iMyanmarHouse.com - Best Property Website for Myanmar
×










မနက်တိုင်း လုပ်သင့်တဲ့ ကျန်းမာရေးကျင့်စဉ်တွေက သင့်တစ်နေ့တာကို ဘယ်လိုမျိုးကုန်ဆုံးသွားလဲဆိုတာ ဆုံးဖြတ်ပေးပါလိမ့်မယ်။ အစာခြေဖျက်အားမွန်စေနိုင်သော မနက်ကျင့်စဉ်တွေဟာ အဆီကို တစ်နေ့လုံး လောင်ကျွမ်းစေနိုင်ပါတယ်။

အစာခြေဖျက်အားကောင်းစေဖို့ မနက်တိုင်းပုံမှန်လုပ်သည့်အထဲ ထည့်သွင်းနိုင်သောအရာတွေက…

၁။ ၅ မိနစ် ခုန်ဆွခုန်ဆွပြုလုပ်ခြင်း

မနက်ခုန်ပေးတာ သွေးလည်ပတ်မှုနဲ့ အရည်ကြည်စီးဆင်းမှု အထောက်အကူဖြစ်စေပါတယ်။ ခန္ဓာကိုယ် တက်ကြွနိုးကြားနေစေဖို့ အထူးကောင်းမွန်သော နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ Breakfast ပြင်ဆင်နေစဉ် ဖြည်းဖြည်းချင်း ခုန်ပေးနိုင်တယ်။ သိုင်းရွိုက်အကျိတ်ကျန်းမာရေး ပိုမိုကောင်းမွန်စေပါတယ်၊ အားအင်ပိုပြည့်ဝစေပြီး အစာခြေဖျက်မှု အားကောင်းစေနိုင်ပါတယ်။

၂။ သံပုယိုရည်သောက်ခြင်း

သံပုယိုရည်နွေးနွေးလေးနဲ့ မနက် အိပ်ယာထပါ။ သံပုယိုရည်နွေးနွေးလေး တစ်ခွက်သောက်ခြင်းဖြင့် အစာခြေစနစ် ကောင်းမွန်စေနိုင်တယ်၊ ဝမ်းမှန်စေပြီး အစာခြေဖျက်မှုအားကောင်းစေပါတယ်။

၃။ ရေဗူးအမြဲဆောင်ထားပါ

မနက်အိပ်ယာထထချင်း ရေနှစ်ခွက်သောက်တာ ခန္ဓာကိုယ်ကို ရေဓာတ်ရစေပြီး အိပ်နေစဉ် နှေးကွေးကျဆင်းသွားတဲ့ အစာခြေဖျက်မှုအားကို အားသစ်လောင်းပေးပါတယ်။

၎။ ကြက်ဥ (၂) လုံးစားပေးပါ

အစာခြေဖျက်မှု အားကောင်းစေဖို့ မနက်တိုင်း ကြက်ဥ စားပါ။ ကြက်ဥမှာ ပရိုတိန်းကြွယ်ဝစွာပါဝင်တယ်။ တစ်နေ့ကြက်ဥ (၂) လုံးစားတာ အချိန်ကြာကြာ ဗိုက်ပြည့်စေပါတယ်။

၅။ ခြေလက်ဆန့်၊ အလေးမခြင်း လုပ်ပေးပါ

မနက် ခြေလက်ဆန့်တာ သွေးလည်ပတ်မှုနဲ့ အစာခြေဖျက်အား တိုးတက်ကောင်းမွန်စေပါတယ်။ အိပ်ယာပေါ်ထိုင်နေရင်း သို့မဟုတ် ကော်ဖီဖျော်၊နှပ်နေရင်းလည်း ခြေလက်ဆန့်တာတွေ လုပ်နိုင်ပါတယ်။ မနက် ခန္ဓာကိုယ်ကို နိုးကြားတက်ကြွစေခြင်းဟာ ကယ်လိုရီတွေ ကျဆင်းစေပါတယ်။ မနက်အလေးမခြင်းဟာလည်း အစာခြေဖျက်မှု အားကောင်းစေပါတယ်။ ခြေလက်ဆန့်ခြင်းနဲ့ အလေးမခြင်းက အားအင်ကို မြင့်တင်ပေးပါတယ်။

Credit: trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top