iMyanmarHouse.com - Best Property Website for Myanmar
×


























မိမိခႏၶာကုိယ္ က်န္းမာေရးနဲ႔ ပတ္သက္လို႔ အမွားအယြင္း တစုံတခုရိွမရိွ စစ္ေဆးတဲ့အခါ ဒီအခ်က္ေလးေတြ အေရးၾကီးပါတယ္။

ခႏၶာကုိယ္ အဖြဲ႔အစည္းမွာ အမွားအယြင္း တစ္ခုခုရိွမရိွ သိေစဖုိ႔ ခႏၶာကုိယ္မွတဆင့္ အမွတ္အသားေတြ အျမဲျဖစ္ပြားတတ္ပါတယ္။ ဒါေၾကာင့္ မ်က္လံုးအေရာင္ အျဖဴေရာင္ ျဖစ္ေနျခင္း၊ လက္ဖ၀ါးနီျမန္းျခင္း၊ မ်က္ခံုးေမႊးက်ြတ္ျခင္း နဲ႕ လက္သည္းေျပာင္းလဲမႈျဖစ္ျခင္း စတဲ့ အခ်က္ေတြေတြ႔ရင္ လ်စ္လ်ဳရွဴ  မထားသင့္ပါဘူး။

မ်က္လုံးအျဖဴေရာင္ျဖစ္ျခင္း
အေအးမိဖ်ားနာျခင္း သုိ႔မဟုတ္ အိပ္ေရးမဝျဖစ္တာကလြဲရင္ မ်က္လုံးဟာ အျမဲတမ္းအျဖဴေရာင္ျဖစ္ေနသင့္ပါတယ္။ မ်က္လုံးအဝါေရာင္သမ္းတာ အသားဝါေရာဂါ လကၡဏာ သုိ႔မဟုတ္ သည္းေျခရည္နဲ႔ ဆက္စပ္တဲ့ျပသနာ တစ္ခုခုျဖစ္ႏုိင္ပါတယ္။ မ်က္သားေတြ နီလာရင္ ေသြးေၾကာေပါက္တာ သုိ႔မဟုတ္ ကူးစက္ေရာဂါ တစ္ခုခုခံစားေနရတဲ့ အဓိပၸါယ္ျဖစ္ပါတယ္။

လက္ဖဝါးနီျမန္းျခင္း
လက္ဖဝါးနီျမန္းတာ နင္းခူနာ၊ အေရျပားနီျမန္းျပီး ေယာင္အန္းနာက်င္ျခင္း သုိ႔မဟုတ္ ဓာတ္မတည့္လုိ႔ျဖစ္လာတဲ့ လကၡဏာတစ္ခုျဖစ္ႏုိင္တယ္။ လက္ဖဝါးေပၚ အဲဒီလုိေျပာင္းလဲမႈေတြဟာ ပင္ပန္းမႈဒဏ္ သုိ႔မဟုတ္ အသည္းေရာဂါလကၡဏာတစ္ခုခုျဖစ္ႏုိင္ပါတယ္။

မ်က္ခုံးေမြးကြ်တ္ျခင္း
ရုတ္တရက္ မ်က္ခုံးေမြးကြ်တ္တာ thyroid, hyperthyreose or hypothyreose နဲ႔ ဆက္စပ္ျပသနာေတြရဲ႕ လကၡဏာတစ္ခုျဖစ္ပါတယ္။

လက္သည္းေျပာင္းလဲမႈျဖစ္ျခင္း
လက္သည္းေတြက သင့္ဇီဝကမၸျဖစ္စဥ္ အေျခအေနကို မ်ားစြာ ေျပာျပႏုိင္ပါတယ္။ လက္သည္းမွာ ျဖစ္ေပၚတဲ့ေျပာင္းလဲမႈေတြဟာ မေရမတြက္ႏုိင္တဲ့ ေရာဂါေတြကို ေဖာ္ျပျခင္းျဖစ္ပါတယ္။ ပါးလႊာျပီး အက္ကြဲတဲ့ လက္သည္းေတြဟာ မ်ဳိးရုိးဗီဇက အေမႊဆက္ခံတာျဖစ္ႏုိင္ပါတယ္။ သုိ႔ေပမယ့္ ခႏၶာကိုယ္မွာ ကယ္လ္စီယမ္ခ်ဳိ႕တဲ့မႈကို ေဖာ္ျပထာလည္းျဖစ္ႏုိင္ပါတယ္။ သုိင္းရြဳိက္ဂရင္း (thyroid gland) ပုံမွန္အလုပ္မလုပ္တာ လက္သည္းမွာ ေျပာင္းလဲမႈေတြျဖစ္ေစႏုိင္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မိမိခန္ဓာကိုယ် ကျန်းမာရေးနဲ့ ပတ်သက်လို့ အမှားအယွင်း တစုံတခုရှိမရှိ စစ်ဆေးတဲ့အခါ ဒီအချက်လေးတွေ အရေးကြီးပါတယ်။

