iMyanmarHouse.com - Best Property Website for Myanmar
×










သင့်ရဲ့ကမ္ဘာကြီးမှာ လိုအပ်နေတဲ့ ခန္ဓာကိုယ်ကျန်းမာရေး ညီမျှဖို့အတွက် လွတ်လပ်မှုဖန်တီးရန် အသင့်ဖြစ်ပြီလား။ သင်လိုလားတောင့်တနေတဲ့ ကျန်းမာပျော်ရွင်တဲ့ဘ၀ကို ပိုင်ဆိုင်ရန်၊ မြှင့်တင်ရန် ဒီရိုးရှင်းတဲ့ နည်းလည်းတွေကို လိုက်နာကျင့်ကြံပါ။

၁. မနက်တိုင်းမနက်တိုင်း တည်တည်ငြိမ်ငြိမ်နေပါ
၅ မိနစ်ခန့် မှန်မှန်ကန်ကန်အနားယူ အပန်းဖြေခြင်းဟာ သင်ခန္ဓာကိုယ်အတွင်းမှာ ကြီးမားတဲ့ပြောင်းလဲမှု ဖြစ်ပေါ်စေပြီး တစ်နေကုန် ခွန်အားဖြစ်စေပါတယ်။ မနက်စာစားရန်၊ အညောင်းအညာဖြေရန် သို့မဟုတ် တရားထိုင်ရန် အချိန်တွေအများကြီးကျန်ပါတယ်။ နေ့စဉ်နေ့တိုင်း ပျော်ရွင်စရာဇန်မှတ်ဖွယ်မှတ်ရာကို တည်တည်ငြိမ်ငြိမ်နဲ့ စတင်လိုက်ပါ။

၂. သွားလာလှုပ်ရှားရန် အချိန်ယူပါ
အညောင်းအညာပျောက်ကင်းစေတဲ့ဟော်မုန်းဓါတ်(endorphins) ထုတ်လုပ်ရန်၊ ကူးစက်ရောဂါ ခုခံကာကွယ်မှုကို မြှင့်တင်ရန်၊ စိတ်ခံစားမှု သက်သာရန်နှင့် သင့်အားကျန်းမာသန်စွမ်းစေပြီး ကိုယ်ခန္ဓာကိုယ်အပေါ်မှာ ယုံကြည်မှုရှိစေရန် လေ့ကျင့်ခန်းလုပ်ပါ။ တစ်ပတ်အတွင်း နေ့စဉ်နေ့တိုင်း အချိန်အကြာကြီးယူပြီး လေ့ကျင့်နေစရာ မလိုတော့ပေ။ ဒါပေမဲ့ နေ့စဉ် ပုံမှန်လေ့ကျင့်ခန်းအနည်းငယ် လုပ်ဆောင်ခြင်းဟာ ရုပ်နှင့် နာမ်နှစ်ခုလုံးအတွက် အကောင်းဆုံးဆေးဝါးတစ်လက်ဖြစ်ပါတယ်။

၃. မှန်ကန်တဲ့အစားအစာ စားပါ
အလွယ်တကူပြင်ဆင် စားသောက်နိုင်တဲ့ အစားအစာများဟာ သင့်ကိုယ်ခန္ဓာသွေးများအား သကြားဓါတ်တိုး စေပြီး သဘာဝမဟုတ်တဲ့ ပစ္စည်းများက သင့်ခန္ဓာကိုယ်အတွင်းသို့ စီးဝင်ကာ သင့်အားဗိုက်ဆာစေခြင်း၊ သင်စား ပြီးသော်လည်း စိတ်မကျေနပ်ခြင်းဖြစ်စေပါတယ်။ သင့်ကျန်းမာရေးနှင့် ပျော်ရွင်မှုကို တကယ်ဂရုစိုက်တဲ့သူ ဖြစ် လျှင် မှန်ကန်တဲ့အစားအစာ၊ သန့်ရှင်းလတ်ဆတ်တဲ့အစားအစာ စားသုံးခြင်းဟာအဓိပ္ပါယ်ရှိပါတယ်။

၎. ရေ ခပ်သောက်ပါ
အလွန်မောပန်းနေတဲ့အခါ သို့မဟုတ် ခွန်အားလိုအပ်သည့်အခါ ကဖိန်းဓါတ်ပါသော သို့မဟုတ် သကြားဓါတ်ပါသော အရည်ကို ချက်ချင်းမသောက်ပါနဲ့။ ဦးနှောက်မောပန်းမူးနှောက်နေခြင်းဟာ ရေဓါတ်လိုအပ်သည့် သင်္ကေတဖြစ်ပြီး  တစ်နေကုန်ခွန်အားရှိရန် ရေများများသောက်ပါ။

