တောင်ကိုရီးယား ယောက်ျားလေးအဆိုရှင်များ အဖွဲ့ JYJ မှ အဖွဲ့ဝင် ပတ်ယူချန်း သည် လာမည့်ဩဂုတ်တွင် စစ်မှု ထမ်းတော့မည်ဖြစ်သည်။
‘‘ပတ်ယူချန်းဟာ
ဩဂုတ် ၂၇ ရက်မှာ စစ်မှုစထမ်းပါမယ်။ တခြားအခြေအနေအသေးစိတ် ကိုတော့
မသိရသေးလို့ ပြောဖို့ ခက်နေပါတယ်’’ဟု JYJ အဖွဲ့ အေဂျင်စီ C-Jes
Entertain-ment က မေလ ၃၂ ရက်တွင် ပြောသည်။
ကေပေါ့ပ်ကြယ်ပွင့်နှင့်
ကေဒရာမာကြယ်ပွင့်တစ်ဦးဖြစ် သူ ပတ်ယူချန်းသည် ကင်ဂျယ် ဂျွန်းပြီးနောက်
စစ်ထဲဝင်သည့် ဒုတိယမြောက် JYJ အဖွဲ့ဝင်ဖြစ် သည်။ JYJ အဖွဲ့ဝင်
ကင်ဂျယ်ဂျွန်းသည် ပြီးခဲ့သည့် မတ်လ ၃၁ ရက်ကစ၍ စစ်မှုထမ်းတာဝန်
ထမ်းဆောင်နေသည်။
အသက် (၂၈)နှစ်အရွယ် ပတ်ယူချန်းသည် စစ်မှုထမ်း
တာဝန်မစတင်မီ ပရိသတ်များနှင့် တွေ့ဆုံနှုတ်ဆက်မှုပွဲများပြုလုပ် မည်ဟု
မျှော်လင့်ထားသည်။ ယူချန်းသည် မေလ ၃၀ ရက်နှင့် ၃၁ ရက်များတွင်
ဆိုးလ်မြို့ရှိ ကိုရီး ယားတက္ကသိုလ်၌ ပရိသတ်တွေ့ ဆုံပွဲပြုလုပ်ခဲ့သည်။
Credit: 7 Day Daily
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
စစ်မှုထမ်းတော့မယ့် JYJ အဖွဲ့ဝင် ပတ်ယူချန်း
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။