ခန္ဓာကိုယ် အဖွဲ့အစည်းမှာ အမှားအယွင်း တစ်ခုခုရှိမရှိ သိစေဖို့ ခန္ဓာကိုယ်မှတဆင့် အမှတ်အသားတွေ အမြဲဖြစ်ပွားတတ်ပါတယ်။ ဒါကြောင့် မျက်လုံးအရောင် အဖြူရောင် ဖြစ်နေခြင်း၊ လက်ဖဝါးနီမြန်းခြင်း၊ မျက်ခုံးမွှေးကျွတ်ခြင်း နဲ့ လက်သည်းပြောင်းလဲမှုဖြစ်ခြင်း စတဲ့ အချက်တွေတွေ့ရင် လျစ်လျုရှူ  မထားသင့်ပါဘူး။

မျက်လုံးအဖြူရောင်ဖြစ်ခြင်း
အအေးမိဖျားနာခြင်း သို့မဟုတ် အိပ်ရေးမဝဖြစ်တာကလွဲရင် မျက်လုံးဟာ အမြဲတမ်းအဖြူရောင်ဖြစ်နေသင့်ပါတယ်။ မျက်လုံးအဝါရောင်သမ်းတာ အသားဝါရောဂါ လက္ခဏာ သို့မဟုတ် သည်းခြေရည်နဲ့ ဆက်စပ်တဲ့ပြသနာ တစ်ခုခုဖြစ်နိုင်ပါတယ်။ မျက်သားတွေ နီလာရင် သွေးကြောပေါက်တာ သို့မဟုတ် ကူးစက်ရောဂါ တစ်ခုခုခံစားနေရတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

လက်ဖဝါးနီမြန်းခြင်း
လက်ဖဝါးနီမြန်းတာ နင်းခူနာ၊ အရေပြားနီမြန်းပြီး ယောင်အန်းနာကျင်ခြင်း သို့မဟုတ် ဓာတ်မတည့်လို့ဖြစ်လာတဲ့ လက္ခဏာတစ်ခုဖြစ်နိုင်တယ်။ လက်ဖဝါးပေါ် အဲဒီလိုပြောင်းလဲမှုတွေဟာ ပင်ပန်းမှုဒဏ် သို့မဟုတ် အသည်းရောဂါလက္ခဏာတစ်ခုခုဖြစ်နိုင်ပါတယ်။

မျက်ခုံးမွေးကျွတ်ခြင်း
ရုတ်တရက် မျက်ခုံးမွေးကျွတ်တာ thyroid, hyperthyreose or hypothyreose နဲ့ ဆက်စပ်ပြသနာတွေရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။

လက်သည်းပြောင်းလဲမှုဖြစ်ခြင်း
လက်သည်းတွေက သင့်ဇီဝကမ္ပဖြစ်စဉ် အခြေအနေကို များစွာ ပြောပြနိုင်ပါတယ်။ လက်သည်းမှာ ဖြစ်ပေါ်တဲ့ပြောင်းလဲမှုတွေဟာ မရေမတွက်နိုင်တဲ့ ရောဂါတွေကို ဖော်ပြခြင်းဖြစ်ပါတယ်။ ပါးလွှာပြီး အက်ကွဲတဲ့ လက်သည်းတွေဟာ မျိုးရိုးဗီဇက အမွှေဆက်ခံတာဖြစ်နိုင်ပါတယ်။ သို့ပေမယ့် ခန္ဓာကိုယ်မှာ ကယ်လ်စီယမ်ချို့တဲ့မှုကို ဖော်ပြထာလည်းဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဂရင်း (thyroid gland) ပုံမှန်အလုပ်မလုပ်တာ လက်သည်းမှာ ပြောင်းလဲမှုတွေဖြစ်စေနိုင်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top