iMyanmarHouse.com - Best Property Website for Myanmar
×
Credit :Trend Myanmar
ပို့သပေးပါတယ်။
Unicode Version
ပျော်ရွှင်မှုဆိုတာ ကောင်းမွန်တဲ့အကျင့်ပိုင်ဆိုင်သူတွေမှာသာ ရှိတယ်လို့ ဆိုရမလား။ အတွဲတွေမှာ ပျော်ရွှင်မှုရှိတဲ့အတွဲတွေဟာ ကောင်းမွန်တဲ့အကျင့်တွေကို ပိုင်ဆိုင်ထားတတ်ကြပါတယ်။ ဒါဟာ ကံတရားနဲ့လည်း ဆိုင်ဦးမယ်လို့ သင်က ဆိုချင်ဆိုနေဦးမှာပါ။ ဒါပေမယ့် အကျင့်ကောင်းတွေ ပြုစုပျိုးထောင်နိုင်မယ်ဆိုရင်လည်း ပျော်ရွှင်မှုဆိုတာ ရရှိနိုင်တာပဲလေ။ ကဲ ဒီတော့ ပျော်ရွှင်နေကြတဲ့ စုံတွဲတွေမှာ ဘယ်လိုအကျင့်မျိုးတွေ ရှောင်ကြဉ်ကြလေ့ရှိလဲဆိုတာ ကြည့်ကြရအောင်။
၁။သူတို့ဟာ သူတို့ရဲ့ အချစ်ရေးကို မိသားစုနဲ့ သူငယ်ချင်းတွေဆီမှာ ဘယ်တော့မှ ဝေဖန်အပြစ်တင်တာမျိုး မလုပ်ကြဘူး။
၂။ သူတို့ဟာ သူတို့ကိုယ်သူတို့ တစ်ခြားသူတွေနဲ့ ဘယ်တော့မှ မနှိုင်းယှဉ်ကြဘူး။
၃။ ပြသနာတစ်ခုတက်တိုင်း ဒါငါ့အမှား မဟုတ်ဘူး၊ ဒါနင့်ကြောင့်လို့ ကိုယ့်ချစ်သူကို ဘယ်တော့မှ မပြောတတ်ဘူး။
၄။တစ်ယောက်နဲ့တစ်ယောက် တွန်းအားအရမ်းပေးတာမျိုးတွေ မလုပ်ဘူး။ အေးဆေးပျော်ရွှင်စွာပဲ ရှေ့ခရီးလမ်းအတွက် ပြင်ဆင်ကြတယ်။
၅။တစ်ယောက်ကို တစ်ယောက် မဝေဖန်ဘူး။ ဘယ်လိုဖြစ်သင့်တယ်ဆိုတာကို ညှိုနှိုင်းကြတယ်။
၆။ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး တစ်ယောက်နဲ့တစ်ယောက် လျစ်လျူရှုထားတာမျိုး မရှိဘူး။ တိုင်ပင်ပြောဆိုကြတယ်။
၇။တစ်ယောက်စိတ်ကို တစ်ယောက်သိနေကြပေမယ့် ငါဒီလိုခံစားနေတာ သူသိရမှာပေါ့၊ ငါဒါလိုအပ်နေတာ သူသိနေရမှာပေါ့ဆိုပြီး အပြစ်တင်တာမျိုး မရှိဘူး။
၈။ငါက ဘာမို့လို့ဆိုတဲ့ ဝတ္တရားခွဲခြားထားတာမျိုး မရှိဘူး၊ ကိုယ့်ချစ်သူအတွက်ဆို တတ်နိုင်သမျှ ဖြည့်ဆည်းပေးတယ်။ ဦးဆောင်ပေးသလို တစ်ဦးကိုတစ်ဦး လေးလေးစားစားလည်း ဆက်ဆံကြတယ်။
၉။ ပွစိပွစိလုပ်တာမျိုး မရှိဘူး။ တစ်ဦးကိုတစ်ဦး ဘာတွေ ကူညီပေးနိုင်မလဲဆိုတာကိုပဲ တွေးတယ်။
၁၀။နိုင်ငံတကာက စုံတွဲတွေလို၊ တခြားထင်ရှားကျော်ကြားသူတွေလို ပေါ်ပြူလာဖြစ်တဲ့စုံတွဲတွေနဲ့လည်း ကိုယ့်ချစ်သူကို နှိုင်းယှဉ်အပြစ်တင်တာမျိုး မလုပ်ဘူး။ ချစ်သူဟာ သူ့အတွက် ဘယ်သူနဲ့မှ နှိုင်းစရာမလိုတဲ့သူလို ခံယူထားတယ်။
Credit :Trend Myanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top