၅. ခန္ဓာကိုယ်လိုအပ်ချက်ကို နားထောင်ပါ
ကျန်းမာပျော်ရွင်တဲ့သူများဟာ ခန္ဓာကိုယ်အလုပ်လုပ်ခြင်းကို ဆန့်ကျင်မဲ့အစား ခန္ဓာကိုယ်အလုပ်လုပ်ဆောင်ရန် အမြဲတစေအထောက်အပံ့ပေးကြပါတယ်။ သူတော့ဟာ ဗိုက်ပြည့်တဲ့အခါ မစားတော့ပါ။ စိတ်လွပ်လပ်မှုကို လိုအပ်တဲ့အခါ ယောဂသင်တန်းကို သွားကြပါတယ်။ ကော့တဲလ်သောက်တာမကောင်းဟု သိတဲ့အခါ သူတို့ အံဒီကော့တဲလ်ကို မထည့်တော့ပါ။ သင်နားထောင်ချင်ရင် သင်ခန္ဓာကိုယ်မှာ ပြောစရာတွေအများကြီးရှိပါတယ်။

၆. ဤဟင်းသီးဟင်းရွက်များကို နှစ်သက်ပါ
သင့်ခန္ဓာအတွက်လိုအပ်တဲ့ဟင်းသီးဟင်းရွက်များကို ထည့်မထားပါဘူး။ အရောင်အဆင်းရှိတဲ့ ဟင်းသီးဟင်းရွက်များဟာ အဟာရနှင့်ပြည့်နှက်နေပြီး သင့်ခန္ဓာသွားလာလုပ်ရှားမှုအတွက် ကောင်းမွန်စေပါတယ်။

၇. ကိုယ်ကာယလေ့ကျင့်ခန်းနှင့် ကျန်းမာရေးစက် ၀ယ်ပါ။
အရမ်းခံစားနေရတဲ့အချိန်နှင့် သင့်ရဲ့လိုအပ်ချက်တွေ ဖရိုဖရဲဖြစ်တဲ့အချိန်အထိ စောင့်မနေပါနဲ့။ အခန်းသုံးအားကစားစက်ဝယ်ပြီး အနှိပ်ခံပါ။ လိုအပ်တဲ့အချိန်မှာ ချိန်းထားတဲ့ဆရာဝန်များနှင့် သွားရောက်ပြသပါ။

၈. ကျေးဇူးစကားပြောဆိုပါ
မရှိတဲ့အရာကို အာရုံစူးစိုက်နေရင် မသိမရှိတာဘဲ ရရှိလိမ့်မယ်။ မရှိတဲ့အလုပ် သို့မဟုတ် မမြင်ချင်တဲ့ဂဏန်းတွေကို အာရုံစိုက်နေမဲ့အစား လမ္မာယာဉ်ကျေးတဲ့သူတို့ဟာ ဘ၀မှာ သူတို့ရရှိလာတဲ့ လက်ဆောင်ကြီး ကြီး ငယ် ငယ်  ကျေးဇူးစကားပြောဆိုရန် ၀န်မလေးပါ။

၉. ပြုံးမြဲတိုင်းပြုံပါ
ကျန်းမာပျောင်ရွင်နေတဲ့သူတွေအတွက် ဘ၀ဟာ မကြမ်းပါ။ သူတို့ချစ်မြတ်နိုးသူတို့နှင့် အတူနေဖို့အတွက် အချိန်ပေးတယ်။ သူတို့မသိတဲ့သူစိမ်းတွေကိုလည်း သနားကြင်နာမှုပေးရန် ၀န်မလေးဘူး။ ရယ်မောခြင်းက ကျန်းမားပျော်ရါက် အသက်ရှည်စေပါတယ်။

၁၀. ကိုယ်စိတ်နှလုံး အနားယူပါ
မောပန်းနွယ်နေတဲ့အခါ သို့မဟုတ် ပင်ပန်းနွယ်နယ်တဲ့အခါ အခြားအလုပ်တွေက်ု ဆက်မလုပ်ပါနဲ့။ ဆင်ခြင်တုံတရားနှင့်နေထိုင်ခြင်းဟာ သင့်ဘ၀ဘေးအန္တရယ်ကင်းရှင်းမှုနှင့် သက်ရှည်နေထိုင်နိုင်စေပါတယ်။ ဒါကြောင့် အိမ်မှာ ခွန်အားဖြည့်ရန် နားနေပါ။ အိပ်ချိန်ကျရောက်တဲ့အခါ ကွန်ပျူတာကိုပိတ်ပြီး အိပ်ရာဝင်ပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top