ပြန်မှုများကို ဆန်းစစ် လေ့လာ ခဲ့ကြသည်။

ခန္ဓာကိုယ်၏ သဘာဝ စည်းချက်က ဂီတစွမ်းအင် အတွက် အရေးပါသည့် သော့ချက်ဖြစ်ကြောင်း ကျွမ်းကျင်သူ တစ်ဦးက ပြောကြား ခဲ့သည်။ဗြိတိန် နှလုံးရောဂါ ဖောင်ဒေးရှင်းမှ ပါမောက္ခ ဂျေရမီပီးယားစန်က စိတ်ဖိစီးမှု က နှလုံးသွေးကြော ဆိုင်ရာ ရောဂါများ ဖြစ်ပွားစေသည့် အဓိက တရားခံ ဖြစ်ပြီး ဂီတ၏ စိတ်ငြိမ်စေသည့် အကျိုးက ရောဂါ ကုသနိုင်ခြေ ရှိသည်ကိုလည်း သိလာရကြောင်း ပြောကြား ခဲ့သည်။

Credit : Messnenger

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top