iMyanmarHouse.com - Best Property Website for Myanmar
×










နွေရာသီ ရောက်လာသည်နှင့် ကမ်းခြေ မှာ လိုအပ်သည်ထက် အချိန်ဖြုန်းမိခြင်းကြောင့် နေလောင်သည့် အန္တရာယ်ကို ခံစား ကြရသည်။နေရောင်ထဲတွင် အချိန် အကြာကြီး ဖြုန်းမိပါက သတိပေးနိုင်မည့် အာရုံခံ ကိရိယာများ တပ်ဆင်ထားသည့် ရေကူးဝတ်စုံကို ပြင်သစ်ကုမ္ပဏီ တစ်ခုမှ တီထွင် လိုက်သည်။

အဆိုပါ အာရုံခံ ကိရိယာက နေရောင်ထဲတွင် ရှိနေချိန် ကြာလာပြီး နေမလောင်သွားခင် ကာကွယ်နိုင်ဖို့ ဖုန်းကို လှမ်းအချက်ပေး သွားမည်ဖြစ်သည်။

“Bikini connecte ” ဟုခေါ်သည့် ၀တ်စုံကို ပြင်သစ် အရှေ့ပိုင်း မော်ဟောက်စ် မြို့မှ စပိုင်နလီ ဒီဇိုင်းကုမ္ပဏီမှ တီထွင် ထုတ်လုပ် ခဲ့ခြင်း ဖြစ်သည်။ နေရောင်အောက်တွင် နေပြီး ပုစွန်တုပ်လို ဖြစ်သွားသည့် သူများကို တွေ့ပြီးနောက် ရုတ်တရက် စိတ်ကူး ရပြီး တီထွင် ခဲ့ခြင်း ဖြစ်ကြောင်း စပိုင်နလီ ဒီဇိုင်း ကုမဏီ အကြီးအကဲမှ ပြောကြား ခဲ့သည်။

ဝယ်သူ စိတ်ကြိုက် ပြုလုပ်ပေးမည့် ၀တ်စုံ တစ်စုံလျှင် (၁၆၇) ဒေါ်လာမှ စပြီး ရောင်းချ ပေးသွားမည်ဟု သိရသည်။ ၀တ်စုံ၏ အရှေ့ပိုင်းတွင် ပါးလွှာသည့် ရေစိုခံ အာရုံခံ ကိရိယာ ထည့်သွင်း ထားပြီး မတပ်ထားချင် ပါကလည်း ဖယ်ရှားပစ်နိုင်ကြောင်း၊ ကမ်းခြေတွင် ရေကူးစဉ် တပ်ဆင်ထား သော်လည်း အန္တရာယ် မရှိနိုင်ကြောင်း သိရသည်။

အဆိုပါ အာရုံခံကိရိယာကို စတင် အသုံးပြုရန် အသုံးပြုသူ အနေဖြင့် ပူးတွဲ ပါရှိသည့် အပလီကေးရှင်းတွင် အသားအရေ အမျိုးအစားကို ထည့်သွင်း ထားရမည် ဖြစ်ပြီး iOS နဲ့ Android မှာပါ အသုံးပြု နိုင်ကြောင်း သိရသည်။

အဆိုပါ ၀တ်စုံကို မေလတွင် စတင် ရောင်းချ ခဲ့ပြီး ကုမ္ပဏီ ၀က်ဘ်ဆိုက်ဒ်တွင် ၀ယ်ယူ ရရှိ နိုင်ကြောင်း၊ ကုမ္ပဏီ အနေဖြင့် ကလေးဝတ် ၀တ်စုံများကိုလည်း ဇွန်လတွင် စတင် ရောင်းချ သွားရန် စီစဉ် နေကြောင်း သိရသည်။

Credit : messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top