iMyanmarHouse.com - Best Property Website for Myanmar
×











တက်တူးထိုးထားတဲ့ အမျိုးသမီးတွေဟာ ဆွဲဆောင်မှုရှိတယ်လို့ မြင်တဲ့ Angelina Jolie က သူမကိုယ်တိုင်လည်း တက်တူးချစ်တဲ့သူဆိုတာ အထူးပြောစရာမလိုအောင်ကို သူမခန္ဓာကိုယ်ပေါ်က တက်တူးတွေက သက်သေပြနေပါတယ်။ Jolie ဟာ အလှအပနဲ့ ပတ်သက်ရင်ရော၊ သရုပ်ဆောင်အရည်အချင်းပိုင်းဆိုင်ရာမှာပါ ပြောစရာမရှိအောင် ပြည့်စုံလွန်းတဲ့သူဖြစ်တဲ့အပြင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ရဲ့ အထူးသံတမန် တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီလို လူတစ်ယောက်ဟာ ကျောဘက်တွေ၊ လည်ပင်းနောက်ဘက်တွေ၊ လက်တွေ၊ ခါးတွေမှာ တက်တူးတွေနဲ့ဆိုရင် သူမရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းသွားမယ်လို့ ထင်ကြပါသလား။

ဒါကို သူမကိုယ်တိုင်ကတော့ တက်တူးဟာ သူမပြောချင်တဲ့ အရာတွေ၊ ခံယူချက်တွေကို အသားပေါ်တင်ထားတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဟုတ်ပါတယ်။ သူမရဲ့ လည်ပင်းနောက်ဘက်က တက်တူးက gothic စာလုံးနဲ့ရေးထားတဲ့ "Know Your Rights"ဆိုတဲ့ စာသားလေးပါ။ ဒီတက်တူးကို ကြည့်ခြင်းအားဖြင့် Jolie ဟာ လူအခွင့်အရေးကို ဘယ်လောက်တန်ဖိုးထားကြောင်း သင်တန်းသိနိုင်ပါလိမ့်မယ်။

သူမရဲ့ အခြားသောတက်တူးတွေထဲမှာ သူမရဲ့မွေးစားထားတဲ့ သားသမီးတွေရော၊ အရင်းအချာတွေအတွက်ပါ ထိုးထားတဲ့ တက်တူးတွေလည်း ရှိနေပါသေးတယ်။ တစ်ချို့တက်တူးတွေက ထိုင်းစတိုင်နဲ့ ထိုးထားတဲ့ တက်တူးတွေဖြစ်ပါတယ်။ ထိုင်းစတိုင်ထိုးထားတဲ့ တက်တူးကိုတော့ ထိုင်းက တက်တူးဆရာ Noo Sompong Kanhphaiin က ထိုးပေးထားတာပါ။ သူကိုယ်တိုင်ထပ်ထိုးပေးထားတဲ့ နောက်ထပ်အရုပ်ကတော့ သူမကျောပေါ်က ကျားရုပ်ကြီးပါပဲ။ ဒီကျားရုပ်ကြီးကိုတော့ ၂၀၀၄ခုနှစ်က ထိုးခဲ့တာလို့ သိရပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top