iMyanmarHouse.com - Best Property Website for Myanmar
×










ကုသိုလ်ကောင်းမှုပြုပြီး တောင်းတဲ့ဆုမှ ဆုတောင်းပြည့်တယ်။လူလေးမျိုးရှိတယ်။

၁။ကောင်းမှုလုပ်ပြီး ဆုမတောင်းတဲ့လူ။

၂။ကောင်းမှုမလုပ်ဘဲ ဆုတောင်းတဲ့လူ။

၃။ကောင်းမှုလည်းလုပ် ဆုလည်းတောင်းတဲ့လူ။

၎။ကောင်းမှုလည်းမလုပ် ဆုလည်းမတောင်းတဲ့လူ။

ဒီလူလေးမျိုးမှာ နံပါတ်ဘယ်လောက်ကို သင်အကြိုက်ဆုံးလဲ။

နံပါတ်၁က တွင်းတူးပြီး အဲဒီတွင်းမှာမနေတဲ့ကြွက်နဲ့တူတယ်။

နံပါတ်၂က တွင်းမတူးဘဲ တွင်းထဲနေချင်တဲ့ကြွက်နဲ့တူတယ်။

နံပါတ်၃က တွင်းလည်းတူးတယ်။တွင်းထဲလည်းနေတဲ့ကြွက်နဲ့တူတယ်။

နံပါတ်၎ ကတော့ တွင်းလည်းမတူး တွင်းထဲလည်းမနေတဲ့ကြွက်နဲ့တူတယ်။

ကိုယ်ကိုယ့်ကို ဘယ်လိုကြွက်ဖြစ်နေပြီလဲဆိုတာ စဉ်းစားဖို့ပါ။

တွင်းလည်းတူး တွင်းထဲလည်းနေတဲ့ကြွက်နဲ့တူတဲ့ နံပါတ်၃ လူစားမျိုးကိုပဲ ဘုရားအစရှိသော ပညာရှိသူတော်ကောင်းများက ချီးမွမ်းကြပါတယ်။

Credit : Tun Kyawswarlat

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top