iMyanmarHouse.com - Best Property Website for Myanmar
×









ဒီနေ့ခေတ်မှာ မိန်းကလေးတွေက ခေတ်ပေါ် အလှပြင် ပစ္စည်းတွေနဲ့ သူတို့ အလှအပကို ထိန်းသိမ်း နေကြပါပြီ။ ဒါပေမဲ့ အမြဲတမ်း အလှပြင် ပစ္စည်းတွေ အပေါ် မှီခို မနေသင့်ပါဘူး။ ဒါကြောင့် ဓာတုပစ္စည်းတွေ ပါဝင်တဲ့ အလှကုန်ပစ္စည်း တွေကနေ ခဏ ခွဲထွက်ပြီး အကုန်အကျလည်း သက်သာ၊ ဘေးထွက် ဆိုးကျိုးလည်း မရှိတဲ့ မီးဖိုချောင်ထဲက စားစရာတွေနဲ့ အလှအပ ထိန်းသိမ်းနည်းတွေကို ဖော်ပြ လိုက်ရပါတယ်။

၁။ ထောပတ်သီးနှင့် ရှောက်ရည်
သင့်ဆံသားကို ပြန်လည် ကျန်းမာလာစေပြီး တောက်ပလာစေဖို့ ဒီထောပတ်သီးနဲ့ ရှောက်သီးက အကူအညီ ပေးပါလိမ့်မယ်။ ထောပတ်သီး အသားတွေရယ်၊ ရှောက်ရည် တစ်ဇွန်း၊ ဆား လက်ဖက်ရည် ဇွန်းတစ်ဝက်နဲ့ ရှားစောင်း လက်ပတ် တစ်ဇွန်းတို့ကို ခွက်တစ်ခုထဲတွင် ရောပါ။ ထို့နောက် ဆံပင်ကို လိမ်းပေးပြီး မိနစ် (၃၀) ခန့်ထား ပြီးနောက် ရေဆေးချပါ။

၂။ စတော်ဘယ်ရီသီး။
သင့်သွားတွေကို စတော်ဘယ်ရီနဲ့ မုန့်ဖုတ်ဆိုဒါတို့က ဖြူဖွေး တောက်ပအောင် စွမ်းဆောင် ပေးနိုင်ပါတယ်။ စတော်ဘယ်ရီသီး အချို့ကို မုန့်ဖုတ်ဆိုဒါ လက်တစ်တို့နဲ့ ခွက် တစ်ခုထဲတွင် ချေပါ။ ထို့နောက် ခါတိုင်း သွားတိုက်ဆေးကို သုံးသလို ထိုစတော်ဘယ်ရီ အနှစ်ဖြင့် သွားတိုက်ပါ။

၃။ ပန်းသီး ရှာလကာရည် (apple cider vinegar) ။
နေပူထဲမှာ အချိန် အကြာကြီး နေမိလို့ နေလောင်သွားတဲ့အခါ သင့်ချိုးရေထဲမှာ ပန်းသီး ရှာလကာရည် တစ်ခွက် ထည့်ပြီး ရေချိုးတာက အရေပြားနာကျဉ် နီမြန်းနေတာကို သက်သာစေပါတယ်။

ဒါ့အပြင် ကြွက်နို့ကိုလည်း ဖယ်ရှား ပေးနိုင်ပါတယ်။ ပန်းသီး ရှာလကာရည်ကို ၀ါဂွမ်းဖြင့် တို့ပြီး ကြွက်နို့ပေါ်ကို တိပ်နဲ့ထိန်းပြီး ကပ်ထားပေးလိုက်ပါ။

၎။ ပျားရည်။
ပျားရည်စစ်စစ်က အသားအရေ အတွက် ဆေးတစ်ခွက်ပါ။ ပျားရည်က အရေပြားပေါ်က မှိုတို့၊ မကောင်းတဲ့ ကူးစက် ဘက်တီးရီးယားတွေကို ရှင်းပစ်နိုင်ပါတယ်။ ပျားရည်ကို မျက်နှာနဲ့ လည်ပင်းမှာ လိမ်းပြီး ငါးမိနစ်ခန့်ထားပြီး ရေဆေးပါ။

၅။ ကြက်သွန်ဖြူ။
ကြက်သွန်ဖြူ အနံ့က မွှေးချင်မှ မွှေးပေမယ့် ၄င်းကို ဆံသားရှင်သန် သန်စွမ်းဖို့ ရာစုနှစ်ပေါင်းများစွာ ကတည်းက အသုံးပြု ခဲ့ကြပါတယ်။ ကြက်သွန်ဖြူ နှစ်မွှာကို ချေမွှပြီး အုန်းဆီနဲ့ အပူပေးပါ။ အအေးခံ ပြီးနောက် ထိုအနှစ်ကို ဦးရေပြားမှာ လိမ်းပေးခြင်းဖြင့် ထူထဲ ကျန်းမာတဲ့ ဆံပင်ကို ရရှိမှာ ဖြစ်ပါတယ်။

၆။ ဂရိတ်ဖရုသီး။
ဗောက်ထလို့ စိတ်ညစ်နေရင် ဂရိတ်ဖရုသီးက ကုသ ပေးနိုင်တယ် ဆိုတာ မမေ့ပါနဲ့။ ဂရိတ်ဖရုသီး တစ်ဇွန်း၊ အုန်းဆီ လေးဇွန်းနဲ့ ရှောက်ရည် နှစ်ဇွန်းတို့ကို ရောပါ။ ထိုအနှစ်ကို ဦးရေပြားကို လိမ်းပြီး မိနစ် (၂၀) ခန့် ထားထားပါ။ ဒီနည်းက ဗောက်ထခြင်းကို များစွာ သက်သာစေနိုင်ပါတယ်။

၇။ သင်္ဘောသီး။
သင်္ဘောသီးက အရေပြားဆဲလ် အသေတွေကို ဖယ်ရှားပေးနိုင်ပြီး အသားအရေကို စိုပြည်စေပါတယ်။ သင်္ဘောသီး အသားကို ပျားရည်တစ်ဇွန်းဖြင့် နယ်ပြီး မျက်နှာကို ပေါင်းတင်နိုင်ပါတယ်။

၈။ အုန်းဆီ။
တစ်နေ့တာရဲ့ မိတ်ကပ်တွေကို ညင်သာစွာ ဖျက်ဖို့က အုန်းဆီ အနည်းငယ်ပဲလိုတာပါ။ အုန်းဆီကို လက်နဲ့ ယူပြီး ဖျက်ရုံပါပဲ။ ဘယ်မိတ်ကပ်ကိုမဆို ဖျက်နိုင်ပါတယ်။ မျက်တောင်ကော့ဆေး ကိုတောင် ဖျက်နိုင်ပါတယ်။

Credit : Messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top