iMyanmarHouse.com - Best Property Website for Myanmar
×









ရှေးရိုးစွဲကျန်ရစ်နေသေးတဲ့အယူအဆတွေကို ဆက်လက်ထိန်းသိမ်းနေထိုင်လျှက်ရှိတဲ့ မော်ရိုကိုနိုင်ငံ ဖျော်ဖြေရေးခရီးစဉ်အတွင်းမှာ အသက် ၄၅ နှစ်အရွယ် ကမ္ဘာကျော်အဆို တော် ဂျနီဖာလိုးပတ်က သူမရဲ့ခန္ဓာကိုယ်ကောက်ကြောင်း နဲ့အရေပြားအသားစိုင်တွေ ကိုလှစ်ဟပြပြီး ဆက်စီကျတဲ့ကကွက်များ ကပြတင်ဆက်ခဲ့တာကြောင့် ထောင်ဒဏ် ၂နှစ်ကျခံရဖို့ အရေးနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

မြို့တော် ရက်ဘက်မှာကျင်းပခဲ့တဲ့ ဖျော်ဖြေရေးအတွင်းမှာ သူမနဲ့အကအဖွဲ့ဝင်တို့က မလုံ့တလုံအဝတ်အစားတွေ ဝတ်ဆင်ထားကြပြီး မသင့်တော်တဲ့ရိုင်းပြတဲ့ ဆက်စီ ကကွက်တွေကပြကြတဲ့အတွက် အများပြည်သူရှေ့အမြင်မတော်လေးစားမှုမရှိပဲ အမျိုး သမီးထုနဲ့ လူထုကို ရိုင်းပြစော်ကားသလိုဖြစ်နေတယ်လို့ နိုင်ငံအာဏာပိုင်အသိပညာ ပေးအဖွဲ့အစည်းက ရှုံ့ချပြောဆိုထားပါတယ်။

ထို့အတွက်ကြောင့် နိုင်ငံ့ရဲ့ဥပဒေအရလည်း ဘယ်လိုမှခွင့်ပြုလက်ခံနိုင်ခြင်းမရှိတဲ့ သူမ ရဲ့ ဒီဖျော်ဖြေရေးအစီအစဉ်ကို နိုင်ငံပိုင်ရုပ်သံမှာတိုက်ရိုက်ထုတ် လွှင့်ပြသခြင်းကိုချက် ချင်းရပ်တန့်ပစ်ရန် ဆက်သွယ်ရေးဝန်ကြီး မက်စတာဖာ ကာလစ်ဖီက အသိပေးလိုက် ပြီးရိုင်းပြစွာတင်ဆက်ခဲ့တဲ့ အဆိုတော်ကိုလည်း တရားဥပဒေ စည်းမျဉ်းစည်းကမ်းတွေ အရ အရေးယူသွားဖို့စီစဉ်နေကြောင်း ဆိုပါတယ်။

Credit: ဖိုးသူတော်

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top