iMyanmarHouse.com - Best Property Website for Myanmar
×












 တောင်ကိုရီးယားရော့ခ် ဂီတအဖွဲ့ CNBLUE သည် ၂၀၁၅ ဒုတိယနှစ်ဝက်အတွင်း အဖွဲ့လိုက်အနုပညာလှုပ်ရှားမှု ပြန်လည် စတင်မည်ဟု ယင်းအဖွဲ့ဝင် ဂျန်းယောင်ဟွာကပြောသည်။

ဂျန်းယောင်ဟွာသည် တိုင် ပေမြို့၌ ပြုလုပ်မည့် တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် ပြင်ဆင်ရန် ဇွန်လ ၁၉ ရက်တွင် တိုင်ပေသို့ရောက်ရှိခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ ယင်းသတင်းစာရှင်းလင်းပွဲတွင် မီဒီယာများက CNBLUE အဖွဲ့၏အနာ ဂတ်အစီအစဉ်များကို မေးမြန်းခဲ့၍ ဂျန်းယောင်ဟွာက ယခု ကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

သရုပ်ဆောင်  အဆိုတော် တစ်ဦးဖြစ်သော ယောင်ဟွာက တစ်ကိုယ်တော်အနုပညာ လှုပ်ရှားမှုများပြီးနောက် CNBLUE အဖွဲ့၏ အနုပညာလှုပ်ရှားမှုများပြန်လည်စတင်မည်ဟုဆိုသည်။အဖွဲ့လိုက်အနုပညာ လှုပ်ရှားမှုကို ယခုနှစ်ဒုတိယနှစ်ဝက်အတွင်းပြန်လည်စတင်ရန် မျှော်လင့်ထားသည်ဟု ယောင်ဟွာကပြော ကြားသည်။

အဖွဲ့လိုက်အနုပညာလှုပ် ရှားမှုများအပြင် ကမ်းလှမ်းခံထား ရသော ဒရာမာဇာတ်လမ်းတွဲ အချို့ကိုလည်း သုံးသပ်မှုများရှိ နေသည်ဟု ယောင်ဟွာကပြော သည်။ ထို့အပြင် ၎င်းသည် SBS ရုပ်သံလိုင်း၏ Running Man အစီအစဉ်တွင် ထပ်မံပါဝင်ရန်စိတ်အားထက်သန်နေသည်ဟု ယောင်ဟွာကပြောကြားသည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top