အအေးမိခြင်းကို ကာကွယ်ဖို့ ...
အခုအချိန်ဆိုရင် မိုးရာသီကို ရောက်ရှိလာပြီ ဖြစ်လို့ သာမန် အအေးမိတာလောက်က ဒီရာသီမှာ ဖြစ်ရိုး ဖြစ်စဉ် ကျန်းမာရေး အသေးစား ပြဿနာ တစ်ခု ဖြစ်လာပါတယ်။ အအေးမိတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ လက္ခဏာတွေ ကတော့ ခေါင်းကိုက်ခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ အဖျားရှိခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်း၊ မျက်စိ ယားယံခြင်း၊ လည်ချောင်းနာခြင်း စသည်တို့ ဖြစ်ကြပါတယ်။
သာမန် အအေးမိတာကို ပျောက်ကင်းအောင် လုပ်ဖို့က ဆေးခန်း သွားနေစရာတောင် မလိုပါဘူး။ မီးဖိုချောင်သုံး အစား အစာတွေက ဆေးတစ်ခွက် ဖြစ်နေတယ် ဆိုတာ အောက်မှာ ရေးသားထားတဲ့ နည်းလမ်းလေးတွေကို ဖတ်ကြည့်လိုက်ပါဦး။
၁။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူရဲ့ဘတ်တီးရီးယား ပိုးမွှား ဖယ်ရှားပေးနိုင်တဲ့ အစွမ်းကတော့ အအေးမိတာကို ပျောက်ကင်းစေတဲ့ နေရာမှာ အသုံး ၀င်လာပါတယ်။
- ပထမနည်း ကတော့ ကြိတ်ချေထားတဲ့ ကြက်သွန်ဖြူ တစ်မွှာရယ်၊ ရှောက်ရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ငရုတ်သီးမှုန့် လက်ဖက်ဇွန်း တစ်ဝက်တို့ကို ရောစပ်ပြီး အအေးမိတာ ပျောက်ကင်းတဲ့ အထိ နေ့စဉ်သောက်ပါ။
- ဒုတိယနည်းက ကြက်သွန်ဖြူ ငါးမွှာကို လှီးဖြတ်ပြီးရေ တစ်ခွက်နဲ့ ပြုတ်ပြီး ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ရောပါ။ ၄င်းကို တစ်နေ့လျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိ သောက်ပါ။
- တတိယနည်းက ကြက်သွန်ဖြူ အစိမ်းလိုက် စားနိုင်ပါတယ်။
၂။ ပျားရည်
ပျားရည်က လည်ချောင်းနာခြင်းကို ကုသပေးရုံ သာမက အအေးမိခြင်းကိုလည်း သက်သာ စေပါတယ်။
- အရိုးရှင်းဆုံး နည်းလမ်းကတော့ ပျားရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနဲ့ ရှောက်ရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ကို ရောပြီး ဖျော်သောက်တာပဲ ဖြစ်ပါတယ်။ လည်ချောင်းနာခြင်းနဲ့ အအေးမိခြင်း တို့အတွက် ပိုမို ထိရောက်စေချင်ရင် နှစ်နာရီခြား တစ်ခါ သောက်ပေးပါ။
- ပျားရည် တစ်ဇွန်းကို ဒီတိုင်းလည်း သောက်နိုင်ပါတယ်။
၃။ ချင်း
ချင်းက သာမန် အအေးမိတာကို ကုသတဲ့ နေရာမှာ လွန်စွာ အထောက်အကူ ဖြစ်စေပါတယ်။
- ချင်းကို အစိမ်းလိုက်လည်း စားနိုင်သလို၊ ချင်းပြုတ်ရည် ကိုလည်း တစ်နေ့ကို အကြိမ်များစွာ သောက်နိုင်ပါတယ်။ ဂျင်းပြုတ်ရည်ကို ပိုပြီး ထိရောက်မှု ရှိစေချင်တယ် ဆိုရင် ၄င်းထဲသို့ ရှောက်ရည်နှင့် ပျားရည် ထည့်သောက်နိုင်ပါတယ်။
- ချင်းအနှစ်နဲ့ ကြက်သွန်ဖြူ အနှစ်တို့ကို ဆားနှင့် ရောကာ တစ်ခါစား လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် တစ်နေ့လျှင် နှစ်ကြိမ် စားသုံးပေးပါ။
၎။ ကြက်စွပ်ပြုတ်
ကြက်စွပ်ပြုတ်မှာ အာဟာရ ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ်တွင်း ကိုယ်ခံအား စနစ်ကို မြှင့်တင် ပေးနိုင်ပါတယ်။ အအေးမိခြင်းကို သက်သာစေတဲ့ အပြင်၊ နေမကောင်းဖြစ်လို့ နွမ်းနယ်နေတဲ့ ခန္ဓာကိုယ်ကိုလည်း အင်အား ပြန်လည် ပြည့်စေပါတယ်။
၅။ ငရုတ်ကောင်း
ငရုတ်ကောင်းက အအေးမိလို့ ဖြစ်တဲ့ ဝေဒနာတချို့ကို သက်သာစေပါတယ်။
- သင်ဟာ နှာစေးနေတယ်ဆိုရင် သင်စားတဲ့ အစာထဲကို ငရုတ်ကောင်း ထည့်စားပါ။ သို့မဟုတ် ရေထဲတွင် ငရုတ်ကောင်းမှုန့် ထည့်ပြီး အာလုတ်ကျင်းပါ။
- အကယ်လို့ ငရုတ်ကောင်းကို မစားချင်ဘူးဆိုရင် တစ်နေ့လုံး ငရုတ် ကောင်းရှူ ပေးတာကလည်း အကျိုး ကျေးဇူးရှိပါတယ်။
Credit :The Messenger
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...