iMyanmarHouse.com - Best Property Website for Myanmar
×










ငယ္ငယ္တုန္းကဆုိရင္ တီဗီေလွ်ာ့ၾကည့္ဖို႔ အေမေတြ မၾကာခဏဆုံးမတာ ႀကံဳဖူးၾကမွာပါ။ တီဗီ ၾကည့္တာေၾကာင့္ မ်က္လုံးကို တျဖည္းျဖည္း ထိခိုက္ႏုိင္တဲ့အတြက္ ၾကည့္တာေလွ်ာ့ဖုိ႔ ေျပာၾကတာ ပါ။ ႐ုံးမွာ တစ္ေနကုန္ ကြန္ပ်ဴတာနဲ႔ အလုပ္လုပ္ၿပီး အိမ္ျပန္ေရာက္ခ်ိန္မွာလည္း တီဗီအၾကာႀကီး ဆက္ၾကည့္မယ္ဆုိရင္ မ်က္စိမလဲြမေသြ ေညာင္းညာၿပီး ထိခိုက္ေစတာေၾကာင့္ လုပ္ေဆာင္သင့္တာ ေလးအခ်ဳိ႕ကုိ မွ်ေ၀ေပးလုိက္ပါတယ္။

မီးမ်ားဖြင့္ထားပါ- အိပ္ရာထဲမွာအိပ္ရင္း မီးေလးအေမွာင္ခ်ၿပီး တီဗီၾကည့္တဲ့ အမူအက်င့္ဟာ မ်က္စိကိုအဆုံးရြားဆုံး ထိခိုက္ေစပါတယ္။ အေမွာင္ထဲကေန အာ႐ုံစုိက္ၿပီး ၾကည့္ရတာျဖစ္လို႔ မ်က္စိမပင္ပန္းရေလေအာင္ တီဗီၾကည့္တဲ့အခါ မီးေတြကို ဖြင့္ထားသင့္ပါတယ္။

အနားေပးပါ- တီဗီဆီကို မ်က္စိ မခြာဘဲအၾကာႀကီး ၾကည့္ေနမယ့္အစား ခဏထၿပီးလမ္းေလွ်ာက္တာမ်ဳိး လုပ္ေပးသင့္ပါတယ္။ ၿပီးရင္လည္း အေ၀းတစ္ေနရာရာကို ခဏၾကည့္ေပးတာမ်ဳိး လုပ္ေပးရင္း မ်က္စိကိုအနားေပးသင့္ပါတယ္။

သင့္ေလ်ာ္သည့္ အကြာအေ၀းမွ ၾကည့္ပါ- တီဗီနဲ႔အနည္းဆုံး ရွစ္ေပကေန ဆယ္ေပအကြာေလာက္ ၾကည့္သင့္ပါတယ္။ ေနာက္ၿပီး တီဗီကိုလည္း ကိုယ္နဲ႔တစ္တန္းတည္း သင့္ေလ်ာ္တဲ့အျမင့္မွာ ရွိေန ဖုိ႔ လုပ္ထားရပါမယ္။ တီဗီကို ေမာ့ၾကည့္ရတာမ်ဳိး မျဖစ္သင့္ပါဘူး။

မ်က္စိေညာင္းညာသက္သာ ေအာင္ လုပ္ပါ- တီဗီၾကည့္ၿပီးၿပီ ဆိုတာနဲ႔ မ်က္စိက ေသခ်ာေပါက္ ေညာင္းညာသြားတာမို႔ မ်က္စိတစ္၀ိုက္ကုိ ညင္သာစြာ ႏွိပ္နယ္ေပးတာမ်ဳိး၊ မ်က္စိေလ့က်င့္ခန္း လုပ္ေပးတာမ်ဳိး ျပဳလုပ္သင့္ပါတယ္။ ေနာက္ၿပီး ရွစ္နာရီေလာက္ၾကာေအာင္ အိပ္စက္ျခင္းျဖင့္ မ်က္စိကို ေသေသခ်ာခ်ာအနား ေပးသင့္ပါတယ္။

စူးရွလြန္းေသာ အလင္းမ်ားကို ေလွ်ာ့ခ်ပါ- တီဗီက ထြက္တဲ့ စူးရွလြန္းတဲ့ အလင္းေရာင္ေတြ အၾကာႀကီး မၾကည့္မိေစဖို႔ အထူးမ်က္မွန္တပ္ၿပီး ကာကြယ္လို႔ရပါတယ္။

အလင္းေလွ်ာ့ တီဗီသုံးပါ- ခုေနာက္ပိုင္းေပၚလာတဲ့ မ်က္ႏွာျပင္အျပားတီဗီေတြက စူးရွလြန္းတဲ့ အလင္းေတြ ထုတ္လုပ္မႈနည္းလာတဲ့အတြက္ တီဗီေျပာင္းသုံးတာမ်ဳိး လုပ္သင့္ပါတယ္။ မ်က္ႏွာျပင္ ႀကီးေလေလ၊ မ်က္စိ အာ႐ုံစုိက္ၾကည့္ရတာနည္းေလေလျဖစ္တာေၾကာင့္ မ်က္ႏွာျပင္ႀကီးတဲ့ တီဗီမ်ဳိး သုံးစဲြသင့္ပါတယ္။

