iMyanmarHouse.com - Best Property Website for Myanmar
×










တောင်ကိုရီးယား မိန်းကလေးအဆိုရှင်များအဖွဲ့ A Pink သည်လာမည့်ဇူလိုင်တွင် တေးအယ်လ်ဘမ်သစ်ထွက်မည်ဟု တရားဝင်ကြေညာသည်။ A Pink အဖွဲ့သည် အယ်လ်ဘမ်သစ်ကြော်ငြာဓာတ်ပုံနှစ်ပုံကို ဇွန်လ ၂၉ ရက်တွင် ၎င်းတို့၏တရားဝင်လူမှုမီဒီ ယာများက ဖော်ပြပေးခဲ့သည်။ ယင်းဓာတ်ပုံများနှင့်အတူ A Pink အဖွဲ့သည် ဇူလိုင် ၁၆ ရက်တွင် Pink Memory အမည်ရှိ အယ်လ်ဘမ်ထွက်ရှိမည်ဟု ကြေညာခဲ့သည်။

Pink Memory အယ်လ်ဘမ်သည်ရှစ်လခန့်အကြာတွင် ပြန်လည်စတင်မည့် A Pink အဖွဲ့၏ အနုပညာလှုပ်ရှားမှုဖြစ်သည်။A Pinkအဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာတွင် ပဉ္စမမြောက်အယ်လ်ဘမ်LUV ထွက်ရှိခဲ့သည်။ A Pinkအဖွဲ့၏ ယခင် အယ်လ်ဘမ်များမှာအလွန်အောင်မြင်ခဲ့၍ လာမည့်အယ်လ်ဘမ်ကိုလည်း အထူးဂရုစိုက်တင်ဆက်ထားကြောင်းနှင့် ယင်း အယ်လ်ဘမ်မှာ ပြည့်စုံကောင်း မွန်သော အယ်လ်ဘမ်ဖြစ်ကြောင်းအဖွဲ့၏အေဂျင်စီကပြောသည်။

၂၀၁၁ တွင် ကေပေါ့ပ်လောကသို့ စတင်ခြေချခဲ့သော A Pinkအဖွဲ့သည် လက်ရှိတွင် တေးဂီတထူးချွန်ဆု ၂၀ ကျော်နှင့် တေးဂီတအစီအစဉ်များက ချီးမြှင့် သောဆု ၂၅ ဆုရရှိထားသည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top