iMyanmarHouse.com - Best Property Website for Myanmar
×











ခံစားတဲ့ အလုပ်ဟာ ခံစား စိတ်ရဲ့ အလုပ်ပဲ။ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်၊ ပစ္စည်းခြောက်ခုကြောင့် ဖြစ် ပေါ်လာတဲ့ အာရုံခြောက်ပါးရဲ့ အထိ အတွေ့အကုန်လုံးကိုခံစား တယ်။ကောင်းတဲ့အရသာ၊ ကုသိုလ် အရသာတွေကို ခံစားတယ်။မကောင်းတဲ့အရသာ၊ အကုသိုလ် အရသာတွေကို ခံစားတယ်ကောင်းတာလည်း မဟုတ်၊မကောင်းတာလည်း မဟုတ်တဲ့ ခံစားမှုမျိုးလည်း ရှိတယ်။ခံစားလို့ကြိုက်ရင် ကျေနပ်တယ်။အကြိမ်ကြိမ် ခံစားတယ်။

ခံစားလို့ မကြိုက်ရင် ဒေါသ ဖြစ်တယ်။ ခံစားတဲ့ စိတ်ရဲ့ အာရုံ ဝင်စားမှု အပြင်းထန်ဆုံး ကတော့ အာရုံခြောက်ပါးရဲ ကာမဂုဏ် ကိစ္စ တွေပါ။မွေးကတည်းက ခန္ဓာကိုယ်နဲ့ အတူတူ ပါလာတဲ့ ခံစားစိတ်ဟာ စိတ် ချင်းထိတွေ့မှုကတစ်ဆင့်ဖြစ်ပေါ် လာတဲ့ စိတ်အမျိုးအစား။ဘယ်လိုအာရုံပဲ ပေါ်ပေါ်၊ ပေါ် လာတဲ့ အာရုံကို ဘယ်သူပဲ ဘယ်ဝါပဲလို့ စိတ်ကြိုက် သတ်မှတ်ပြီး ခံစားတယ်။

သဘာဝအရ ခံစားစိတ်က သူ့အ လုပ်သူ လုပ်တဲ့ နေရာမှာ ငါ ဆိုတာ မပါဘူး။ ငါခံစားတာကွလို့ သတ်မှတ်လိုက်တဲ့သူ ဆိုရင် စိတ် ဒုက္ခရောက်ကြတယ်။ ဒီခံစားစိတ်ဟာ လူအဖြစ် နဲ့ လူ့လောကထဲကိုရောက် လာကတည်းက မိခင်နဲ့ ကလေးကြားမှာ စခဲ့တာပဲ။ လူတွေ ဒုက္ခ ရောက်နေတယ် ဆိုတာ မိမိ စိတ်ထဲမှာ ခံစားမှုဖြစ် စေတဲ့ စိတ် တစ်ခု ရှိနေလို့ပဲ။မိမိစိတ်ထဲဝင်လာသမျှ စိတ် တိုင်းမှာ ခံစားမှုပါတယ်။ နူးညံ့ သိမ် မွေ့တာနဲ့ ကြမ်းတာ ပြင်းထန်တာပဲ ကွာတယ်။ စိတ်ထဲမှာ ခံစားမှု မရှိမှသာ ငြိမ်းအေးသက်သာမှာ။ခံစားမှုဟာ လောင်စာပဲ။(လောင်စာ ရှိရင်တော့ ဒုက္ခမီးက လောင်နေမှာပဲ။) ဆိုတော့ ခံစားမှု မရှိအောင်၊ အထိအတွေ့ ဆိုတဲ့ ဖဿ စေတသိက်ကို စောင့်ကြည့် သိမှတ်ပြီး ဖယ်ထုတ်မှ သက်သာ မှာ။

မှတ်သားတဲ့စိတ်ရဲ့ သဘောကို သိကြည့်ခြင်းလူ့လောကထဲကို လူအဖြစ် နဲ့ ရောက်ရှိလာတည်းက ခန္ဓာကိုယ်နဲ့ အတူတူ ပါလာတဲ့ စိတ်လေးခုထဲက မှတ်သားစိတ်။ မျက်စိနဲ့ မြင်သမျှ ဘယ်သူဘယ်ဝါလို့ မှတ်သား လိုက် တဲ့စိတ်၊နားနဲ့ကြားသမျှ အသံတွေကို မိမိ အယူအဆနဲ့ မိမိမှတ်သားလိုက်တဲ့ စိတ်၊
နှာခေါင်းက တစ်ဆင့်ရတဲ့ အနံ့ ကိစ္စကို ဘာနံ့ညာနံ့ စသဖြင့် မှတ် သားတဲ့စိတ်၊လျှာကတစ်ဆင့် ရတဲ့ အရသာကို မှတ်သားလိုက်တဲ့စိတ်၊ခန္ဓာကိုယ်ကို လာထိတဲ့ အထိ အတွေ့နဲ့ ပတ်သက်ပြီး မှတ်သား စရာရှိတာကို မှတ်သားလိုက်တဲ့စိတ်၊စိတ်အတွေးနဲ့ ပတ်သက်ပြီး မှတ်သားလိုက်တဲ့စိတ်။

အာရုံခြောက်ပါးကြောင့်ဖြစ် ပေါ်လာတာတွေကို မှတ်သားလိုက် တဲ့စိတ်မှတ်သားတဲ့ စိတ်က မှတ်တဲ့ အလုပ်ပဲ လုပ်တယ် ။မှတ်တဲ့နေရာမှာ အမှတ်မှား တာနဲ့ အမှတ်မှန်တာ နှစ်မျိုးရှိနေတယ်။ သဘာဝ အမှန် တရားတွေကို အမှန်အ တိုင်း မှတ် တာ၊အရာရာဟာ မတည်မြဲဘူး ဆိုတာကို အမှန်အတိုင်းမှတ်တာ
ခန္ဓာကိုယ်ရှိခြင်း၊ စိတ် စေတသိက် တွေရှိနေခြင်းဟာ ဒုက္ခဖြစ်စေ တယ်လို့ အမှန်အတိုင်း မှတ်တာ၊အမှတ်မှားတာ က ငါ ငါ ငါ ငါ ငါဆိုတဲ့ခေါင်းစဉ်တပ်ပြီးငါ့အဘိုး၊ ငါ့အဘွားး၊ ငါ့အဖေ၊ ငါ့အမေ၊ ငါ့ဘကြီး၊ ငါ့ဦးလေး၊ ငါ့အဒေါ်၊ ငါ့အစ်ကို၊ ငါ့အစ်မ၊ ငါ့ညီ၊ ငါ့ညီမ၊ ငါ့ကျောင်း၊ ငါ့သူငယ်ချင်း၊ ငါ့အတန်း၊ ငါ့စာအုပ်၊ ငါ့ခဲတံ၊ ငါ့စားပွဲ၊ ငါ့ဆရာမ၊ ငါ့ချစ်သူ၊ ငါ့မိန်းမ၊ ငါ့ယောက်ျား၊ ငါ့သား၊ ငါ့သမီး၊ငါ့အိမ်၊ ငါ့ကား၊ ငါ့ပိုက်ဆံ..ငါ ငါ ငါ ငါ ဆိုတာတွေပဲ။အဲဒီ ငါ ငါ ငါ ငါ ဆိုတဲ့အမှတ်မှားတာ ဘယ်တုန်းက စခဲ့တာလဲ။

Credit : popularmyanmar.com

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top