iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယား အမျိုးသမီး တေးသံရှင်အဖွဲ့ တစ်ဖွဲ့ဖြစ်သော Girls’ Generation အဖွဲ့မှ တေးယောင်သည် မိဘများအတွက် ဂျေဂျူမြို့ရှိ ဈေးအကြီးဆုံး တိုက်ခန်းကို ဝယ်ပေးခဲ့သည်။

Girls’ Generation အဖွဲ့သည် ပြီးခဲ့သည့်နှစ်က အဖွဲ့အရောင်းမြှင့်တင်ရေးမှ တစ်ဆင့် ဝမ်ငွေ ၂၂ ဘီလျံ (အမေရိကန် ဒေါ်လာ ၁၉ ဒသမ ၇ သန်း) ရရှိခဲ့ကြောင်းနှင့် အဖွဲ့ဝင် တစ်ဦးစီသည် ဝမ်ငွေသန်း ၉၀၀ ( အမေရိကန် ဒေါ်လာ ၁၉ ဒသမ ၇ သန်း) ရရှိခဲ့သည်ဟု ခန့်မှန်းရသည်။

တေးယောင်သည် မကြာသေးမီက အမျိုးမျိုးသော အစီစဉ်များတွင် ပါဝင်ခဲ့ပြီး ၂၀၁၂ ခုနှစ်က ဂျေဂျူမြို့တွင် တိုက်ခန်း တစ်ခန်းကို ဝယ်ယူကာ မိဘများအတွက် လက်ဆောင်ပေးခဲ့သည်။ယင်းအချိန်က အဆိုပါ တိုက်ခန်းသည် ဂျေဂျူးမြို့ တစ်မြို့လုံးတွင် ဈေးအကြီးဆုံး တိုက်ခန်း တစ်ခန်းဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် ဝမ်ငွေ သန်း ၉၀၀ ပေါက်ဈေး ရှိသည်။

တေးယောင်သည် အနုပညာလုပ်ငန်းကို စလုပ်ကတည်းက ၎င်းပထမဆုံး ရရှိသောငွေဖြင့် မိဘများအတွက် အကြွေးဝယ်ကဒ် ပြုလုပ်ပေးခဲ့ကာ မိဘများအပေါ် ၎င်း၏ အချစ်များကို ပြသခဲ့သည်။

Credit: Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top