iMyanmarHouse.com - Best Property Website for Myanmar
×














 တောင်ကိုရီးယား မင်းသမီး ဟန်ဟေဂျင်း၏ ရင်သပ်ရှုမောဖွယ် ကိုယ်ဝန်ဆောင် အလှဓာတ်ပုံများကို Marie Claire မဂ္ဂဇင်းက  ဇွန် ၁၂ ရက်တွင် ထုတ်ဖော်ပြသခဲ့ပြီး ဟန်ဟေဂျင်းနှင့် ခင်ပွန်းဖြစ်သူတို့ နှစ်ဦး အတူရိုက်ထားသည့် ဓာတ်ပုံများကိုလည်း ထုတ်ဖော်ပြသခဲ့သည်။

ဟန်ဟေဂျင်း ကိုယ်ဝန်ရှိနေသည့် သတင်း ဖေဖော်ဝါရီလကတည်းက ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း ဟန်ဟေဂျင်းသည် မိခင်ဖြစ်သူနှင့်အတူ နေထိုင်ခဲ့သည်။ ယင်းနောက် ဟန်ဟေဂျင်းသည် ခင်ပွန်းဖြစ်သူနှင့်အတူ ဧပြီလက အင်္ဂလန်နိုင်ငံသို့ ခရီးထွက်ခဲ့ပြီး မေ ၂၂ ရက်က ကိုရီးယားနိုင်ငံသို့ ပြန်လာခဲ့သည်။ ဟန်ဟေဂျင်းနှင့် ကီဆောင်ယောင်တို့သည် ကလေးမွေးဖွားမည့် စက်တင်ဘာလအထိ ကိုရီးယားနိုင်ငံတွင် နေထိုင်သွားမည် ဖြစ်သည်။

အဆိုပါ ဓာတ်ပုံများသည် ဟန်ဟေဂျင်းနှင့် ကီဆောင်ယောင်တို့ အင်္ဂလန်နိုင်ငံ ဆွမ်ဆီးမြို့သို့ အလည်ပတ်ခရီးထွက်စဉ် Marie Clarie မဂ္ဂဇင်းက ရိုက်ယူခဲ့သော ဓာတ်ပုံများ ဖြစ်သည်။ဓာတ်ပုံတွင် ၎င်းတို့နှစ်ဦး ပျော်ရွှင်နေပုံများနှင့် ကိုယ်ဝန်ရှိနေသော်လည်း ဟန်ဟေဂျင်း၏ ပြောင်းလဲမသွားသောအလှတရားကို တွေ့မြင်ရသည်။

အသက် ၃၄ နှစ်အရွယ်ရှိ ဟန်ဟေဂျင်းနှင့် ခင်ပွန်းဖြစ်သူ အသက် ၂၆ နှစ်အရွယ်ရှိ ကီဆောင်ယောင်တို့သည် ၂၀၁၃ ခုနှစ် ဇူလိုင်လက လက်ထပ်ခဲ့ကြသည်။ ကီဆောင်ယောင်သည် ဆွမ်ဆီအေဖက်စီ ဘောလုံးအသင်းမှ ကြေးစား ကစားသမား တစ်ဦး ဖြစ်သည်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top