iMyanmarHouse.com - Best Property Website for Myanmar
×














သစ္စာရှိပြီး ယောင်္ကျားကောင်းပီသသူတွေ အကြောင်းကို ကြည့်လိုက်ကြရအောင်နော်။

ယောင်္ကျားကောင်းတွေမလုပ်သော အချက်လေးတွေက ဘာတွေ ဖြစ်မလဲ။

၀၁. အပြင်ပိုင်းကို ကြည့်ပြီး ဆုံးဖြတ်သူ

မင်းရဲ့ဆံပင်လေး နည်းနည်းရှည်ရင်သိပ်ကောင်းမှာပဲ၊ နည်းနည်းပိန်ရင်၊ အလှပြင်တာကလည်း လိုသေးတယ်နော်။ ယောင်္ကျားကောင်းကတော့ အပြင်ပိုင်းကို ကြည့်ပြီး တောင်ပြောနောက်ပြောမလုပ်ပါ။ ယောင်္ကျားလေးက ကိုယ့်ကို ထိန်းချုပ်ဖို့ ကြိုးစားနေရင်တော့ အတူတူရှိရန်မလိုပါ။

၀၂. မိန်းကလေးရဲ့ ဖုန်းကို ခိုးကြည့်သူ

တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတွေရှိနေတယ်ဆိုရင် ဘာကိုမှ ဖုံးကွယ်ထားရန် မလိုပါ။ SMS ပဲဖြစ်ဖြစ်၊ FB ပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း ရှိသင့်ပါတယ်။

၀၃. ကိုယ့်ကိုကိုယ် ယုံကြည်ချက်မရှိလို့ အားမပေးနိုင်သူ

ယောင်္ကျားကောင်းဆိုတာ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိပြီး ကိုယ့်အတွက်ထက် သူများအတွက် ကူညီအားပေးမယ်လို့ အမြဲတွေးနေသူပါ။ သူတပါး စိတ်ဆင်းရဲအောင် လုပ်မယ်ဆိုတဲ့အတွေးနဲ့ အမြဲရှိနေသူကိုတော့ ရှောင်သင့်ပါတယ်။

၀၄. မိန်းကလေးကို တန်ဖိုးမထားသူ

ယောင်္ကျားကောင်းတွေက ကိုယ်ချစ်တဲ့ မိန်းကလေးရဲ့ တန်ဖိုးကို နားလည်နေသူပါ။ သူ့အပေါ်မှာ သစ္စာရှိရမယ်ဆိုတာကို မပြောပဲ နားလည်သူပါ။ ကိုယ့်ကို တန်ဖိုးမထား သစ္စာမရှိသူကိုတော့ သတိထားပါ။

၀၅. ကိုယ့်ထက် အမြဲ သူငယ်ချင်းအပေါင်းအသင်းကို အလေးပေးသူ

အချစ်ရေးဆိုတာ ဘဝတစ်ခုလုံးရဲ့ အချိန်နဲ့ သက်ဆိုင်တယ်လို့တော့ မဆိုလိုပါ။ ဒါပင်မဲ့လည်း ကတိတွေကို ဖျက်ပြီး သူကိစ္စကို အမြဲအလေးပေးနေသူကတော့ အချိန်အတိုင်းအတာ တခုရောက်လာရင် အကောင်းဘက်ကို ဦးတည်မှာ မဟုတ်ပါ။

၀၆. တကိုယ်ကောင်းဆန်သောသူ

သမီးရည်စားတွေကြားမှာ တိုင်တိုင်ပင်ပင်နဲ့ နားလည်မှုတွေနဲ့ ဖြတ်သန်းရမဲ့အချိန်မှာ ကိုယ်လုပ်ချင်တာတွေကိုပဲ လုပ်နေရင်တော့ ကြာလာရင် အဆင်ပြေမယ်လို့ မထင်ပါ။

၀၇. သစ္စာမရှိသောသူ

ကိုယ့်ကို ချစ်လို့ဆိုပြီး ချစ်သူတွေတောင်ဖြစ်နေမှာတော့ နောက်တစ်ယောက်ကို လိုချင်နေသာသူဆိုတာ ဘယ်လိုလူဖြစ်မလဲ။

၀၈. လူကြီး၊လူငယ် အားလုံးကို လေးစားသူ

ယောင်္ကျားကောင်းဆိုတာ လူငယ်၊လူကြီး ဘယ်သူ့ကို မဆို လေးလေးစားစား ဆက်ဆံပေါင်းသင်းတတ်သောသူ ဖြစ်ပါလိမ့်မယ်။ ဒီလို မဆက်ဆံနိုင်ရင်တော့ လူ့လောကကြီးမှာ ရှေ့ဆက်လျှောက်ရန် ခက်ခဲပါလိမ့်မယ်။

၀၉. အလုပ်ကို အချိန်ဆွဲနေသောသူ

မိသားစု ကိစ္စပဲဖြစ်ဖြစ် ပြသာနာတွေကို ချက်ချင်း မဖြေရှင်းပဲ အချိန်ဆွဲနေရင်တော့ ပြသာနာတွေက ထင်ထားတာထက် ပိုပြီးကြီးလာနိုင်သလို၊ ဖြေရှင်းမရတဲ့ အချိန်အနေအထိ ရောက်လာနိုင်ပါတယ်။

၁၀. ရန်ဖြစ်ရင် မပြီးတော့သူ

ရန်ဖြစ်ရင် ပက်ပက်စက်စက်ပြောဆိုတတ်သူ ယောင်္ကျားကတော့ ကြောက်စရာပါ။ ဒီလိုယောင်္ကျားမျိုးကို ရှောင်ရှားသင့်ပါတယ်။

Credit : Chelmo Team

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top