iMyanmarHouse.com - Best Property Website for Myanmar
×


သင့်ဘ၀မှာ သင့်ကိုကျောချမ်းထိတ်လန့် စေတဲ့ အိမ်နီးနားချင်း တစ်ယောက်များ ရှိဖူးပါလား။ သူဟာ တစ်ခုခုတော့လွဲနေတယ်ဆိုတာ သင်သတိထားမိပေမယ့် အကြမ်းဖက်တတ်တဲ့ စိတ်ဝေဒနာရှင်ဟုတ်၊ မဟုတ်ဆိုတာကိုတော့ သင်ဘယ်လိုသိနိုင်ပါ့မလဲ။ လူတစ်ယောက်ဟာ စိတ်ဝေဒနာရှင်တစ်ယောက်လားဆိုတာကို သိရှိနိုင်မယ့် နည်းလမ်းတစ်ခုကတော့ သူတို့ ရဲ့စကားပြောဆိုပုံကို သေချာနားထောင်ကြည့်ဖို့ ပါပဲ။

Cornell တက္ကသိုလ်က လေ့လာသူအဖွဲ့ တစ်ဖွဲ့ ဟာ ထောင်ကျလူသတ်သမား ၅၂ ယောက်ရဲ့ စကားပြောဆိုပုံတွေကို လေ့လာမှုတစ်ရပ်ပြုခဲ့ပါတယ်။ ဒီ ၅၂ ယောက်ထဲကမှ စိတ်ဝေဒနာရှင်လို့ သတ်မှတ်ထားတဲ့ ၁၄ ယောက်ကိုလေ့လာချက် တွေမှာ စိတ်ဝင်စားစရာရလဒ်တစ်ခုကို တွေ့ လိုက်ရပါတယ်။ သုတေသနအဖွဲ့ ဟာ လူသတ်သမားတွေကို သူတို့ ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကို အသေးစိတ်ပြောပြခိုင်းခဲ့ပြီး အသံသွင်းယူကာ အဆိုပါစကားတွေကို စာသားအဖြစ် ချရေးကြည့်ခဲ့ကြပါတယ်။ ကမ္ဘာ့စုစုပေါင်းလူဦးရေရဲ့ ၁ ရာခိုင်နှုန်းနီးပါးရှိတယ်လို့ ခန့် မှန်းတွက်ချက်ထားတဲ့ အကြမ်းဖက်စိတ်ဝေဒနာရှင်တွေဟာ သိသာတဲ့စကားပြောဆိုပုံတွေ ပြောလေ့ရှိတာကို တွေ့ ရှိရပါတယ်။

၁။ သူတို့ တွေဟာ အကြောင်းအကျိုးပြစကားလုံးတွေသုံးလေ့ရှိပါတယ်။
အကြမ်းဖက်စိတ်ဝေဒနာရှင်တွေဟာ သူတို့ ရဲ့ လူသတ်မှုအဖြစ်အပျက်တွေကို ဆွေးနွေးတဲ့အခါမှာ အမှီသမ္ဗန္ဓ စကားလုံးတွေဖြစ်တဲ့ “ဘာလို့ လည်းဆိုတော့” “ရန်၊ အတွက်၊” စတာတွေ သုံးလေ့ရှိပြီး သူတို့ ရဲ့ ပြစ်မှုဟာ ပြီးမြောက်အောင်လုပ်ဆောင်ရမယ့် ရည်မှန်းချက်ပန်းတိုင်တစ်ခုလိုမျိုး ပြောပြလေ့ ရှိပါတယ်။

၂။ သူတို့ ဟာ အစားအသောက်တွေကို အဓိကထားပြောလေ့ရှိတယ်။
အကြမ်းဖက်စိတ်ဝေဒနာရှင်တွေဟာ လူသားတွေရဲ့အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ အစား၊အသောက်၊ငွေကြေး စတာတွေတဲ့ပတ်သက်တဲ့ စကားလုံးအများအပြားကို သုံးစွဲလေ့ရှိတာကို လေ့လာသူတွေ တွေ့ ရှိခဲ့ရပါတယ်။ သူတို့ ပြစ်မှုကျူးလွန်ခဲ့တဲ့ နေ့ က စားသောက်ခဲ့တဲ့ အစားအစာ အသေးစိတ်ကို ပြောပြလေ့ရှိပြီး သူတို့ ရဲ့ သားရဲတိရစ္ဆာန်ဆန်တဲ့စိတ်အခြေအနေကို ဖော်ပြတာမျိုး ဖြစ်နိုင်ပါတယ်။

၃။ သူတို့ ဟာ “အင်း” “အဲ” စကားလုံးတွေကို အသုံးများတာကို တွေ့ ရပါတယ်။
သူတို့ ဟာ “အင်း” “အဲ” စကားလုံးတွေကို တမင်သက်သက်သဘောမျိုး သုံးလေ့ရှိပြီး Cornell ပရော်ဖက်ဆာ Jeffrey Hancock ရဲ့အဆိုအရ သူတို့ ဟာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် သူတို့ နောင်တမရဘူးဆိုတာကို မပေါ်လွင်အောင်လို့ ဖုံးဖိတဲ့အနေနဲ့  “အင်း” “အဲ”စကားလုံးတွေ သုံးတယ်လို့ ယူဆရကြောင်း ဆိုပါတယ်။

၎။ သူတို့ ဟာ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာအကြောင်းအရာတွေကို ရှောင်လေ့ရှိပါတယ်။
အကြမ်းဖက်စိတ်ဝေဒနာရှင်မဟုတ်တဲ့ ရာဇ၀တ်သမားတွေဟာ ပြစ်မှုကျူးလွန်မိပြီးချိန်မှာ ဘာသာရေးနဲ့ မိသားစုအကြောင်းအရာတွေ ပြောတတ်ကြပေမယ့် အကြမ်းဖက်စိတ်ဝေဒနာရှင်တို့ ကတော့ ဒီ အကြောင်းအရာတွေကို ရှောင်လေ့ရှိပါတယ်။

၅။ သူတို့ ဟာ စကားပြောဆိုရာမှာ အတိတ်ကာလပြကြိယာသဏ္ဍာန်နဲ့ ခဏခဏ ပြောတတ်ပါတယ်။
သင်ဟာ အတိတ်ကာလပြကြိယာပုံစံနဲ့ ပြောတာက သင့်ရဲ့စိတ်ကို ပျံ့လွင့်စေနိုင်ပါတယ်။ ဒါဟာ ရဲဝန်ထမ်းတွေအတွက်တော့ တော်တော်အသုံးဝင်ပါတယ်။“သံသယရှိသူဟာ အကြမ်းဖက်စိတ်ဝေဒနာရှင်လားဆိုတာ သိနေတာက ဥပဒေကြောင်းလမ်းအရ စုံစမ်းစစ်ဆေးမှုနဲ့ စစ်ဆေးမေးမြန်းမှုတွေအပေါ် အကျိုးအများကြီးသက်ရောက်စေနိုင်ပါတယ်” လို့ Hancock က ပြောကြားပါတယ်။

ဒီအချက်တွေနဲ့ ကိုက်နေတဲ့လူတစ်ယောက်များ သင့်အနီးနားမှာရှိနေလား။ သင်သိကျွမ်းဖူးတဲ့ လူတစ်ယောက်ယောက်မှာ ဒီ ဥာဉ်လက္ခဏာတွေ ဘယ်လောက်များ ရှိနေလဲဆိုတာ ပြန်စဉ်းစားကြည့်ပါဦး။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top