iMyanmarHouse.com - Best Property Website for Myanmar
×













Credit : Chelmo Team



Unicode Version

၀၁.ဘယ်လိုပြသာနာနဲ့ပဲကြုံကြုံ အေးအေးဆေးဆေး ဖြေရှင်းနိုင်တယ်။

၀၂.ဖြေရှင်းရခက်တဲ့ ပြသာနာကို ဖြေးဖြေးနဲ့ပြီးမြောက်တဲ့အထိဖြေရှင်းနိုင်တယ်။

၀၃.ကိုယ့်ရဲ့ အနာဂတ်ကို ကိုယ့်ဟာကို ဆုံးဖြတ်မယ်လို့ ခံယူထားတယ်။

၀၄.စိတ်ကောလူကော ပင်ပန်းလာရင် ဘယ်လို အပန်းပြေရမလဲဆိုတာကို သိတယ်။

၀၅.သိမ်ငယ်တဲ့စိတ် အားငယ်တဲ့စိတ် က ကိုယ်နဲ့မဆိုင်ဘူးလို့ ဆုံးဖြတ်ထားတယ်။

၀၆.ဘယ်လောက်ပဲ သေးမွှားတဲ့ကိစ္စဖြစ်ပါစေ ကိုယ့်အတွက် အကျိုးရှိမယ့်ဟာကို တွေ့အောင်ရှာတတ်တယ်။

၀၇.ခေါင်းထဲမှာ ကိုယ်ဟာဘယ်လိုအောင်မြင်အောင်လုပ်ရမလဲဆိုတာကို အမြဲတန်းစဉ်းစားပြီး လက်တွေ့လုပ်တယ်။

၀၈.တကယ်ကို ကံမကောင်းတဲ့အချိန်ပဲ ဖြစ်ပါစေ။ စိတ်ဓာတ်မကျပဲ ပျော်အောင်နေတတ်တယ်။

၀၉.ကိုယ့်မှာ အရည်အချင်းရှိပြီး ဘာလုပ်လုပ်အောင်မြင်မယ်လို့ အမြဲတမ်းတွေးနေတယ်။

၁၀.ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို ချစ်ခင်လေးစားတယ်။

၁၁.စကားပြောရင်လည်း ကောင်းသတင်းကို ရွေးပြီးပြောလေ့ရှိတယ်။

၁၂.ပြောင်းလဲလို့မရတဲ့တချို့ကိစ္စလေးတွေကို အတိုက်အခံ မလုပ်ပဲ လက်ခံလေ့ရှိတယ်။

Credit : Chelmo Team

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top