Credit : 7day Daily

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ငယ်ငယ်တုန်းကဆိုရင် တီဗီလျှော့ကြည့်ဖို့ အမေတွေ မကြာခဏဆုံးမတာ ကြုံဖူးကြမှာပါ။ တီဗီ ကြည့်တာကြောင့် မျက်လုံးကို တဖြည်းဖြည်း ထိခိုက်နိုင်တဲ့အတွက် ကြည့်တာလျှော့ဖို့ ပြောကြတာ ပါ။ ရုံးမှာ တစ်နေကုန် ကွန်ပျူတာနဲ့ အလုပ်လုပ်ပြီး အိမ်ပြန်ရောက်ချိန်မှာလည်း တီဗီအကြာကြီး ဆက်ကြည့်မယ်ဆိုရင် မျက်စိမလွဲမသွေ ညောင်းညာပြီး ထိခိုက်စေတာကြောင့် လုပ်ဆောင်သင့်တာ လေးအချို့ကို မျှဝေပေးလိုက်ပါတယ်။

မီးများဖွင့်ထားပါ- အိပ်ရာထဲမှာအိပ်ရင်း မီးလေးအမှောင်ချပြီး တီဗီကြည့်တဲ့ အမူအကျင့်ဟာ မျက်စိကိုအဆုံးရွားဆုံး ထိခိုက်စေပါတယ်။ အမှောင်ထဲကနေ အာရုံစိုက်ပြီး ကြည့်ရတာဖြစ်လို့ မျက်စိမပင်ပန်းရလေအောင် တီဗီကြည့်တဲ့အခါ မီးတွေကို ဖွင့်ထားသင့်ပါတယ်။

အနားပေးပါ- တီဗီဆီကို မျက်စိ မခွာဘဲအကြာကြီး ကြည့်နေမယ့်အစား ခဏထပြီးလမ်းလျှောက်တာမျိုး လုပ်ပေးသင့်ပါတယ်။ ပြီးရင်လည်း အဝေးတစ်နေရာရာကို ခဏကြည့်ပေးတာမျိုး လုပ်ပေးရင်း မျက်စိကိုအနားပေးသင့်ပါတယ်။

သင့်လျော်သည့် အကွာအဝေးမှ ကြည့်ပါ- တီဗီနဲ့အနည်းဆုံး ရှစ်ပေကနေ ဆယ်ပေအကွာလောက် ကြည့်သင့်ပါတယ်။ နောက်ပြီး တီဗီကိုလည်း ကိုယ်နဲ့တစ်တန်းတည်း သင့်လျော်တဲ့အမြင့်မှာ ရှိနေ ဖို့ လုပ်ထားရပါမယ်။ တီဗီကို မော့ကြည့်ရတာမျိုး မဖြစ်သင့်ပါဘူး။

မျက်စိညောင်းညာသက်သာ အောင် လုပ်ပါ- တီဗီကြည့်ပြီးပြီ ဆိုတာနဲ့ မျက်စိက သေချာပေါက် ညောင်းညာသွားတာမို့ မျက်စိတစ်ဝိုက်ကို ညင်သာစွာ နှိပ်နယ်ပေးတာမျိုး၊ မျက်စိလေ့ကျင့်ခန်း လုပ်ပေးတာမျိုး ပြုလုပ်သင့်ပါတယ်။ နောက်ပြီး ရှစ်နာရီလောက်ကြာအောင် အိပ်စက်ခြင်းဖြင့် မျက်စိကို သေသေချာချာအနား ပေးသင့်ပါတယ်။

စူးရှလွန်းသော အလင်းများကို လျှော့ချပါ- တီဗီက ထွက်တဲ့ စူးရှလွန်းတဲ့ အလင်းရောင်တွေ အကြာကြီး မကြည့်မိစေဖို့ အထူးမျက်မှန်တပ်ပြီး ကာကွယ်လို့ရပါတယ်။

အလင်းလျှော့ တီဗီသုံးပါ- ခုနောက်ပိုင်းပေါ်လာတဲ့ မျက်နှာပြင်အပြားတီဗီတွေက စူးရှလွန်းတဲ့ အလင်းတွေ ထုတ်လုပ်မှုနည်းလာတဲ့အတွက် တီဗီပြောင်းသုံးတာမျိုး လုပ်သင့်ပါတယ်။ မျက်နှာပြင် ကြီးလေလေ၊ မျက်စိ အာရုံစိုက်ကြည့်ရတာနည်းလေလေဖြစ်တာကြောင့် မျက်နှာပြင်ကြီးတဲ့ တီဗီမျိုး သုံးစွဲသင့်ပါတယ်။

Credit : 7day Daily

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top